Connect with us

Hi, what are you looking for?

News

ခရိုင်တရားသူကြီးအပါအဝင် တရားသူကြီးသုံးဦးနှင့်တရားလွှတ်တော် ရှေ့နေအချို့ကို TNLA က ဖမ်းဆီး

ရှမ်းမြောက်ဒေသခံတစ်ဦးကလည်း “TNLA က တစ်ရက်ခြားတစ်ခါလောက် မူးယစ်ဆေးဝါးရှောင်တခင်စစ်ဆေးတယ်။ နမ့်ဆန်မှာ အဲ့ဒီလိုစစ်ဆေးနေရင်း တရားသူကြီး သုံးဦးနဲ့ ရှေ့နေအချို့ ထိန်းသိမ်းသွားတယ်လို့ ရွာခံတွေကပြောတယ်” ဟု ပြောသည်။

(TNLAတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-Nikkei Asia)

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်​ကောင်စီ၏ခရိုင်တရားသူကြီးတစ်ဦးအပါအဝင် တရားသူကြီးသုံးဦးနှင့် တရားလွှတ်တော် ရှေ့နေအချို့ကို ဒေသတွင်းလုံခြုံရေးနှင့် မူးယစ်ဆေးဝါးစစ်ဆေးရှာဖွေရေးပြုလုပ်နေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သတင်းရရှိသည်။

နမ့်ဆန်မြို့နယ်တစ်နေရာတွင် ဒေသတွင်းလုံခြုံရေးနှင့် မူးယစ်ဆေးဝါးရှာဖွေစစ်ဆေးရေးပြုလုပ်စဥ်ခရိုင်တရားသူကြီးတစ်ဦးနှင့်မန်တုံ၊နမ့်ဆန်မြို့နယ်မှ တရားသူကြီးနှစ်ဦးအပါအဝင် ခုနှစ်ဦးကို TNLA က ယခုရက်ပိုင်းအတွင်း ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်းဟု ​ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

“နမ့်ဆန်မှာ ရုံးဖွင့်ပွဲကို သွားရင်းနဲ အဖမ်းခံရတာ။ ကျောက်မဲခရိုင်တရားသူကြီးနဲ့နောက်ထပ် မြို့နယ်နှစ်ခုကတရားသူကြီးနှစ်ဦး၊ တရားလွှတ်တော်ရှေ့နေတစ်ဦးလည်း ပါတယ်” ဟု တရားရေးဝန်ထမ်းတစ်ဦးကဧပြီ ၁၉ရက်တွင် People’s Spring သို့ပြောသည်။

ရှမ်းမြောက်ဒေသခံတစ်ဦးကလည်း “TNLA က တစ်ရက်ခြားတစ်ခါလောက် မူးယစ်ဆေးဝါးရှောင်တခင်စစ်ဆေးတယ်။ နမ့်ဆန်မှာ အဲ့ဒီလိုစစ်ဆေးနေရင်း တရားသူကြီး သုံးဦးနဲ့ ရှေ့နေအချို့ ထိန်းသိမ်းသွားတယ်လို့ ရွာခံတွေကပြောတယ်” ဟု ပြောသည်။

Public Service Announcement

Public Service Announcement

တရားသူကြီးသုံးဦးထံ၌ မူးယစ်ဆေးဝါးတွေ့၍ ဖမ်းဆီးခြင်းမဟုတ်ဘဲ သီးခြားကိစ္စဖြင့် TNLA က ထိန်းသိမ်းလိုက်ခြင်းဖြစ်နိုင်​ကြောင်းအထက်ပါပုဂ္ဂိုလ်ကမှတ်ချက်ပေးသည်။

ထိန်းသိမ်းခံရသည့် တရားသူကြီး သုံးဦးမှ ကျောက်မဲခရိုင်တရားသူကြီး၊ မန်တုံမြို့နယ်တရားသူကြီးနှင့်၊ နမ့်ဆန်မြို့နယ်တရားသူကြီးဖြစ်သည်ဟု တရားရေးအသိုင်းအဝိုင်းကအတည်ပြုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ တရားသူကြီးအချို့ကို TNLA ကထိန်းသိမ်းခံရသည့်သတင်းကို တာဝန်ထမ်းဆောင်နေဆဲ တရားသူကြီးတစ်ဦးကလည်းဟုတ်မှန်သည်ဟု အတည်ပြုသည်။

အဖမ်းခံရသော တရားသူကြီးသုံးဦးထဲမှ ခရိုင်တရားသူကြီး၏သားသည် စစ်အာဏာရှင်အား လက်နက်ကိုင်ခုခံနေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး၏ ဖခင်ဟု ဆိုသည်။အကြမ်းဖက်စစ်​ကောင်စီက အာဏာလုယူသည့်အ​​ပေါ် ဆန့်ကျင်​ကြောင်း အကြမ်းမဖက်အာဏာဖီဆန်မှု CDM ပြုလုပ်သူများတွင် တရား​ရေး​လောက သည်အနည်းဆုံးဖြစ်ပြီး၊ စစ်အာဏာရှင်ကိုဖီဆန်၍ ဖမ်းဆီးတရားစွဲဆိုခံရသူများကိုစစ်အာဏာရှင်အလိုကျ အမှုများစီရင်​နေကြခြင်းဖြစ်သည်။

” ခရိုင်တရားသူကြီးသားက PDFထဲမှာပါတယ်။ မကြာသေးခင်က အဖမ်းခံရပြီး ထောင်ကျသွားတာ” ဟု၎င်းကဆက်​ပြောသည်။

TNLAသည် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူခဲ့သည့်အပေါ် မထောက်ခံကြောင်းနှင့် မဟာမိတ်ညီနောင်များနှင့်လက်တွဲကာ စစ်အာဏာရှင်အား တိုက်ထုတ်သွားမည်ဟု ကြေငြာထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။ စစ်ကောင်စီဒေါက်တိုင် တရားသူကြီးအချို့ကို ဖမ်းဆီးရသည့်အကြောင်းရင်းကို မေးမြန်းရန်TNLAပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်ထံ အကြိမ်ကြိမ်ဖုန်းခေါ်ဆိုသော်လည်းဆက်သွယ် မရ​သေးပါ။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။