Connect with us

Hi, what are you looking for?

News

မုံရွာ – အမြင့်လမ်းပိုင်းတွင် မိုးရွာ၍ မိုင်းများကွဲနေသောကြောင့် လမ်းအသုံးပြုခွင့် ယာယီပိတ်ထားကြောင်း ဒေသတွင်းမဟာမိတ် (၁၀)ဖွဲ့ ​ကြေညာ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ မုံရွာ – အမြင့်လမ်းပိုင်းတွင် မိုးရွာ၍ မိုင်းများကွဲနေသောကြောင့် လမ်းအသုံးပြုခွင့် ယာယီပိတ်ထားကြောင်း ဒေသတွင်းမဟာမိတ် (၁၀)ဖွဲ့မှ အသိ​ပေးကြေညာသည်။

(ပြီးခဲ့သည့်လပိုင်းအတွင်းက မုံရွာ-အမြင့်လမ်း၌ အကြမ်းဖက်စစ်ကောင်စီယာဥ်များ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရစဥ်။)

မုံရွာ – အမြင့်လမ်းပိုင်းအား ယနေ့(ဧပြီ ၁၁ရက်)ညပိုင်းမှ စတင်၍ မိုးရွာ၍ မိုင်းများထကွဲခြင်းများဖြစ်နေပါသဖြင့် မည်သူတစ်ဦးတစ်ယောက်မျှ ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြရန်၊ အရေးပေါ်ကိစ္စရှိမှသာလျှင် မုံရွာ-အမြင့်လမ်းအား အသုံးပြုကြပါရန် ညီနောင်မဟာမိတ်များက အသိ​ပေးသည်။

Monywa Lightning PDF. Monywa Peregrine PDF ၊Black Wolf Defence force ၊Chaung U Local Defence Force ၊ချောင်းဦးမြို့နယ် တော်လှန် ရေးတပ် Chaung U Revolution Army ၊ Farmers Revolution Force CHU ၊ Black Eagle People’s Defence Force ၊Monywa Brave Hearts MBH ၊Dragon Brother’s PDF နှင့် ဗန္ဓုလ-အဖွဲ့သားများ တို့မှ လမ်းအသုံးပြုခွင့် ယာယီပိတ်ထားကြောင်း ကြေညာ ချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထို့အပြင် လမ်းပြန်လည်အသုံးပြုခွင့်အား ထပ်မံအသိ ပေးသွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့များက ပြောသည်။

ယနေ့ နံနက်ပိုင်းက မြင်းမူနယ်အခြေစိုက် GTR-MMU အဖွဲ့က အရေးပေါ်သတိပေးကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ရာ မုံရွာ – မြင်းမူ – မန္တလေး လမ်းပိုင်းနှင့် မြင်းမူမြို့နယ်အတွင်းရှိလမ်းပိုင်းများ၊ မြို့နယ်ချင်းဆက်လမ်းပိုင်းများအား ယခုအချိန် မှ စတင်ပြီးလုံးဝ(လုံးဝ) အသုံးပြုခြင်း မပြုကြရန် ပြည်သူလူထုအား အသိပေး အကြောင်းကြားကြောင်း၊ သတိပေးချက်ကို လိုက်နာပေးခြင်းဖြင့် ကူညီပေးစေလိုကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့ရဲ့ ရပ်ကွက်အချို့မှာ မိုးရွာလိုက်တိုင်း ​ရေနှုတ်​မြောင်းမရှိတဲ့အတွက် ရေဝပ်ပြီး ရေနစ်မြုပ်​နေတာ​ကြောင့် ​နောက်ဆက်တွဲကျန်းမာ​ရေးပြသာနာ​တွေဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်​​နေကြပါတယ်။

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Facebook