Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖရူဆိုတွင် စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် KNDF သတိ​ပေး

မြို့ခံများနှင့် ပြည်သူများ အသက်အန္တရာယ်မရှိစေရေးအတွက် ယင်းကဲ့သို့ အရေးပေါ်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း KNDF ရဲဘော်တစ်ဦးက ပြောသည်။ သတိပေးချက်ကို လိုက်နာရန်လည်း KNDFက မေတ္တာရပ်ခံထားသည်။

ဖရူဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ပြည်သူများ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ရန် KNDFက အရေးပေါ် ထုတ်ပြန်လိုက်သည်။

လုံခြုံရေးဆိုင်ရာဆောင်ရွက်ချက်အရ မိဘပြည်သူလူထုများထံ အသိပေးထုတ်ပြန်ချက်ဟုဆိုကာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်တပ်ရင်း(၄)- Karenni Nationalies DefenceForce (KNDFB-04) က ယနေ့(ဧပြီ ၁၀ရက်) ထုတ်ပြန်သည်။

မြို့ခံများနှင့် ပြည်သူများ အသက်အန္တရာယ်မရှိစေရေးအတွက် ယင်းကဲ့သို့ အရေးပေါ်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း KNDF ရဲဘော်တစ်ဦးက ပြောသည်။ သတိပေးချက်ကို လိုက်နာရန်လည်း KNDFက မေတ္တာရပ်ခံထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကရင်နီပြည်နယ်အတွင်းသို့ မတ်လကုန်တွင် အင်အားတိုးချခဲ့ပြီး ဧပြီလဆန်းတွင် စစ်ကြောင်းစတင်ထိုးခဲ့သည်။

Public Service Announcement

Public Service Announcement

ဧပြီပထမလပတ်အတွင်း ဒေသတွင်းအခြေအနေကို KNDFက ထုတ်ပြန်ထားရာ အကြမ်းဖက်စစ်ကောင်စီတပ်သည် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်များရှိ ကျေးရွာများသို့ တာဝေးပစ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အရပ်သားပြည်သူနှစ်ဦးသေဆုံးကာ ခုနှစ်ဦးထိခိုက် ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်ထားသည်။ ဒီးမော့ဆိုမြို့နှင့် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ နေအိမ် ၃၅လုံးကို စစ်ကောင်စီက မီးရှို့ဖျက်စီးပြီး နေအိမ်ကိုးလုံးလည်း လက်နက်ကြီး ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များကို KNDF အပါအဝင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်နေပြီး ဒေသတွင်း စစ်ရေးဆက်လက်တင်းမာနိုင်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေး ထားသည်။

တိုက်ပွဲများနေစဥ်ဖြစ်နေ၍ လက်နက်ခဲယမ်းလိုအပ်ချက်လည်း ကြီးမားနေကြောင်း KNDFက​ ပြောပြီး ပါဝင်အားဖြည့်လိုပါကKNDF သတင်းနှင့်ပြန်ကြားရေးဌာနဖုန်းနံပတ် ၀၉-၇၉၈၀၇၇၁၇၀၊
၀၉-၄၉၅၇၂၉၃၁၊ ၀၉-၄၂၅၅၁၇၅၉၄သို့ ဆက်သွယ်နိူင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။