Connect with us

Hi, what are you looking for?

News

တောင်မဲသင်း စစ်ဆေးရေးဂိတ် KNDF တိုက်ခိုက်ရာ စစ်ကောင်စီတပ် ငါးဦးသေ၊ လက်နက် ၄လက်ရရှိခဲ့ဟု ထုတ်ပြန်

၅ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်ကို ယနေ့ ဧပြီ ၁၂ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်နက် ၄လက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ် တောင်မဲသင်းဂိတ်၌ ရှိ စစ်ကောင်စီတပ်များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဂိတ်စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၃) ဖယ်ခုံဇုန်က ထုတ်ပြန်သည်။

ဧပြီ ၅ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်ကို ယနေ့ ဧပြီ ၁၂ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လက်နက် ၄လက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်း ဖော်ပြထားသည်။

“တောင်မဲသင်းဂိတ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများကို စစ်ဆေးခြင်း၊ ငွေညှစ်ခြင်း၊ ထိုင်ထလုပ်ခိုင်းခြင်းနှင့် CDM များကို တွေ့ရှိပါက ကြုံသလို ဖမ်းဆီးနေသော စကစနောက်လိုက် ဦးနှောက်မဲ့ငတုံးများ အထိုင်နေသော ဂိတ်စခန်းတစ်ခုကို ကျွန်ပ်တို့ KNDF/B-03 ရဲဘော်များမှ အလစ်ဝင်တိုက်ခဲ့ပါသည်” ဟု KNDF ဖယ်ခုံဇုန်က ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုတွင် KNDF တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။