Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာမြို့ သင်္ကြန်အကြိုနေ့တွင် စစ်ကောင်စီတပ်စစ်ဆေးနေသော မြို့ပေါ် ငါးနေရာ တိုက်ခိုက်ခံရ

မြ၀တီရပ်ကွက်ရုံးအား လက်ပစ်မိုင်းများဖြင့် ဖောက်ခွဲခဲ့ရာတွင် စစ်ကောင်စီဘက်မှ စနိုက်ပါဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကာ စစ်ကောင်စီဘက်မှ ကနဦးသတင်းအရ တစ်ဦးသေဆုံးကြောင်းသိရပြီး အရေအတွက် အတိအကျ မသိရှိရသေးကြောင်း Unity Force Monywa အဖွဲ့ သတင်းတာဝန်ခံက ပြောသည်။

(မုံရွာမြို့ အာဇာနည်လမ်းမပေါ်၌ မုံရွာလူငယ်များအစည်းအရုံးနှင့် ရပ်ကွက် သပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး သင်္ကြန်ပွဲတော်၌ ပြည်သူများပါဝင် ခြင်းမရှိစေရန် ဧပြီ ၈ရက်က ချီတက် တောင်းဆိုနေစဥ်။ ဓာတ်ပုံ - မုံရွာလူငယ်များ အစည်းအရုံး)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ယမန်နေ့ သင်္ကြန်အကြိုနေ့ညပိုင်းက စစ်ကောင်စီ တပ်များ စစ်ဆေးနေသော မြို့ပေါ် ငါးနေရာအား မြို့ပြပြောက်ကျားအဖွဲ့ သုံးဖွဲ့က လက်ပစ်မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Unity Force Monywa အဖွဲ့က ပြောသည်။

မုံရွာမြို့တွင် ယမန်နေ့ (ဧပြီလ ၁၃ ရက်)ည‌နေ ၆နာရီခွဲမှ ၉နာရီခွဲအချိန်အတွင်း
စစ်ကောင်စီတပ်များ စစ်ဆေးနေသော နေရာများဖြစ်သည့် မြဝတီရပ်ကွက်ရုံး၊ ဆည်မြောင်းရုံး လမ်းဆုံ၊ ပေ (၈၀)လမ်းထိပ်၊မေတ္တာလမ်းထိပ်နှင့် ဘုရင့်နောင်လမ်းထိပ် အစရှိသည့်နေရာများကို လက်ပစ်မိုင်းများအသုံးပြုကာ ညီနောက်မဟာမိတ်အဖွဲ့များက ပြောက်ကျားစနစ်ဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့ကြောင်း Unity Force Monywa အဖွဲ့သတင်းတာဝန်ခံက ပြောသည်။

မြ၀တီရပ်ကွက်ရုံးအား လက်ပစ်မိုင်းများဖြင့် ဖောက်ခွဲခဲ့ရာတွင် စစ်ကောင်စီဘက်မှ စနိုက်ပါဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကာ စစ်ကောင်စီဘက်မှ ကနဦးသတင်းအရ တစ်ဦးသေဆုံးကြောင်းသိရပြီး အရေအတွက် အတိအကျ မသိရှိရသေးကြောင်း Unity Force Monywa အဖွဲ့ သတင်းတာဝန်ခံက ပြောသည်။

Public Service Announcement

အဆိုပါ ခုခံတိုက်ခိုက်မှုများအား Unity Force Monywa၊ Brother Defnse Force နှင့် Monywa Death Killer Group မဟာမိတ်ညီနောင် တိုက်ခိုက်ရေးအဖွဲ့များမှ ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ည ၉နာရီခွဲခန့်က မုံရွာမြို့ ဆည်းမြောင်းရုံးအနီးတွင် အကြမ်းဖက်စစ်ကောင်စီမှ သေနတ်များ ပစ်ဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မုံရွာအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် မြို့ပြပြောက်ကျားအဖွဲ့ များသည် စစ်ကောင်စီ၏ အတုအယောင်သင်္ကြန်အား ပါဝင်ဆင်နွှဲခြင်းမပြုရန် တားမြစ်ထားပြီး ယမန်နေ့နေ့ခင်းပိုင်းကလည်း ပစ်ခတ်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ရာ ရဲတစ်ဦးသေဆုံးခဲ့ပြီး ထိခိုက်မိသူအချို့လည်းရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။