Connect with us

Hi, what are you looking for?

News

YMBA ရုံးတိုက်ခိုက်သူတစ်ဦးကို အသေမိတယ်လို့ စစ်ကောင်စီသတင်းဖြန့်ပေမယ့် ဖမ်းမိသူဟာ တိုက်ခိုက်မှုနဲ့မသက်ဆိုင်သူသာဖြစ်တယ်လို့မြို့ပြပြောက်ကျားအဖွဲ့ ထုတ်ပြန်

ကနဦး ဗုံးနဲ့တိုက်ခိုက်ခံရလို့ ဗုံးစ ရှင်းလင်းချိန်မှာ ကားနဲ့လာရောက်ပစ်ခတ်တာရှိခဲ့တယ်လို့စစ်ကောင်စီရဲ့သတင်းဖြန့်ချက်မှာတွေ့ရပါတယ်။

YMBA ရုံးရှေ့က စစ်ကောင်စီ လုံခြုံရေးဂိတ်

ရန်ကုန်ပုဇွန်တောင် ရေကျော်လမ်းမှာရှိတဲ့ YMBA ရုံး သင်္ကြန်အကြိုနေ့ညပိုင်းက တိုက်ခိုက်မှုမှာ သေနတ်သမားကို အသေပစ်ခတ်ဖမ်းမိတယ်လို့စစ်ကောင်စီဘက်က သတင်းဖြန့်လာပါတယ်။

မနေ့ ညပိုင်း က. YMBA ရုံးဟာ ၂ ကြိမ်တိုက်ခိုက်ခံရတယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

ကနဦး ဗုံးနဲ့တိုက်ခိုက်ခံရလို့ ဗုံးစ ရှင်းလင်းချိန်မှာ ကားနဲ့လာရောက်ပစ်ခတ်တာရှိခဲ့တယ်လို့စစ်ကောင်စီရဲ့သတင်းဖြန့်ချက်မှာတွေ့ရပါတယ်။

YMBA ရုံးရှေ့မှာ တားဆီးထားတဲ့ ဘယ်ရီဂိတ်တွေကို ပရိုဘောက်စ်ကားနဲ့တိုက်ပြီး လုံခြုံရေးဂိတ်ကိုပစ်ခတ်တာကြောင့် ပြန်လည်ပစ်ခတ်ရာမှာသေနတ်သမားကိုအသေမိတယ်လို့ စစ်ကောင်စီက သတင်းဖြန့်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် YMBA ရုံးကို တိုက်ခိုက်ခဲ့တဲ့ မြို့ပြပျောက်ကျားအဖွဲ့ကတော့ ဖမ်းဆီးခံရသူဟာ မိမိတို့ တော်လှန်ရေးအဖွဲ့ တွေနဲ့မသက်ဆိုင်တဲ့သူဖြစ်ပြီး အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတဲ့အပေါ် ရှုတ်ချတယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။

YMBA ရုံးတိုက်ခိုက်မှုကို Civil Guerrilla Force-YGN နဲ့ Yangon Federal Army-YFA တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

တိုက်ခိုက်မှုအပြီး တော်လှန်ရေးရဲဘော်တွေဟာ လုံခြုံတဲ့နေရာကိုအန္တရာယ်ကင်းကင်းနဲ့ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ အဲဒီအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

YMBA အဖွဲ့ဦးဆောင်သူတွေဟာ စစ်ကောင်စီနဲ့နီးစပ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို YMBA အဖွဲ့ကြီးရဲ့ ရာသက်ပန်နာယကကြီးအဖြစ် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက ဘွဲ့ပေးအပ်ဖူးပါတယ်။

အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ခုနှစ် သြဂုတ်လအတွင်း YMBA ရုံးဟာ လက်လုပ်ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။