Connect with us

Hi, what are you looking for?

News

ရွာငံတိုက်ပွဲ စစ်ကောင်စီဘက်မှဗိုလ်မှူးအပါအဝင်​​လေးဦး​သေ

ရွာငံမြို့နယ်မှ ပျူစောထီးခေါင်းဆောင်ဝင်းမြင့်ဦးဆောင်သောပျူစောထီးအဖွဲ့ကို သုတ်သင်ရှင်းလင်းရန်စောင့်ဆိုင်းနေစဉ် တောင်ကြီး-ရွာငံ-မန္တလေး ပြေးဆွဲသော ‌ရွှေဓနုကားဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ် ရေးမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်သည်။

(ရှမ်းတောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ စစ်ရေးလေ့ကျင့်နေစဥ်)

စစ်​ကောင်စီက ရွာအချို့ကို စစ်ကြောင်းထိုးမည့်အနေအထားဖြင့် အင်အားတိုးနေဟုဆို

ရွာငံတိုက်ပွဲတွင်အာဏာသိမ်းစစ်ကောင်စီဘက်မှ ဗိုလ်မှူးတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့သည်ဟုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အတည်ပြုချက်ထုတ်ပြန်သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်တွင်ယမန်နေ့(ဧပြီ ၉ ရက်)ညနေလေးနာရီခန့်က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလေးဦးသေဆုံးခဲ့ခြင်းဖြစ်သည်။ ကနဦးသတင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဧပြီ ၉ရက်ညက ထုတ်ပြန်ခဲ့ပြီး နောက်ဆက်တွဲကိုထပ်မံထုတ်ပြန်ခြင်းဖြစ်သည်။

(ရှမ်းတောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ စစ်ရေးလေ့ကျင့်နေစဥ်)

“စစ်ခွေးတွေ ဘယ်လောက်သေလဲဆိုတာ ကျွန်တော်တို့ထပ်စုံစမ်းကြည့်တာ။ သေတဲ့လေးယောက်ထဲမှာဗိုလ်မှုးတစ်ယောက်ပါတယ်။ အခု ရွာတွေကို အင်အားအလုံးအရင်းနဲ့ တိုးနေလို့ အရပ်သားတွေအတွက် စိုးရိမ်နေရတယ်”ဟု ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG) မှရဲဘော်တစ်ဦးက ယနေ့(ဧပြီ ၁၀ရက်) အသိပေးသည်။

Public Service Announcement

Public Service Announcement

ရွာငံမြို့နယ်မှ ပျူစောထီးခေါင်းဆောင်ဝင်းမြင့်ဦးဆောင်သောပျူစောထီးအဖွဲ့ကို သုတ်သင်ရှင်းလင်းရန်စောင့်ဆိုင်းနေစဉ် တောင်ကြီး-ရွာငံ-မန္တလေး ပြေးဆွဲသော ‌ရွှေဓနုကားဖြင့် ရောက်ရှိလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ် ရေးမဟာမိတ်အဖွဲ့က သတင်းထုတ်ပြန်သည်။

Public Service Announcement

အဆိုပါတိုက်ပွဲတွင်ရွာငံမြို့ပြပြောက်ကျားတပ်ဖွဲ့ (YUG)၊တောင်ကြီးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF)နှင့် ရှမ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(SNDF) တို့ပူးပေါင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် စစ်ကောင်စီအထိနာဆုံးသော တိုက်ပွဲလည်းဖြစ်သည်ဟုဒေသခံများကမှတ်ချက်ပြုသည်။

ထိုအပြင် ဧပြီ ၄ရက်ကလည်း ပင်းတယမြို့ အရှေ့ဘက်အထွက် ရွာငယ်တံတားဂိတ်အနီးမှ အကြမ်းဖက်စစ်ကောင်စီတပ်ကိုကလောမြို့နယ်အခြေစိုက်ပြောက်ကျား တပ်ဖွဲ့Underground Revolution – UGRအဖွဲ့က သွာရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်ကနှစ်ဦးသေဆုံးပြီး UGR ရဲဘော်နှစ်ဦးလည်း ကျဆုံးခဲ့သည်။ကျဆုံး ရဲဘော်နှစ်ဦးအတွက် ‌သွေးကြွေး ပြန်လည်ရယူမည်ဟု ပြည်သူကာကွယ်ရေးအဖွဲ့များက သစ္စာပြုပြီးနောက် ဗိုလ်မှုးတစ်ဦးအပါအဝင် လေးဦးသေဆုံးသည်အထိ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

ယခုအခါ အကြမ်းစစ်ကောင်တပ်များသည်၁လွှစင်ရွာနှင့် တောင်ပို့ကွဲနှင့် တဲ့လူရွာများတွင် အင်းအားတိုးချနေ၍ အရပ်သားများအားပစ်မှတ်ထား တိုက်ခိုက်လာမည်ကို စိုးရိမ်နေရသည်ဟု ရွာငံမြို့ခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။