Connect with us

Hi, what are you looking for?

News

မြင်းမူမြို့နယ်တွင်စစ်​ကောင်စီတပ်ကားမိုင်းဆွဲခံရ

“ဖြစ်တာက မုံရွာ-မန္တလေးလမ်းမကြီးပေါ်ဖြစ်တာပါ။ စကစတွေက စံတင်ကင်းကျေးရွာကို အကြမ်းဖက်ဓားပြတိုက်ပြီးပြန်လာတာပါ။”ဟု Knight Commanders အဖွဲ့ သတင်းတာဝန်ခံက People’s Spring သို့ပြောသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကြောင်းထိုးပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်မှုများနိုင်ကြောင်း မြင်းမူအခြေစိုက် Knight Commanders PDF (MMU) အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဧပြီလ(၁၁)ရက် ညနေ ၆ နာရီ မိနစ် ၄၀ အချိန်က စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာ နှင့် မြင်းမူမြို့ကြားတွင် စံတင်ကင်း ကျေးရွာမှ စစ်ကြောင်းထိုးပြန်လာသော လက်နက်အပြည့်အစုံနှင့် အရပ်ဝတ် အကြမ်းဖက်စစ်ကောင်စီ တပ်သား (၉)ယောက်ခန့် စီးလာသော စစ်ကားတစ်စီးအားမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Knight Commanders PDF (MMU) အဖွဲ့က သတင်းထုတ်ပြန်သည်။

“ဖြစ်တာက မုံရွာ-မန္တလေးလမ်းမကြီးပေါ်ဖြစ်တာပါ။ စကစတွေက စံတင်ကင်းကျေးရွာကို အကြမ်းဖက်ဓားပြတိုက်ပြီးပြန်လာတာပါ။”ဟု Knight Commanders အဖွဲ့ သတင်းတာဝန်ခံက People’s Spring သို့ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် မြေပြင်ရဲဘော်များ၏ မျက်မြင်သတင်းပေးပို့မူများအရ အကြမ်းဖက် စကစ တပ်သားများ အထိအခိုက်အကျအဆုံးများနိုင်ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Knight Commanders PDF(MMU)သည်ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြင့် ပြုလုပ်နေပြီဖြစ်ပြီး ပြည်သူများ အထိအခိုက်မရှိစေရန် အထူးဂရုပြုဆောင်ရွက်လျက်ရှိကာ ပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှုများကို သတိကြီးကြီးထား၍ ဂရုတစိုက်ရှောင်ရှားသွားလာကြပါရန် လည်း အသိပေးသည်။

မတ်လ (၂၄)ရက်နေ့ကလည်းမြင်းမူမြို့နယ်စာသင်ကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၃) ဦးကို ညကင်းပတ်ချိန် ၇နာရီ​ကျော်တွင်Knight Commanders PDF (MMU) ၊ စစ်ကိုင်းခရိုင်တပ်ရင်း(၁)၊ အရန်တပ်ခွဲ(၁) ၊မြောင်မြို့နယ် တော်လှန်ရေးတပ် -Myaung Revolution Army (MRA) နှင့် Zarmani Revolution Force (MMU) ပြောက်ကျားတပ်ဖွဲ့ ညီနောင်တော်လှန်ရေး အင်အားစု (၄) ဖွဲ့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား (၂) ဦး သေဆုံးပြီး (၈)ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။