Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာပြည်သူများကို ဆက်လက်အားပေးကူညီမည်ဟု ကုလဆိုင်ရာအမေရိကန်သံအမတ်ကြီး ထပ်လောင်းကတိပြု

အဆိုပါ အမေရိကန်သံအမတ်ကြီးသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုယ်စားလှယ်အဖွဲ့ကို ကုလသမဂ္ဂဌာနချုပ်၊ နယူးယောက်၌ လက်ခံတွေ့ဆုံရာ ယင်းသို့ ကတိပြုပြောကြားခြင်းဖြစ်သည်။

မြန်မာပြည်သူများကို အမေရိကန်က ဆက်လက်အားပေးကူညီမည်ဟု ထပ်မံကတိပြုကြောင်း ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး လင်ဒါသောမက်စ်ဂရင်းဖီးလ်က ပြောကြားသည်။

အဆိုပါ အမေရိကန်သံအမတ်ကြီးသည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုယ်စားလှယ်အဖွဲ့ကို ကုလသမဂ္ဂဌာနချုပ်၊ နယူးယောက်၌ လက်ခံတွေ့ဆုံရာ ယင်းသို့ ကတိပြုပြောကြားခြင်းဖြစ်သည်။

“မြန်မာပြည်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုဆီ ပြန်သွားရေးနဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ် ရေး မြှင့်တင်ဆောင်ရွက်ဖို့ အရေးကြီးမှုကိုလည်း ကျွန်မတို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု အမေရိကန် သံအမတ်ကြီးက ပြောသည်။

NUG ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့အရေးနှင့်ပတ်သက်၍ အမေရိကန်သံအမတ်ကြီး၏ ထုတ်ဖော်ပြောဆိုမှုများကို ကျေးဇူးတင်ကြောင်း မြန်မာပြည်သူများကိုယ်စားပြောကြားခဲ့ သည်ဟု ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဝန်ကြီးဦးအောင်မျိုးမင်းက သတင်းစကားပါးသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အမေရိကန်သံအမတ်ကြီးသည် အာဏာသိမ်းမှုနှင့်ပတ်သက်၍ အကြမ်းဖက်စစ်ခေါင်း ဆောင်များ၊ ဆက်နွှယ်သူများအပေါ် အရေးယူဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့သည်ဟု ဆိုသည်။

အထက်ပါတွေ့ဆုံပွဲသို့ NUG ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ အမ်း မြို့နယ်များအတွင်း၌ စစ်ကောင်စီ၏ ခုခံစစ်နှင့် ခွာစစ်များကို တွေ့နေရကြောင်းလည်း AAကအသိ​ပေးသည်။

ဆောင်းပါး

“မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့၊ မြန်မာပြည်သူလူထုက လက်ခံတဲ့ ထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာ မျှော်လင့်ယုံကြည်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

သတင်း

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်တွင်း ကို လာရောက်ခဲ့တဲ့ ခရီးစဉ်အပြီး မြန်မာ့နိုင်ငံရဲ့ အခြေအနေကို UNOCHA အကြီးအကဲက သြဂုတ်လ ၁၇ ရက်မှာ ထုတ်ပြန်ချက် ထုတ်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကျင်းပသည့် ၇၆ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားတွင် အာဇာနည်ခေါင်းဆောင်ကြီးများဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်သူနှင့် ဆရာကြီး ဦးရာဇတ်၏ မြေးဖြစ်သူတို့က အာဇာနည်နေ့အတွက် အမှတ်တရစကားပြောကြားခဲ့ခြင်းဖြစ်သည်။