မကွေးတိုင်း၊ မြိုင်မြို့နယ် ကျောက်ခွက်ရေနံမြေရဲစခန်းမှ အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာစတစ်ဦးသေဆုံးကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ရင်း-၁ တပ်ခွဲ-၁ သည် ယနေ့(ဧပြီ၁၀ ရက်) နံနက် ၇နာရီခွဲခန့်က မြိုင်နယ်အနောက်ပိုင်းတွင် ပြည်သူကားများမှ ရိက္ခာများလုယူနေသော ကျောက်ခွက်ရေနံမြေစခန်းမှ စစ်သား ၁၅ဦးခန့်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးသွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဧပြီလ ၆ ရက်ညနေ ၆ နာရီခန့်ကမြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ နံ့သာမြေရက္ခအဖွဲ့သည် မြိုင်မြို့နယ် အရှေ့ဘက်တွင် ကင်းပုန်းဝပ်နေသော စစ်သား နှစ်ဦးအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦး သေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ အဆိုပါစစ်ဆင်ရေးများတွင် ပြည်သူ့ဘက်တော်သားရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိ ပေးသည်။
အဆိုပါစစ်ဆင်ရေးများနှင့်ပတ်သက်၍ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သို့ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement
ပြီးခဲ့သည့် ဧပြီ၂ ရက်ကလည်း God Of Myaingနှင့် Myaing PDFတို့ပူးပေါင်း၍ ဖလန်ကိုင်း ရေနံမြေ ရဲစခန်းအား လက်နက်ကြီး လက်နက်ငယ်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကြသေးသည်။


















































