Connect with us

Hi, what are you looking for?

News

NUG အပါအဝင် သဝဏ်လွှာပေးပို့သော အဖွဲ့အစည်းများကို အထူးကျေးဇူး တင်ကြောင်း AA ထုတ်ပြန်

ရက္ခိုင့်တပ်တော် တည်ထောင်ခြင်း (၁၃)နှစ်မြောက်အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့သည့်အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် အဖွဲ့အစည်းအားလုံးကို အထူးကျေးဇူးတင်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (AA)က ထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၁၀ ရက်)တွင် ကျရောက်သော ရက္ခိုင့်တပ်တော် တည်ထောင်ခြင်း (၁၃)နှစ်မြောက်နေ့တွင် ညီနောင်မဟာမိတ်အဖွဲ့ဝင်များ ဖြစ်သည့် PSLF/TNLA ၊ MNTJP/MNDAA တို့အပြင် NUG သမ္မတရုံး၊ ကာကွယ်ရေးဝန်ကြီးဝန်ကြီးဌာန အပါအဝင် နွေဦးတော်လှန်ရေးမှ မွေးဖွားလာ သော တော်လှန်ရေးအဖွဲ့အစည်းအချို့တို့မှ ပေးပို့သော သဝဏ်လွှာများကို လက်ခံရရှိကြောင်း ဖော်ပြသည်။

ထို့အပြင် အထက်ပါအခမ်းအနားသို့ အမည်ဖော်ပြရန် စောနေသေးသော အဖွဲ့အစည်းအချို့ထံမှ လည်း သဝဏ်လွှာများ လက်ခံရရှိကြောင်းနှင့် သဝဏ်လွှာပေးပို့သော အဖွဲ့အစည်းများ အားလုံးကို ရက္ခိုင်ပြည်သူများကိုယ်စား အထူးကျေးဇူးတင်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(AA) က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ