Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၌ ဖျော်ဖြေခဲ့သည့် နေအောင်အပါအဝင် အနုပညာရှင်များကို လူမှုရေးပြစ်ဒဏ်ချမှတ်ရန် ရေဘဝဲအဖွဲ့ တိုက်တွန်း

သင်္ကြန်မိုး၏ မင်းသမီးအဖြစ် ပရိသတ်အသိအမှတ်ပြုထားသည့် မေသန်းနုက မန္တလေးမြို့တော်ဝန်မဏ္ဍပ်၌ သီချင်းများဖျော်ဖြေနေသည်ကို တွေ့ရသည်။

သင်္ကြန်အကျနေ့တွင် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၌ ဖျော်ဖြေခဲ့သည့် နေအောင်အပါအဝင် အနုပညာရှင်များကို လူမှုရေးပြစ်ဒဏ်ချမှတ်ရန် ​တော်လှန်​ရေးအင်အားစုတစ်ဖွဲ့ဖြစ်သည့် ရေဘဝဲအဖွဲ့က တိုက်တွန်းသည်။

သင်္ကြန်အကျနေ့တွင် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ် ၌ စစ်အစိုးရကို ခေတ်အဆက်ဆက်ထောက်ခံခဲ့သည့် နေအောင် နှင့်အတူ သီဟတင်စိုး ၊အာကာမြင့်အောင် ၊မင်းခန့်ကျော် ၊မတူး တို့ဖျော်‌ဖြေခဲ့သောကြောင့် ၎င်းတို့ကို လူမှုရေးပြစ်ဒဏ်ဆုပေးကြောင်း ရေဘဝဲအဖွဲ့က အသိ​ပေးသည်။

နေအောင်က သီချင်းမဆိုမီ အကြမ်းဖက် စစ်ကောင်စီခန့် မြို့တော်ဝန်ကို လေးစားကြောင်းပြောကြား၍ သီဆိုသည့်အပေါ် ဝေဖန်ခံရသလို စစ်ကောင်စီကို မတော်လှန်ဘဲ ပြည်သူကိုတော်လှန်သည့် တော်လှန်ရေးမင်းသား သီဟတင်စိုးကို လည်း ဝေဖန်ခံခဲ့ရသည်။

ထို့ပြင် ရုပ်ရှင်အစည်းအရုံးမှ မျက်နှာသစ်သရုပ်‌ဆောင်များ၏ ဖျော်ဖြေမှုများနှင့်ပတ်သက် ၍လည်း အလွန်းဆိုးရွားကြောင်း ဝေဖန်မှုများရှိပြီး လေးဖြူ၏ အမဲလိုက်အက သီချင်းကို သီဆိုဖျော်ဖြေသည့် အမျိုးသားမှာ အညံ့ဆုံးဖြစ်ကြောင်းလူမှုကွန်ရက်၌ ဝေဖန်ထားသည်။

Public Service Announcement

Public Service Announcement

နာမည်ကြီးအဆိုတော်များ ယခုနှစ်တွင် ပွဲလက်မခံသောကြောင့် ယခင်က ပွဲမတိုးသူများသာ နေရာရလာခြင်းဖြစ်ကြောင်း ပြည်သူတစ်ဦးက‌ မှတ်ချက်ပြုသည်။

သင်္ကြန်မိုး၏ မင်းသမီးအဖြစ် ပရိသတ်အသိအမှတ်ပြုထားသည့် မေသန်းနုက မန္တလေးမြို့တော်ဝန်မဏ္ဍပ်၌ သီချင်းများဖျော်ဖြေနေသည်ကို တွေ့ရသည်။

မေသန်းနုသည် သင်္ကြန်အကြိုနေ့ကလည်း စစ်ကောင်စီကပြုလုပ်သည့် ရတနာပုံဥယျာဉ်ဖွင့်ပွဲကို ရန်အောင်နှင့်အတူ တတ်ရောက်ခဲ့သည်။

ပဲခူးမြို့မဏ္ဍပ်တွင်လည်း မိုးရန်အောင် ၊ပူစူး၊အစ္စဏီ ၊ ပွင့်နဒီမောင်တို့က သင်္ကြန်အကြိုမှ အတတ်နေ့အထိ ဖျော်ဖြေမည် ဖြစ်သည်။

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီကျင်းပသည့် သင်္ကြန်ကို မပါဝင်ရန် တိုက်တွန်းထားသော်လည်း အနုပညာရှင်များက ပါဝင်ဖျော်ဖြေမှုများပြုလုပ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ YBS ဘက်စ်ကားပေါ်တွင် ယနေ့ (မေလ ၁) ကျရောက်သည့် မေဒေးနေ့အဖြစ် ကျောင်းသား၊လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ဆက်လက် ပါဝင်တိုက်ပွဲဝင်ပေးရန် ဟောပြောမှု ပြုလုပ်ခဲ့သည်။

သတင်း

ပြည်သူထောင်နဲ့ချီသေဆုံးခဲ့တဲ့ ငလျင် ကြောင့် ဒုက္ခ‌ ရောက်နေသူတွေအတွက် အလှူငွေတွေလှူဒါန်းတဲ့ အကြောင်းကို တော်လှန်အနုပညာရှင် ဖြူဖြူကျော်သိန်းနဲ့ ပိုင်ဖြိုးသုတို့က အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့ရှိ စက်မှုဇုန်များနှင့် နေရာအချို့တွင် တော်လှန်လူငယ်အချို့က ဦးဆောင်ကာ "ILO A 33 MYANMAR 2025"အင်္ကျီများ ဝတ်ဆင်ပြီး အလုပ်သမားထုအပေါ် စစ်ကောင်စီ၏ ဖိနှိပ်နေမှုများအား ILOညီလာခံတွင် အရေးယူပေးရန် တောင်းဆိုသည့် လှုပ်ရှားမှုကို ယနေ့ (မတ်လ ၁၀) ပြုလုပ်ခဲ့သည်။

သတင်း

ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်မြို့မရဲစခန်းအား အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame (OF)အဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။