Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၌ ဖျော်ဖြေခဲ့သည့် နေအောင်အပါအဝင် အနုပညာရှင်များကို လူမှုရေးပြစ်ဒဏ်ချမှတ်ရန် ရေဘဝဲအဖွဲ့ တိုက်တွန်း

သင်္ကြန်မိုး၏ မင်းသမီးအဖြစ် ပရိသတ်အသိအမှတ်ပြုထားသည့် မေသန်းနုက မန္တလေးမြို့တော်ဝန်မဏ္ဍပ်၌ သီချင်းများဖျော်ဖြေနေသည်ကို တွေ့ရသည်။

သင်္ကြန်အကျနေ့တွင် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၌ ဖျော်ဖြေခဲ့သည့် နေအောင်အပါအဝင် အနုပညာရှင်များကို လူမှုရေးပြစ်ဒဏ်ချမှတ်ရန် ​တော်လှန်​ရေးအင်အားစုတစ်ဖွဲ့ဖြစ်သည့် ရေဘဝဲအဖွဲ့က တိုက်တွန်းသည်။

သင်္ကြန်အကျနေ့တွင် ရန်ကုန်မြို့တော်ဝန်မဏ္ဍပ် ၌ စစ်အစိုးရကို ခေတ်အဆက်ဆက်ထောက်ခံခဲ့သည့် နေအောင် နှင့်အတူ သီဟတင်စိုး ၊အာကာမြင့်အောင် ၊မင်းခန့်ကျော် ၊မတူး တို့ဖျော်‌ဖြေခဲ့သောကြောင့် ၎င်းတို့ကို လူမှုရေးပြစ်ဒဏ်ဆုပေးကြောင်း ရေဘဝဲအဖွဲ့က အသိ​ပေးသည်။

နေအောင်က သီချင်းမဆိုမီ အကြမ်းဖက် စစ်ကောင်စီခန့် မြို့တော်ဝန်ကို လေးစားကြောင်းပြောကြား၍ သီဆိုသည့်အပေါ် ဝေဖန်ခံရသလို စစ်ကောင်စီကို မတော်လှန်ဘဲ ပြည်သူကိုတော်လှန်သည့် တော်လှန်ရေးမင်းသား သီဟတင်စိုးကို လည်း ဝေဖန်ခံခဲ့ရသည်။

ထို့ပြင် ရုပ်ရှင်အစည်းအရုံးမှ မျက်နှာသစ်သရုပ်‌ဆောင်များ၏ ဖျော်ဖြေမှုများနှင့်ပတ်သက် ၍လည်း အလွန်းဆိုးရွားကြောင်း ဝေဖန်မှုများရှိပြီး လေးဖြူ၏ အမဲလိုက်အက သီချင်းကို သီဆိုဖျော်ဖြေသည့် အမျိုးသားမှာ အညံ့ဆုံးဖြစ်ကြောင်းလူမှုကွန်ရက်၌ ဝေဖန်ထားသည်။

Public Service Announcement

Public Service Announcement

နာမည်ကြီးအဆိုတော်များ ယခုနှစ်တွင် ပွဲလက်မခံသောကြောင့် ယခင်က ပွဲမတိုးသူများသာ နေရာရလာခြင်းဖြစ်ကြောင်း ပြည်သူတစ်ဦးက‌ မှတ်ချက်ပြုသည်။

သင်္ကြန်မိုး၏ မင်းသမီးအဖြစ် ပရိသတ်အသိအမှတ်ပြုထားသည့် မေသန်းနုက မန္တလေးမြို့တော်ဝန်မဏ္ဍပ်၌ သီချင်းများဖျော်ဖြေနေသည်ကို တွေ့ရသည်။

မေသန်းနုသည် သင်္ကြန်အကြိုနေ့ကလည်း စစ်ကောင်စီကပြုလုပ်သည့် ရတနာပုံဥယျာဉ်ဖွင့်ပွဲကို ရန်အောင်နှင့်အတူ တတ်ရောက်ခဲ့သည်။

ပဲခူးမြို့မဏ္ဍပ်တွင်လည်း မိုးရန်အောင် ၊ပူစူး၊အစ္စဏီ ၊ ပွင့်နဒီမောင်တို့က သင်္ကြန်အကြိုမှ အတတ်နေ့အထိ ဖျော်ဖြေမည် ဖြစ်သည်။

တော်လှန်ရေးအင်အားစုများက စစ်ကောင်စီကျင်းပသည့် သင်္ကြန်ကို မပါဝင်ရန် တိုက်တွန်းထားသော်လည်း အနုပညာရှင်များက ပါဝင်ဖျော်ဖြေမှုများပြုလုပ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် "တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်" ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်​တွေအ​ပေါ် ပြည်သူ​တွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်​ထန်ဝေဖန်နေကြပါတယ်။

အတွေးအမြင်

လက်တလော တောင်ကိုရီးယား ရုပ်ရှင်အနုပညာကိုကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေကြားမှာ လူပြောများနေတဲ့ သတင်းတစ်ခုရှိပါတယ်။ တောင်ကိုရီးယားရှပ်ရှင်လောကမှာ လူသိများတဲ့ ရုပ်ရှင်မင်းသမီးငယ်လေး အန်ဟာယောင်း (Ahn Ha-young)ဆိုသူဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ သူ့ရဲ့ မိသားစုနောက်ခံနဲ့ ပတ်သက်ပြီး မျိုးဆက် ၄ ဆက်တိုင်တိုင် ဆရာဝန်တွေချည်းဖြစ်ကြောင်း ဂုဏ်ယူပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ အဘေးဟာ ဂျပန်အလိုတော်ရိ တစ်ဦးဖြစ်ခဲ့တဲ့ သမိုင်းကြောင်းကို မသိဘဲ ဂုဏ်ယူစွာနဲ့ အဘေးအကြောင်း ပြောဆိုမိခဲ့တာကို တောင်ကိုရီးယား မင်းသမီး အန်းဟာယောင်းက ပရိသတ်တွေဆီ ဝန်ချတောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ တောင်ကိုရီးယား KPop အမျိုးသား ဂီတကြယ်ပွင့်ရဲ့ နေအိမ်ထိ အကြိမ်ကြိမ် သွားရောက် နှောင့်ယှက်ခဲ့တဲ့ ဘရာဇီး အမျိုးသမီး တစ်ဦးကို တောင်ကိုရီးယားက နယ်နှင်ဒဏ်ပေးဖို့ စီစဉ်နေပါတယ်။