Connect with us

Hi, what are you looking for?

News

အင်းစိန်ထောင်က အကျဉ်သား ၁၀၀ ကျော်လွှတ်

အင်းစိန်ထောင်ရှေ့ အပေါက်ဝ မှာစောင့်ဆိုင်သူတွေများပြားခဲ့ပေမယ့် အကျဉ်းသားတွေကို နေ့လယ်၁၂နာရီကျော်လောက်မှာတော့ အောက်မဂ်လာဒုံလမ်းမှာရှိတဲ့ အကျဉ်းဦးစီးအပေါက်ကပဲလွှတ်ပေးလိုက်ပါတယ်။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဒီနေ့မှာ နိုင်ငံတဝှမ်းအကျဉ်းသူ အကျဉ်းသား ၁၅၀၀ကျော်လွှတ်မယ်လို့ စစ်ကောင်စီကကြေညာခဲ့ပါတယ်။

ဒါကြောင့် ဒီနေ့မနက်ပိုင်းက အင်းစိန်ထောင်ရှေ့မှာ မိသားစုဝင်တွေသွားရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။

အင်းစိန်ထောင်ရှေ့ အပေါက်ဝ မှာစောင့်ဆိုင်သူတွေများပြားခဲ့ပေမယ့် အကျဉ်းသားတွေကို နေ့လယ်၁၂နာရီကျော်လောက်မှာတော့ အောက်မဂ်လာဒုံလမ်းမှာရှိတဲ့ အကျဉ်းဦးစီးအပေါက်ကပဲလွှတ်ပေးလိုက်ပါတယ်။

နိုင်ငံရေးအကျဉ်းသားအမှုတွေလိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေတွေ ၊ အကျဉ်ထောင်ဝန်ထမ်းအချို့ဆီကသိရတာကတော့ ဒီနေ့အင်းစိန်ထောင်ကနေဒီနေ့လွှတ်ပေးသူဟာ ၁၀၀ကျော်ရှိတယ်လို့သာသိရပြီ အရေအတွက်အတိအကျမသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဒီလိုလွှတ်ပေးတဲ့သူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားဦရေ နည်းပါးတယ်လို့သိရပါတယ်။

လာရောက်စောင့်ဆိုင်းသူမိသားစုဝင်တွေကတော့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းဟာ စိတ်ပျက်စေတယ်လို့ပြောကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အင်းစိန်ထောင်မှာကျဆုံးသွားတဲ့ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဗဟိုအလုပ်အမှုဆောင်နိုင်ငံရေးအကျဉ်းသူမဝတ်ရည်အောင်ရဲ့နာရေးစျာပနကို ဒီနေ့ (ဇူလိုင် ၂၂ )ရက်ကရန်ကုန်မြို့၊ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အင်းစိန်ထောင်မှာ ကျဆုံးသွားတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ရဲ့ရုပ်အလောင်း ကို အင်းစိန်ဆေးရုံကြီး ကနေ ရေဝေး သုဿန်အအေးခန်းဆီ ဒီနေ့ (ဇူလိုင် ၂၁) ရက်မှာ ပို့ဆောင်ပေးခဲ့တယ်လို့ နာရေးကူညီမှုအသင်း(ရန်ကုန်) က အသိပေးထားပါတယ်။

သတင်း

အင်းစိန်ထောင်မှာ အကျဉ်းကျခံနေတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် ဒီနေ့ (ဇူလိုင်လ ၂၀ ) မနက်ပိုင်း မှာ ဆုံးပါးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ အင်းစိန်အကျဉ်းထောင်မှာ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုသက်နှင်းအောင် တိုက်ပိတ်ခံထားရတယ်လို့ မြန်မာနိုင်ငံ စက်မှု လက်မှု နဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ် သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF)က ဇွန်လ ၁၈ ရက်မှာ ထုတ်ပြန်အသိပေးပါတ​ယ်။