Connect with us

Hi, what are you looking for?

LuduNwayOo

News

ခရိုင်တရားသူကြီးအပါအဝင် တရားသူကြီးသုံးဦးနှင့်တရားလွှတ်တော် ရှေ့နေအချို့ကို TNLA က ဖမ်းဆီး

ရှမ်းမြောက်ဒေသခံတစ်ဦးကလည်း “TNLA က တစ်ရက်ခြားတစ်ခါလောက် မူးယစ်ဆေးဝါးရှောင်တခင်စစ်ဆေးတယ်။ နမ့်ဆန်မှာ အဲ့ဒီလိုစစ်ဆေးနေရင်း တရားသူကြီး သုံးဦးနဲ့ ရှေ့နေအချို့ ထိန်းသိမ်းသွားတယ်လို့ ရွာခံတွေကပြောတယ်” ဟု ပြောသည်။

(TNLAတပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-Nikkei Asia)

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်​ကောင်စီ၏ခရိုင်တရားသူကြီးတစ်ဦးအပါအဝင် တရားသူကြီးသုံးဦးနှင့် တရားလွှတ်တော် ရှေ့နေအချို့ကို ဒေသတွင်းလုံခြုံရေးနှင့် မူးယစ်ဆေးဝါးစစ်ဆေးရှာဖွေရေးပြုလုပ်နေသည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဖမ်းဆီးထိန်းသိမ်းလိုက်သည်ဟု သတင်းရရှိသည်။

နမ့်ဆန်မြို့နယ်တစ်နေရာတွင် ဒေသတွင်းလုံခြုံရေးနှင့် မူးယစ်ဆေးဝါးရှာဖွေစစ်ဆေးရေးပြုလုပ်စဥ်ခရိုင်တရားသူကြီးတစ်ဦးနှင့်မန်တုံ၊နမ့်ဆန်မြို့နယ်မှ တရားသူကြီးနှစ်ဦးအပါအဝင် ခုနှစ်ဦးကို TNLA က ယခုရက်ပိုင်းအတွင်း ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်းဟု ​ဒေသခံသတင်းရင်းမြစ်အချို့က ပြောသည်။

“နမ့်ဆန်မှာ ရုံးဖွင့်ပွဲကို သွားရင်းနဲ အဖမ်းခံရတာ။ ကျောက်မဲခရိုင်တရားသူကြီးနဲ့နောက်ထပ် မြို့နယ်နှစ်ခုကတရားသူကြီးနှစ်ဦး၊ တရားလွှတ်တော်ရှေ့နေတစ်ဦးလည်း ပါတယ်” ဟု တရားရေးဝန်ထမ်းတစ်ဦးကဧပြီ ၁၉ရက်တွင် People’s Spring သို့ပြောသည်။

ရှမ်းမြောက်ဒေသခံတစ်ဦးကလည်း “TNLA က တစ်ရက်ခြားတစ်ခါလောက် မူးယစ်ဆေးဝါးရှောင်တခင်စစ်ဆေးတယ်။ နမ့်ဆန်မှာ အဲ့ဒီလိုစစ်ဆေးနေရင်း တရားသူကြီး သုံးဦးနဲ့ ရှေ့နေအချို့ ထိန်းသိမ်းသွားတယ်လို့ ရွာခံတွေကပြောတယ်” ဟု ပြောသည်။

Public Service Announcement

Public Service Announcement

တရားသူကြီးသုံးဦးထံ၌ မူးယစ်ဆေးဝါးတွေ့၍ ဖမ်းဆီးခြင်းမဟုတ်ဘဲ သီးခြားကိစ္စဖြင့် TNLA က ထိန်းသိမ်းလိုက်ခြင်းဖြစ်နိုင်​ကြောင်းအထက်ပါပုဂ္ဂိုလ်ကမှတ်ချက်ပေးသည်။

ထိန်းသိမ်းခံရသည့် တရားသူကြီး သုံးဦးမှ ကျောက်မဲခရိုင်တရားသူကြီး၊ မန်တုံမြို့နယ်တရားသူကြီးနှင့်၊ နမ့်ဆန်မြို့နယ်တရားသူကြီးဖြစ်သည်ဟု တရားရေးအသိုင်းအဝိုင်းကအတည်ပြုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ တရားသူကြီးအချို့ကို TNLA ကထိန်းသိမ်းခံရသည့်သတင်းကို တာဝန်ထမ်းဆောင်နေဆဲ တရားသူကြီးတစ်ဦးကလည်းဟုတ်မှန်သည်ဟု အတည်ပြုသည်။

အဖမ်းခံရသော တရားသူကြီးသုံးဦးထဲမှ ခရိုင်တရားသူကြီး၏သားသည် စစ်အာဏာရှင်အား လက်နက်ကိုင်ခုခံနေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး၏ ဖခင်ဟု ဆိုသည်။အကြမ်းဖက်စစ်​ကောင်စီက အာဏာလုယူသည့်အ​​ပေါ် ဆန့်ကျင်​ကြောင်း အကြမ်းမဖက်အာဏာဖီဆန်မှု CDM ပြုလုပ်သူများတွင် တရား​ရေး​လောက သည်အနည်းဆုံးဖြစ်ပြီး၊ စစ်အာဏာရှင်ကိုဖီဆန်၍ ဖမ်းဆီးတရားစွဲဆိုခံရသူများကိုစစ်အာဏာရှင်အလိုကျ အမှုများစီရင်​နေကြခြင်းဖြစ်သည်။

” ခရိုင်တရားသူကြီးသားက PDFထဲမှာပါတယ်။ မကြာသေးခင်က အဖမ်းခံရပြီး ထောင်ကျသွားတာ” ဟု၎င်းကဆက်​ပြောသည်။

TNLAသည် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူခဲ့သည့်အပေါ် မထောက်ခံကြောင်းနှင့် မဟာမိတ်ညီနောင်များနှင့်လက်တွဲကာ စစ်အာဏာရှင်အား တိုက်ထုတ်သွားမည်ဟု ကြေငြာထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။ စစ်ကောင်စီဒေါက်တိုင် တရားသူကြီးအချို့ကို ဖမ်းဆီးရသည့်အကြောင်းရင်းကို မေးမြန်းရန်TNLAပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာအိုက်ကျော်ထံ အကြိမ်ကြိမ်ဖုန်းခေါ်ဆိုသော်လည်းဆက်သွယ် မရ​သေးပါ။

ဆက်စပ်သတင်းများ

သတင်း

KIA ရုံးနှင့် တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၅ရက်နောက်ဆုံးထား ကွတ်ခိုင်မြို့မှ ထွက်ခွာရန် TNLA နယ်မြေခံတပ်မှူးများက ပြောကြားခဲ့သည့်အခြေအနေနှင့်ပတ်သက်ပြီး လွေးယေဦးက ယခုကဲ့သို့ ရှင်းပြခြင်းဖြစ်သည်။

သတင်း

ကွတ်ခိုင်ရှိ KIA ဆက်ဆံရေးရုံးနှင့် KIA တပ်ဖွဲ့ဝင်များ ဧပြီ ၁၅ရက် ယနေ့ နောက်ဆုံးထား ဖယ်ရှားရန် TNLAဘက်က ဧပြီ ဒုတိယပတ်အတွင်း နှစ်ကြိမ်လာရောက်ပြောဆိုခဲ့မှု အပေါ် နှစ်ဖက်အရာရှိများ ဆွေးနွေးညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

TNLAဘက်က ပြောကြားလာသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ဖယ်ပေးမည်မဟုတ်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

TNLA ၏ အဆိုပါ ထုတ်ပြန်ချက်အပေါ် ဒေသဆိုင်ရာ စစ်ကောင်စီအုပ်စုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စိုးရိမ်မှုများရှိနေကြောင်း မိုးကုတ်မြို့ခံတဦးကပြောသည်။