Connect with us

Hi, what are you looking for?

News

ရွာငံတွင် ပြည်သူတစ်ဦးအား စစ်ကောင်စီက မိုင်းခွဲသတ်​ဖြတ်၊ CDMဝန်းထမ်း၏အိမ်ကို မီးရှို့ဖျက်ဆီး

စစ်ကောင်စီကကိုကျားပေါက်ကိုယင်းကဲ့သို့လုပ်ကြံသတ်ဖြတ်ခဲ့သလိုရွာငံမြို့နယ် နွားဘန်းကြီးရွာမှ ကိုအေးရွှေ၏နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးပစ်လိုက်သည်ဟု လည်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(ဓာတ်ပုံ - မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်။ ဓါတ်ပုံ-CJ)

ရွာငံတွင် ပြည်သူတစ်ဦးအား အကြမ်းဖက်စစ်ကောင်စီတပ်က မိုင်းခွဲသတ်​ဖြတ်ပြီး အခြားပြည်သူတစ်ဦး၏အိမ်ကို မီးရှို့ဖျက်ဆီးသွားကြောင်း မြို့ခံများကပြောသည်။

ထို​ကြောင့်စစ်ကောင်စီသည် ဓနုဒေသတွင် စစ်ရာဇဝတ်မှုကျူးလွန်နေပြီဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်သည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သော ရွာငံမြို့တွင် မကြာခဏတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထားအကြမ်းဖက်နေသည်ဟုပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

(ဓာတ်ပုံ – မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ်။ ဓါတ်ပုံ-CJ)

ယနေ့(ဧပြီ ၁၂ရက်) ရွာငံမြို့နယ် ရွာမရပ်ကွက်ရှိ ချိတ်ပိတ်ထားသော နေအိမ်တစ်ခု၌ မိုင်းထောင်ထားသည်ဟုဆိုကာ အရပ်သားတစ်ဦးကို အိမ်ထဲသို ဝင်ခိုင်းခဲ့ကြောင်း၊ အဆိုပါအရပ်သားက အိမ်ထဲသို့ ဝင်ရောက်စဥ် မိုင်းပေါက်ကွဲကာ သေဆုံးသွားကြောင်း မြို့ခံများကပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူမှာ စစ်ကောင်စီက ဖမ်းဆီးထားသည့် ကိုကျားပေါက်ဆိုသူဖြစ်သည်။ စစ်ကောင်စီက ချိတ်ပိတ်ထားသောအိမ်ကို အိမ်ပိုင်ရှင်ခိုးဝင်ခဲ့လျှင် ထိစေရန်အတွက် ရှော့တိုက်မိုင်းထောင်ထားပြီး ယင်းအိမ်သို့ပြန်ဝင်သည့်အခါ ၎င်းတို့ကိုမထိစေရန်အတွက် ကိုကျားပေါက်ကို ရှေ့မှဝင်စေကာ အသေခံခိုင်းခဲ့ခြင်းဟု ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေး စာမျက်နှာဖြစ်​သော KalawTownship Media က သတင်းထုတ်ပြန်သည်။

“ဒီလုပ်ရပ်က ယုတ်လွန်းတယ်။စစ်ရာဇဝတ်မှုကိုစပြီးကျူးလွန်နေတာ။ဓနုဒေသကို အာရုံစိုက်ပေးကြပါ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီကကိုကျားပေါက်ကိုယင်းကဲ့သို့လုပ်ကြံသတ်ဖြတ်ခဲ့သလိုရွာငံမြို့နယ် နွားဘန်းကြီးရွာမှ ကိုအေးရွှေ၏နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးပစ်လိုက်သည်ဟု လည်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ကိုရွှေအေး၏ ဇနီးသည်CDMဝန်ထမ်းတစ်ဦးဖြစ်၍ မိသားစုလိုက် တိမ်းရှောင်နေရစဥ် နေအိမ်အားစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ရွာငံဒေသတွင်ဧပြီလဆန်းမှစတင်ကာ စစ်ကောင်စီတပ်မှာမကြာခဏတိုက်ခိုက်ခံနေရသည်။ဧပြီ ၉ရက်က တိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီဘက်က ဗိုလ်မှုးတစ်ဦးအပါအဝင် လေးဦးသေဆုံးခဲ့သည်။ထို့ကြောင့်အရပ်သားများကိုရှုံးမည်း မည်းနေသည်ဟု မြို့ခံများက ပြောသည်။ တိုက်ခိုက်မှု တစ်ကြိမ်တည်းတွင် လေးဦးသေဆုံးပြီးနောက် အရပ်သား ၁၃ဦးအထိ ဖမ်းဆီးထား​ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။