Connect with us

Hi, what are you looking for?

News

ကျဆုံးခဲ့​သော ​ချောင်းဦးPDFရဲ​ဘော် ငါးဦးတွင်CDM ကျန်းမာ​ရေးဝန်ထမ်းတစ်ဦးပါဝင်

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတွင် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသဖြင့် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ကျန်ရစ်သူ မိသားစုများနှင့်ထပ်တူထပ်မျှ ဆို့နင့်ကြေကွဲဝမ်းနည်းရပါကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝမ်းနည်းမှတ်တမ်းပြုသည်။

ယနေ့မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မုံရွာ-မန္တလေးလမ်းမပေါ်၌ သပိတ်စစ်ကြောင်းလုံခြုံရေးအတွက် ပွိုင့်ကင်းတာဝန်ထမ်းဆောင်ရင်း ဖမ်းဆီးပစ်ခတ်ခံရပြီး နိုင်ငံတော်နှင့် ပြည်သူအတွက် အသက်ပေးလှူသွားသူ ရဲဘော်ငါးဦးမှာ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှဖြစ်ပြီး CDM ကျန်းမာရေးဝန်ထမ်း ရဲဘော်တစ်ဦးလည်းပါဝင်ကြောင်း ချောင်းဦး PDF က ပြောသည်။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ဇွဲမာန်အောင်(CDM ပြည်သူ့ကျန်းမာရေးကြီးကြပ် – ၂ ) ၊ရဲဘော် မင်းသန့်ကျော်၊ ရဲဘော် ရာဇာထွန်း၊ရဲဘော် နိုင်ဝဏ္ဏ၊ရဲဘော် မင်းခန့် (ခ) မိုးဒီ တို့သည် ယနေ့ပြုလုပ်သော မုံရွာသပိတ်စစ်ကြောင်းလုံခြုံရေးအတွက် ပွိုင့်ကင်းတာဝန်ထမ်းဆောင်ရင်း အရှင်ဖမ်းဆီးခံရပြီးပစ်ခတ်ခံရသဖြင့် နိုင်ငံတော်အတွက် အသက်ပေးလှူ၍ မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတွင် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသဖြင့် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ကျန်ရစ်သူ မိသားစုများနှင့်ထပ်တူထပ်မျှ ဆို့နင့်ကြေကွဲဝမ်းနည်းရပါကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝမ်းနည်းမှတ်တမ်းပြုသည်။

“ရဲဘော်ဇွဲမာန်အောင်ဆိုရင် သူက ဆေးမှူးလည်းဖြစ်တယ်။ ၇ နှစ်သားကလေးတစ်ယောက်နဲ့ ၁ နှစ်အရွယ်သမီးလေးတစ်ယောက်လည်းရှိတော့ Defence Line မှာမနေဘဲ Medical Team မှာပဲနေဖို့ အကြီးတွေကအကြိမ်ကြိမ်ပြောကြပေမယ့် Defence Line မှာပဲနေပြီး ရှေ့ဆုံးကတိုက်ပါရစေလို့ ဇွတ်ခွင့်တောင်းပြီး Defence Line မှာပဲနေနေတာပါ။”ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ကျဆုံးအာဇာနည်ရဲဘော်များ ဆောင်ရွက်လက်စဖြစ်သောစစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးတာဝန်ကိုကျန်ရစ်သူရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်ဟု ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ယနေ့ ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မုံရွာ-မန္တလေးလမ်းမပေါ်၌ မုံရွာပင်မသပိတ်စစ်ကြောင်းနှင့်ပြည်သူလူထုသည် PDF များဝန်းရံပြီး ဆန္ဒပြခဲ့ကြရာ လူစုခွဲပြီးမကြာမီ မုံရွာ-ချောင်းဦးလမ်းပိုင်းရှိ PDF ကင်းပွိုင့်တစ်ခုအား ဒလန်သတင်းပေးမှုဖြင့် ပျူစောထီးများရောက်ရှိလာပြီး PDFငါးဦးအား သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း မုံရွာပင်မသ​ပိတ်စစ်ကြောင်းကော်မတီမှ ကိုသန်းကျော်ဦးက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook