Connect with us

Hi, what are you looking for?

News

စစ်ကောင်စီခေါင်းဆောင်နဲ့သွားရောက်တွေ့ဆုံတဲ့ သံအမတ်ကြီး ၃ ဦး ပြစ်တင်ဝေဖန်ခံနေရ

မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ ၊ အိန္ဒိယနဲ့ ဆော်ဒီ သံအမတ်ကြီးတွေဟာ စစ်ကောင်စီခေါင်းဆောင်နဲ့ နေပြည်တော်မှာ သီးခြားစီ သွားရောက်တွေ့ဆုံထားပါတယ်။

မြန်မာပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီခေါင်းဆောင်နဲ့သွားရောက်တွေ့ဆုံခဲ့တဲ့ သံအမတ်တွေဟာ အရှက်ရသင့်တယ်လို့ ကုလသမဂ္ဂအရာရှိဟောင်းကြီးတွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC- M)က ရှုတ်ချလိုက်ပါတယ်။

ဒီလိုသွားရောက်တွေ့ဆုံတဲ့အချိန်ဟာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အရပ်သားပြည်သူတွေကို သတ်ဖြတ်နေချိန် ၊ ကျေးရွာတွေကို မီးလောင်တိုက်သွင်းနေချိန်နဲ့ကလေးသူငယ်တွေကိုပြန်ပေးဆွဲနေတဲ့အချိန်လည်းဖြစ်တယ်လို့ SAC- M ကထောက်ပြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ ၊ အိန္ဒိယနဲ့ ဆော်ဒီ သံအမတ်ကြီးတွေဟာ စစ်ကောင်စီခေါင်းဆောင်နဲ့ နေပြည်တော်မှာ သီးခြားစီ သွားရောက်တွေ့ဆုံထားပါတယ်။

သြစတြေးလျသံအမတ်အမျိုးသမီးဟာ မြန်မာနိုင်ငံမှာတာဝန်ပြီးဆုံးလို့ပြန်လည်ထွက်ခွာခါနီး နေပြည်တော်ကိုသွားရောက်ကာစစ်ခေါင်းဆောင်ကိုတွေ့ဆုံခဲ့တာပါ။

Public Service Announcement

Public Service Announcement

အိန္ဒိယနဲ့ ဆော်ဒီအာရေးဗီးယား သံအမတ်တွေကတော့ မြန်မာနိုင်ငံမှာ သံအမတ် တာဝန် စတင်ထမ်းဆောင်ဖို့အတွက် သံအမတ်ခန့်အပ်လွှာကို စစ်ခေါင်းဆောင်လက်ထဲကိုယ်တိုင်သွားရောက်ပေးအပ်ခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုသွားရောက်တွေ့ဆုံတဲ့လုပ်ရပ်တွေဟာ စစ်ကောင်စီခေါင်းဆောင်က နိုင်ငံတကာတရားဝင်မှု ကြိုးပမ်းနေချိန်မှာ ဝါဒဖြန့်ချီရေးအတွက် အသုံးချခံရမှာဖြစ်တယ်လို့ လည်း SAC- M က ဝေဖန်ထားပါတယ်။

ဒါအပြင် အိန္ဒိယ ၊သြစတြေးလျနဲ့ ဆော်ဒီအာရေးဗီးယား နိုင်ငံတွေဟာ မင်းအောင်လှိုင်နဲ့ အခြားစစ်အုပ်စုခေါင်းဆောင်တွေအပေါ်ဗြိတိန် ၊ အမေရိကန် ၊အီးယူနဲ့ ကနေဒါတို့လို စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေ လုပ်ဖို့ တွန့်ဆုတ်နေကြတယ်လို့လည်း ထောက်ပြထားပါတယ်။

မင်းအောင်လှိုင်နဲ့သွားရောက်တွေ့ဆုံတဲ့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ်ကြီးရဲ့ လုပ်ရပ်ဟာ စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုရာရောက်တယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကြီး (HRW) က ပြစ်တင်ဝေဖန်ထားပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ဦးဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက် ကိုယ်စားပြုခွင့်ရအောင် ထိုင်းအစိုးရအနေနဲ့ ထောက်ခံပေးဖို့ စက်တင်ဘာ ၂ ရက်မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

စက်တင်ဘာမှာ ကျင်းပမယ့် (၈၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုဆက်လက်အသိအမှတ်ပြုဖို့ တိုက်တွန်းတဲ့ လူထုလှုပ်ရှားမှုကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ ဒီနေ့(စက်တင်ဘာ၂) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook