Connect with us

Hi, what are you looking for?

News

ကန့်ဘလူမြို့နယ်တွင် စစ်​ကောင်စီတပ်၏ စု​ပေါင်းအဖွဲ့ကို ဝင်​ရောက်တိုက်ခိုက်ရာ ၂၀​ကျော်​သေပြီး ၁၃ဦးအရှင်ဖမ်းမိဟု PDF ​ပြော

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ၎င်းတို့၏ လက်နက်တချို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ သိမ်းဆီးရမိခဲ့ပြီး လက်နက်အများစုမှာ ပျူများကိုင်ဆောင်သည့် လက်လုပ်သေနပ်များသာဖြစ်ကြောင်း၊ စစ်သားတချို့မှာ ပျူများကိုလူသားတံတိုင်းအဖြစ်အသုံးပြုပြီးထွက်ပြေးသွားသည်ဟု ကြားသိရကြောင်း Kotaungbo Revolution KTB.Rက ဆိုသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ကားလမ်းမပေါ်တက်ပြီး ဆပ်ကြေးတောင်းသောင်းကြမ်းနေသော အကြမ်းဖက်စစ်​ကောင်စီတပ်၊ ရဲတပ်ဖွဲ့နှင့် ပျူစောထီးတို့၏ စခန်းကို ကန့်ဘလူဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးသူ၂၀ကျော်ရှိကာ အရှင်ဖမ်းမိသူ ၁၃ဦးခန့်ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ကန့်ဘလူမြို့နယ် ပင့်သာရဲစခန်းနှင့် ပင့်သာစာသင် ကျောင်းအတွင်း တပ်ချနေကြသော စစ်​ကောင်စီတပ်၊ ရဲနှင့် ပျူစောထီးများစုပေါင်းထားသော စခန်းကို ကန့်ဘလူမြို့နယ်တွင်းရှိ ဒေသခံတပ်ရင်းတပ်ဖွဲ့များနှင့် (ပကဖ) အဖွဲ့ဝင်များက ယမန်နေ့(ဧပြီ ၁၁ ရက်) နံနက် ၁နာရီခွဲခန့်က အလစ်အငိုက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း၊ စခန်းတွင်းရှိ စစ်သား၊ ရဲနှင့် ပျူစောထီး များစွာသေဆုံးကြပြီး တချို့မှာအရှင်ဖမ်းဆီးခံခဲ့ရကြောင်း ဒေသတွင်း PDF အဖွဲ့တစ်ခုဖြစ်သည့် Kotaungbo Revolution KTB.Rက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ၎င်းတို့၏ လက်နက်တချို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ သိမ်းဆီးရမိခဲ့ပြီး လက်နက်အများစုမှာ ပျူများကိုင်ဆောင်သည့် လက်လုပ်သေနပ်များသာဖြစ်ကြောင်း၊ စစ်သားတချို့မှာ ပျူများကိုလူသားတံတိုင်းအဖြစ်အသုံးပြုပြီးထွက်ပြေးသွားသည်ဟု ကြားသိရကြောင်း Kotaungbo Revolution KTB.Rက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ ၂၆ ဦးသေဆုံးပြီး ၁၃ ဦးဖမ်းဆီးရမိရာ ဖမ်းဆီးခံရသူများတွင် အမျိုးသမီးသုံး ဦးပါဝင်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပင့်သာရွာတွင်တပ်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် ကန့်ဘလူ-ကောလင်း ကားလမ်းမပေါ်တွင်သွားလာနေကြသော ကား၊ဆိုင်ကယ်များကို မလွတ်တမ်း စစ်ဆေးပြီး ဆပ်ကြေးအဖြစ် ငါးထောင်၊တစ်သောင်း၊သုံးသောင်း၊တချို့ဆိုပါက သိန်းဂဏန်းထိတောင်းပြီး အကြမ်းဖက်စစ်ဆေးနေသည်မှာ ကြာပြီဖြစ်ကြောင်း၊ ယခုကဲ့သို့တိုက်ခိုက်ခံရသည့်အတွက် ကျွန်းလှမြို့မှ စစ်သားများယနေ့နေ့လယ်တွင်ပင့်သာကျေးရွာသို့ရောက်ရှိလာပြီးသေနတ်များပစ်ဖောက်ကာနေအိမ်အချိ့ကိုဖျက်ဆီးခဲ့ကြောင်း Kotaungbo Revolution KTB.Rက ထပ်မံ​ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့များက ရိက္ခာအတွက် ဖမ်းဆီးထားသော နွားများကို‌လည်းတော်လှန်ရေးတပ်ဖွဲ့ဝင်များက ကြိုးများဖြေ၍ လွှတ်ပေးထားခဲ့ကြောင်း KTB.Rက ဆိုသည်။

အခင်းဖြစ်ရာနေရာသည် ကျွန်းလှ – ကောလင်း လမ်းမပေါ် ချပ်သင်းကျေးရွာ နှင့် ပင့်သာကျေးရွာကြားတွင် တည်ရှိပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများကြောင်း Chatthin Revolution CTR အဖွဲ့က ပြောသည်။

အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်း PDFအဖွဲ့များအား ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေး​ပေ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။