Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်မီးရှို့ခဲ့သည့် ပေါက်မြို့နယ် သက္ကယ်ကျင်းရွာမှ ​နေအိမ် ၅၀ ကျော် မီးလောင်ပျက်စီး

မီးလောင်ပြီးအခြေအနေကို ဖော်ပြရာ ရွာလယ် ပိုင်းနှင့် ရွာအရှေ့ဘက်ခြမ်း၊ မြောက်ဘက်ခြမ်း ရှိ နေအိမ်များ မီးလောင်ခံခဲ့ရသည်ဟု ဆိုသည်။

မကွေးတိုင်း ပေါက်မြို့နယ် သက္ကယ်ကျင်း​ကျေးရွာ အပါအဝင် ကျေးရွာ ​လေးရွာထက်မနည်းကို အကြမ်းဖက် စစ်ကောင်စီတပ်က ယနေ့နံနက်တွင် မီးရှို့ခဲ့ရာ သက္ကယ်ကျင်းရွာ၌ အိမ်ခြေ ၅၀ကျော်မီးလောင်ခဲ့သည်ဟု သက္ကယ်ကျင်း- သတင်းစုံက ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

မီးလောင်ပြီးအခြေအနေကို ဖော်ပြရာ ရွာလယ် ပိုင်းနှင့် ရွာအရှေ့ဘက်ခြမ်း၊ မြောက်ဘက်ခြမ်း ရှိ နေအိမ်များ မီးလောင်ခံခဲ့ရသည်ဟု ဆိုသည်။

“ ကျန်တဲ့နေရာများ မီးမကူးခင်ပါ ။ အရှေ့ဘက်ခြမ်းမှာလည်း မီးမလောင်ခဲ့တဲ့ အိမ်အချို့ကျန်ခဲ့ပါတယ်။ စုစုပေါင်း အိမ်ခြေ (ခန့်မှန်းချက်အရ) ငါးဆယ်ကျော် ခြောက်ဆယ် နီးပါးလောက် မီးလောင်ခံရပါတယ် ။ နောက်ထပ် စစ်ကြောင်းရှိလာနိုင်သေးတယ်ကြားလို့မီးငြိမ်းသတ်မှု အပြီးမသတ်နိုင်ခဲ့ဘဲ ထွက်ခွာခဲ့ရပါတယ်”ဟု သက္ကယ်ကျင်း – သတင်းစုံက ဖော်ပြသည်။

စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် ပေါက်မြို့နယ် လက်ပံလှ ၊ သက္ကယ်ကျင်း၊ ကိုင်းမနှင့် တစူးရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု Pauk Alliance Group က ထုတ်ပြန်ထားသည်။စစ်ကောင်စီတပ်သည် ဧပြီ ၇ရက်မှစ၍ ပေါက်မြို့နယ်နှင့် ဆက်စပ်ဒေသ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိရာ ကျေးရွာပေါင်း ၁၅ရွာထက်မနည်း မီးလောင်ပျက်စီးမှု ဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

Facebook