Connect with us

Hi, what are you looking for?

News

လေးကေကော်တစ်ဝိုက် စစ်ကောင်စီကင်းထောက်လေယာဥ်ပျံဝဲနေ

လေးကေကော်ဒေသမှာ မနေ့ညပိုင်းကလည်း လက်နက်ကြီးပစ်ခတ်သံတွေကြားနေရသေးတာ ဖြစ်ပါတယ်။

လေးကေကော်ဒေသအနီးပတ်ဝန်းကျင်မှာ ဒီကနေ့မနက်အစောပိုင်းက စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်ပျံဝဲနေတယ်လို့ KNLA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းထံက​နေ သိရပါတယ်။

ဒီကနေ့ ဧပြီ ၁၉ ရက် မနက် ၁၂ နာရီကနေ ၁၂ နာရီ ၁၁ မိနစ်အထိ တိုက်လေယာဉ်လို့ ယူဆရတဲ့ လေယာဉ်တစ်စီးဟာ လေးကေကော်ကို လာရောက်ခဲ့သလို မနက် ၆ နာရီခွဲကနေ ၆ နာရီ ၄၅ မိနစ်အထိ ကင်းထောက်လေယာဉ်လို့ ယူဆရတဲ့ လေယာဉ်တစ်စီးဟာ ခုနှစ်ကြိမ်ထက်မနည်း လာရောက်ပျံဝဲလျက်ရှိနေတယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

လေးကေကော်ဒေသမှာ မနေ့ညပိုင်းကလည်း လက်နက်ကြီးပစ်ခတ်သံတွေကြားနေရသေးတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်က လေးကေကော်မှာတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများပြားခဲ့လို့ လေကြောင်းတိုက်ခိုက်မှုတွေ ၁၀ ကြိမ်ကျော် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ KNLA ပူးပေါင်းအဖွဲ့တွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။