Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်သင်္ကြန်မဏ္ဍပ်များ၌ ပြည်သူများလာရောက်ပါက ကျပ်တစ်သောင်းပေး မည်ဟု စစ်ကောင်စီစည်းရုံးနေ

အာဏာသိမ်း စစ်ကောင်စီသည် ယခုနှစ်သင်္ကြန်၌ ဆူးလေမြို့တော်ခန်းမ ဗဟိုမဏ္ဍပ်၊ ပြည်သူ့ရင်ပြင်မဏ္ဍပ်၊ အင်းယားလမ်းမဏ္ဍပ် စသည်တို့ကို ဆောက်လုပ်ထားပြီး ဆူးလေပန်းခြံအနီး လမ်းလျှောက်သင်္ကြန်ပြု လုပ်ရန်လည်း စီစဥ်ထားသည်။

(ဧပြီ ၈ရက် ညနေပိုင်းက ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားနေစဥ်၊ ဓာတ်ပုံ - CJ)

ရန်ကုန်မြို့တွင် အာဏာသိမ်းစစ်ကောင်စီက ကျင်းပရန်စီစဥ်ထားသည့် သင်္ကြန်မဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန်များ၌ ပြည်သူများ လာရောက်ပါက ကျပ်တစ်သောင်းပေးမည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စည်းရုံးပြောဆို နေကြောင်း ဒေသခံများက ပြောသည်။

“ရပ်ကွက်ထဲမှာ အုပ်ကြီးက သင်္ကြန်မဏ္ဍပ်တွေ သွားဖို့လူလိုက်စုနေတယ်။ ကျွန်တော်တို့ ရပ်ကွက်မှာဆို ဘီယာလဲတိုက်မယ်။ တစ်နေ့ကို တစ်သောင်း ပေးမယ်ဆိုပြီး လိုက်ခေါ်တယ်။ အဓိကတော့ သူတို့ (စစ်ကောင်စီ) ရဲ့ မဏ္ဍပ်မှာ လူစည်ဖို့လိုက်ခေါ်နေတာပါ “ဟု တောင်ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီသည် ယခုနှစ်သင်္ကြန်၌ ဆူးလေမြို့တော်ခန်းမ ဗဟိုမဏ္ဍပ်၊ ပြည်သူ့ရင်ပြင်မဏ္ဍပ်၊ အင်းယားလမ်းမဏ္ဍပ် စသည်တို့ကို ဆောက်လုပ်ထားပြီး ဆူးလေပန်းခြံအနီး လမ်းလျှောက်သင်္ကြန်ပြု လုပ်ရန်လည်း စီစဥ်ထားသည်။

Public Service Announcement

ရန်ကုန်တိုင်းအတွင်း ဝန်ထမ်းများကို စစ်ကောင်စီက မြို့တော်ဝန်မဏ္ဍပ်၊ ပြည်သူ့ရင်ပြင်မဏ္ဍပ် စသည့် သင်္ကြန်မဏ္ဍပ်များ၌ မဖြစ်မနေတာဝန်အရ ရေကစားကြရန် နှင့် ရေပက်ခံကြရန် အမိန့်ထုတ်ပြန်ထားကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းမှတစ်ဆင့် သိရသည်။

Public Service Announcement

Public Service Announcement

သို့သော် ဝန်ထမ်းများက မသွားလိုသဖြင့် ရပ်ကွက်အတွင်း ပြည်သူများကို ပိုက်ဆံပေး၍ ပြန်လည်စည်းရုံးပြောဆိုမှုများရှိနေကြောင်းလည်း မြောက်ဥက္ကလာမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုသည်။

“ကျွန်တော့်အဒေါ် အစိုးရဝန်ထမ်းက သင်္ကြန်မဏ္ဍပ်တွေမသွားချင်တော့ ရပ်ကွက်ထဲက အလုပ်မရှိတဲ့သူတွေကို သွားပေးရင် ပိုက်ဆံနှစ်သောင်းထိ ပေးမယ်ဆိုပြီး ပြောနေတယ်။ အခုက မဏ္ဍပ်ဆောက်တဲ့ နားမှာတင် ဗုံးတွေပေါက်နေကြတော့ ဘယ်သူမှမသွားချင်ကြဘူး။ ဝန်ထမ်းတချို့ဆို သွားရမှာစိုးလို့ သင်္ကြန်မှာဘုန်းကြီးဝတ်သွားတဲ့ သူတွေတောင်ရှိတယ် “ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၈ ရက် ညနေပိုင်းက ရန်ကုန်မြို့တော်ဝန်သင်္ကြန်မဏ္ဍပ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ၏ အတုအယောင် ဖန်တီးထားသည့် သင်္ကြန်မဏ္ဍပ်များကို တိုက်ခိုက်သွားမည်ဟု တော်လှန်ရေးအင်အားစုများ ကလည်း သတိပေးထုတ်ပြန်ထားသည်။

လူထုနှင့် တော်လှန်ရေးရေချိန်ကို ဆွဲချရန် ဆောင်ရွက်နေသည့် လူထုကို အခြေမပြုသော သင်္ကြန်ပွဲအား ပြည်သူများအနေဖြင့် ပါဝင်ဆင်နွှဲခြင်းမပြုပဲ အာဏာရှင်တော်လှန်ရေး ခရီးဆက်ကြရန်၊ တော်လှန်ရေးသတိကပ်ရန် ရန်ကုန်မြို့‌ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့များ၊ သပိတ်နှင့် တော်လှန်ရေးအဖွဲ့ အစည်းများစုပေါင်း၍ ပြည်သူများအား နှိုးဆော်သည့်ကြေညာချက်ကိုလည်း (ဧပြီ ၁၀)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။