Connect with us

Hi, what are you looking for?

LuduNwayOo

News

YMBA အသင်း​ရှေ့ရှိ စစ်​ကောင်စီဂိတ် တိုက်ခိုက်ခံရ

ရဲဘော်များဆုတ်ခွာချိန်တွင် လမ်းပိတ်ခြင်းကြောင့် မေတ္တာရပ်ခံ၍ လမ်းတောင်းသော်လည်း ဖယ်မပေးသောကြောင့် စိတ်မကောင်းဖြစ်ရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

▪️ပြည်သူများ ပစ်ခတ်ဖမ်းဆီးခံရခြင်းနှင့် လမ်းဖယ်မ​ပေး​သော​ကြောင့် စိတ်မ​ကောင်းဖြစ်ရဟုဆို

ဗုဒ္ဓကလျာဏယုဝအသင်း (YMBA)အသင်းရှေ့ရှိ စစ်ကောင်စီဂိတ်ကို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိနိုင်ကြောင်း Civil Guerrilla Force-YGN ကသတင်းထုတ်ပြန်သည်။

ဧပြီ ၁၃ရက် ည ၇နာရီခွဲအချိန်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Civil Guerrilla Force -YGN နှင့် Yangon Federal Army -YFA တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ယင်းဖြစ်စဉ်တွင်ပါဝင်သည့် တပ်ဖွဲ့ဝင်အားလုံးဘေးကင်းရာသို့ ရောက်ရှိပြီဖြစ်ပြီး အပြစ်မဲ့ပြည်သူများကို ပစ်ခတ်ဖမ်းဆီးမှုများရှိသည်ဟု ကြားရသောကြောင့် စိတ်မကောင်းရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

“အပြစ်မဲ့ပြည်သူများကို ပစ်ခတ်ဖမ်းဆီးနေကြောင်းကြားသိရ၍ စိတ်မကောင်းများစွာဖြစ်ရပြီး မိမိတို့မှ တောင်းပန်အပ်ပါသည်။အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခြင်းအား ရှုံ့ချကြောင်း ၊အဖမ်းဆီးခံရသောသူမှာ မိမိတို့ တော်လှန်ရေးအဖွဲ့များနှင့် သက်ဆိုင်ခြင်းအလျဉ်းမရှိကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်”ဟု Civil Guerrilla Force -YGN ဟုထုတ်ပြန်သည်။

ရဲဘော်များဆုတ်ခွာချိန်တွင် လမ်းပိတ်ခြင်းကြောင့် မေတ္တာရပ်ခံ၍ လမ်းတောင်းသော်လည်း ဖယ်မပေးသောကြောင့် စိတ်မကောင်းဖြစ်ရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

ယင်းဖြစ်စဉ်တွင် ပစ်ခတ်မှုများကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဖမ်းဆီးခံရသည်ဟု ယင်းနေရာအနီးတွင်နေထိုင်သူတစ်ဦးကပြောသော်လည်း People’s Spring အနေဖြင့် သီးသန့်အတည်ပြုနိုင်ခြင်းမရှိပေ။

ထို့ပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနီးအနားသို့မသွားရန် ထပ်မံမေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။