Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ စီစဉ်နေသည့် ဆွမ်းဆန်လောင်းလှူပွဲ မပါဝင်ရန် မြို့လူထုကို ကျောက်ပန်းတောင်း လူငယ်များ တိုက်တွန်း

အကြမ်းဖက် စစ်ကောင်စီသည် ရိုးရာဓလေ့ အစဉ်အလာများကို ခုတုံးလုပ်ပြီး ပြည်သူကိုထိန်းချုပ်နိုင်သယောင် ယောင်၊ နိုင်ငံအတွင်းငြိမ်းချမ်းသာယာနေ ယောင်ယောင် ပုံဖော် လုပ်ဆောင်နေသည်ကို တွေ့ကြမြင်ကြပြီး ဖြစ်၍ အကြမ်းဖက် စစ်အုပ်စုနှင့် ကျောက်ပန်းတောင်းမှ ပြည်သူများ လုံးဝမသက်ဆိုင်ကြောင်း ဖော်ထုတ်ပြသရန် တိုက်တွန်းလိုသည်ဟု ဖော်ပြသည်။

(၂၀၁၃ခုနှစ်က ပြုလုပ်သည့် ဆွမ််းဆန်လောင်းလှူပွဲအား ​တွေ့ရစဥ်)

▪️ပြည်သူကိုနှိပ်စက်သည့် အာဏာရူးများ၏ ဆွမ်းဆန်လောင်းလှူပွဲသို့ မကြွရန် သံဃာတော်များအား လျှောက် ထားတောင်းပန်

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ နှစ်ဆန်းတစ် ရက်နေ့တင် နှစ်စဉ်ပြုလုပ်လေ့ရှိသည့် စုပေါင်းဆွမ်းဆန်လောင်းလှူပွဲကို ယခုနှစ်တွင် စစ်ကောင်စီနှင့် နောက်လိုက်များက ပြုလုပ်ရန် စီစဉ်နေ၍ မြို့လူထုအနေဖြင့် ပါဝင်ခြင်းမပြုရန် ကျောက်ပန်းတောင်းလူငယ်အသံက ယမန်နေ့တွင် ထုတ်ပြန်သည်။

နှစ်စဉ် အစဉ်အလာမပျက် ကျင်းပခဲ့သည့် အဆိုပါ ဆွမ်းဆန်လောင်းလှူပွဲကို ကိုဗစ်ကပ်ရောဂါဆိုးကြုံချိန်က မကျင်းပဘဲ ဆွမ်းဆန်ကို ကျောင်းတိုက်များသို့ တိုက်ရိုက်ကပ်လှူခဲ့ကြောင်း၊ ယခုနှစ်တွင်လည်း မြန်မာတစ်နိုင်ငံလုံး အကြမ်းဖက်စစ်အုပ်စု၏ ဘေးအန္တရာယ်ကျရောက်လျက်ရှိ၍ စစ်အုပ်စုနှင့် မပူးပေါင်းဘဲ ဆွမ်းဆန်ကို ကျောင်း၌ သွားရောက်လောင်းလှူရန် လူငယ်များက တိုက်တွန်းထားသည်။

အကြမ်းဖက် စစ်ကောင်စီသည် ရိုးရာဓလေ့ အစဉ်အလာများကို ခုတုံးလုပ်ပြီး ပြည်သူကိုထိန်းချုပ်နိုင်သယောင် ယောင်၊ နိုင်ငံအတွင်းငြိမ်းချမ်းသာယာနေ ယောင်ယောင် ပုံဖော် လုပ်ဆောင်နေသည်ကို တွေ့ကြမြင်ကြပြီး ဖြစ်၍ အကြမ်းဖက် စစ်အုပ်စုနှင့် ကျောက်ပန်းတောင်းမှ ပြည်သူများ လုံးဝမသက်ဆိုင်ကြောင်း ဖော်ထုတ်ပြသရန် တိုက်တွန်းလိုသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

သံဃာတော်များအနေဖြင့်လည်း ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်နေသော အာဏာရူးများ၏ လူစည်ကားစေရေးမှအပ အခြားရည်ရွယ်ချက်ကင်းမဲ့သည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွရောက်ခြင်းမပြုဘဲ ကျောင်းတိုက်မှသာ လာရောက်လှူဒါန်းသော အလှူရှင်များကို ဒါနမြောက်စေရန် အလှူခံပေးပါရန် ညှိုးငယ်စွာဖြင့် လျှောက်ထားတောင်းပန်အပ်သည်ဟု ကျောက်ပန်းတောင်းလူငယ်များက ထုတ်ပြန်ခဲ့သည်။

ကျောက်ပန်းတောင်းလူငယ်များအနေဖြင့် တော်လှန်သင်္ကြန် လူထုလှုပ်ရှားမှုတွင်မြို့ခံများ ပါဝင်ကြရန် တိုက်တွန်းထားသည်။

ကျောက်ပန်းတောင်း တော်လှန်ရေးအင်အားစုများကလည်း ကျောက်ပန်းတောင်းမြို့နယ်ရှိ ပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်အုပ်စုမှ ပြုလုပ်သော မူးရူးပျော်ပါး ရေကစားပွဲတော် အား ပူးပေါင်းပါဝင်ခြင်း မပြုလုပ်ကြရန်နှင့် မြန်မာ့ရိုးရာ ရေသဘင်ပွဲတော်ရက်များတွင်လည်း လူစည်ကားလျက်ရှိသည့် မည်သည့်နေရာမှ သွားရောက်ခြင်း မပြုရန် ကြေညာထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။

ဆောင်းပါး

​အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။