Connect with us

Hi, what are you looking for?

News

အင်းစိန်ထောင်က အကျဉ်သား ၁၀၀ ကျော်လွှတ်

အင်းစိန်ထောင်ရှေ့ အပေါက်ဝ မှာစောင့်ဆိုင်သူတွေများပြားခဲ့ပေမယ့် အကျဉ်းသားတွေကို နေ့လယ်၁၂နာရီကျော်လောက်မှာတော့ အောက်မဂ်လာဒုံလမ်းမှာရှိတဲ့ အကျဉ်းဦးစီးအပေါက်ကပဲလွှတ်ပေးလိုက်ပါတယ်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဒီနေ့မှာ နိုင်ငံတဝှမ်းအကျဉ်းသူ အကျဉ်းသား ၁၅၀၀ကျော်လွှတ်မယ်လို့ စစ်ကောင်စီကကြေညာခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့မနက်ပိုင်းက အင်းစိန်ထောင်ရှေ့မှာ မိသားစုဝင်တွေသွားရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။

အင်းစိန်ထောင်ရှေ့ အပေါက်ဝ မှာစောင့်ဆိုင်သူတွေများပြားခဲ့ပေမယ့် အကျဉ်းသားတွေကို နေ့လယ်၁၂နာရီကျော်လောက်မှာတော့ အောက်မဂ်လာဒုံလမ်းမှာရှိတဲ့ အကျဉ်းဦးစီးအပေါက်ကပဲလွှတ်ပေးလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားအမှုတွေလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေတွေ ၊ အကျဉ်ထောင်ဝန်ထမ်းအချို့ဆီကသိရတာကတော့ ဒီနေ့အင်းစိန်ထောင်ကနေဒီနေ့လွှတ်ပေးသူဟာ ၁၀၀ကျော်ရှိတယ်လို့သာသိရပြီ အရေအတွက်အတိအကျမသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဒီလိုလွှတ်ပေးတဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားဦရေ နည်းပါးတယ်လို့သိရပါတယ်။

လာရောက်စောင့်ဆိုင်းသူမိသားစုဝင်တွေကတော့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းဟာ စိတ်ပျက်စေတယ်လို့ပြောကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်