Connect with us

Hi, what are you looking for?

News

တမူးမြို့ စစ်ကောင်စီ၏ လေးမိုင်ကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ခုနစ်ဦး​သေဟု PDF​ပြော

လက်ရှိတွင် တမူးဒေသအတွင်း တိုက်ပွဲများ ခက်စိပ်စိပ်ဖြစ်လာခြင်းကြောင့် လက်နက်ခဲယမ်းပြန်လည် ဖြည့် တင်းရန် လိုအပ်နေသောကြောင့် မိဘပြည်သူများ အ​နေဖြင့် ဖြည့်ဆည်းပေးကြရန်လည်း ဒေသခံကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

(တမူး PDFမှ ရဲ​ဘော်များကို ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း တမူးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ လေးမိုင်ကင်းစခန်းကို မြို့ဒေသခံကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ခုနစ်ဦးသေဆုံးကြောင်း တမူး PDFမှ ရဲဘော်တစ်ဦးကပြောကြားသည်။

ယမန့်နေ(ဧပြီ ၁၄ ရက်)က အဆိုပါ လေးမိုင်ကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ရာတွင် တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ် ၊တပ်ရင်း (၄)၊ ဗမာကျောင်းသားအဖွဲ့ ( Burmese student Organizations) နှင့် ​ ABSDF (အောင်စစ်သည်) မဟာမိတ်တပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“မိမိတို့ပြည်သူ့ကာကွယ်ရေး တပ်များမှအထိခိုက်မရှိပြန်လဲ ဆုတ်ခွာနိုင်ခဲ့ပြီး တိုက်ပွဲသို့ စစ်ကောင်စီမှ တပ်ကူမပေးနိုင်ရေးအတွက် တပ်ရင်း(၂)မှ ကူညီလမ်းဖြတ်ပေးခဲ့ပါတယ်”ဟု တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၄)မှ တပ်သားတစ်ဦးက ၎င်း၏ လူမူကွန်ရက်တွင် ရေးသားထားသည်။

လက်ရှိတွင် တမူးဒေသအတွင်း တိုက်ပွဲများ ခက်စိပ်စိပ်ဖြစ်လာခြင်းကြောင့် လက်နက်ခဲယမ်းပြန်လည် ဖြည့် တင်းရန် လိုအပ်နေသောကြောင့် မိဘပြည်သူများ အ​နေဖြင့် ဖြည့်ဆည်းပေးကြရန်လည်း ဒေသခံကာကွယ်ရေးတပ်များက မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ထိုအတူ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့တွင် စစ်ကောင်စီတပ်ဆွဲထားသည့် တမူးမြို့၊ မြေနီကုန်းကျောင်းကို ဒေသခံကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား သုံးဦးနှင့် ပျူစောထီးတစ်ဦး သေဆုံးခဲ့သည်။

ပြည်သူများအနေဖြင့် သင်္ကြန်ကာလအတွင်း စစ်ကောင် စီနှင့်ပတ်သတ်သော နေရာများကိုလည်း ရှောင်ရှားကြရန် ဒေသခံကာကွယ်ရေးတပ်များက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

Facebook