Connect with us

Hi, what are you looking for?

News

NUG အပါအဝင် သဝဏ်လွှာပေးပို့သော အဖွဲ့အစည်းများကို အထူးကျေးဇူး တင်ကြောင်း AA ထုတ်ပြန်

ရက္ခိုင့်တပ်တော် တည်ထောင်ခြင်း (၁၃)နှစ်မြောက်အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့သည့်အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် အဖွဲ့အစည်းအားလုံးကို အထူးကျေးဇူးတင်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (AA)က ထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၁၀ ရက်)တွင် ကျရောက်သော ရက္ခိုင့်တပ်တော် တည်ထောင်ခြင်း (၁၃)နှစ်မြောက်နေ့တွင် ညီနောင်မဟာမိတ်အဖွဲ့ဝင်များ ဖြစ်သည့် PSLF/TNLA ၊ MNTJP/MNDAA တို့အပြင် NUG သမ္မတရုံး၊ ကာကွယ်ရေးဝန်ကြီးဝန်ကြီးဌာန အပါအဝင် နွေဦးတော်လှန်ရေးမှ မွေးဖွားလာ သော တော်လှန်ရေးအဖွဲ့အစည်းအချို့တို့မှ ပေးပို့သော သဝဏ်လွှာများကို လက်ခံရရှိကြောင်း ဖော်ပြသည်။

ထို့အပြင် အထက်ပါအခမ်းအနားသို့ အမည်ဖော်ပြရန် စောနေသေးသော အဖွဲ့အစည်းအချို့ထံမှ လည်း သဝဏ်လွှာများ လက်ခံရရှိကြောင်းနှင့် သဝဏ်လွှာပေးပို့သော အဖွဲ့အစည်းများ အားလုံးကို ရက္ခိုင်ပြည်သူများကိုယ်စား အထူးကျေးဇူးတင်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(AA) က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊သာပေါင်းမြို့နယ် နဲ့ လေးမျက်နှာမြို့နယ်အတွင်းတိုက်ပွဲတွေမှာ စစ်တပ်ကဗိုလ်မှူးအဆင့်အရာရှိတချို့ပါဝင် တပ်ဖွဲ့ဝင်အများအပြား ထိခိုက်သေဆုံးနေတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေဆီကစုံစမ်းသိရပါတယ်။

သတင်း

အနာဂတ်မှာနိုင်ငံရေး၊စီးပွားရေးမဟာမိတ်အဖြစ် ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ဟု ချင်းညီနောင်ပြော

သတင်း

စစ်တပ်ရွေးကောက်ပွဲမှာ မဲမပေးဖို့ အပါအဝင် တားမြစ်ချက် ၈ချက်ကို ချင်းပြည်ကောင်စီ ထုတ်ပြန်

သတင်း

အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုအပေါ် နှုတ်ဆိတ်နေခြင်း အဆုံးသတ်ဖို့ ၊ နိုင်/ကျဉ်းအားလုံး လွှတ်မြောက်ရေးတောင်းဆိုဖို့ နိုင်ငံတကာကို တိုက်တွန်း