Connect with us

Hi, what are you looking for?

News

ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးမိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံး

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရလို့ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးထံကနေ လက်နက်နှစ်လက် သိမ်းဆည်းရခဲ့တယ်လို့ နယ်မြေခံ KNLA တပ်မဟာ ၂ ထံကနေ သိရပါတယ်။

ကေအဲန်ယူ-တောအူး(တောင်ငူ)ခရိုင် တပ်မဟာ ၂ နယ်မြေဖြစ်တဲ့ သံတောင်-တောင်ငူလမ်းပိုင်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားနှစ်ဦး ဒီကနေ့မနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ တောအူးကရင်သတင်းစဉ်က ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ ဧပြီ ၂၀ ရက် မနက် ၆ နာရီခွဲအချိန်ခန့်က သံတောင်ကြီးမြို့နယ် သံတောင်မြို့နဲ့ ပျားစခန်းကျေးရွာကြားမှာရှိတဲ့ ၁၁ မိုင်ကုန်းအနားမှာ ခြေလျင်နဲ့ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သား နှစ်ဦး မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး အဲ့ဒီနေရာမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“မနက် ၆ နာရီခွဲခန့်က အသံအကျယ်ကြီး နှစ်ချက်ကြားရတယ်။ သံတောင်မြို့လမ်း အမှိုက်ပစ်နေရာအောက်က ထင်ပါတယ်။ ပြီးတော့မကြာဘူး။ မြို့ဝင်ဂိတ်ကို စစ်ကောင်စီက ပိတ်ထားတယ်။ သူတို့က လာသမျှလူတွေကို စစ်ဆေးတာပါ။ နောက်မှ သိရတာက စစ်တပ်နှစ်ဦးမိုင်းဆွဲခံရလို့ သေသွားပြီတဲ့”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရလို့ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးထံကနေ လက်နက်နှစ်လက် သိမ်းဆည်းရခဲ့တယ်လို့ နယ်မြေခံ KNLA တပ်မဟာ ၂ ထံကနေ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါ မိုင်းပေါက်ကွဲနေစဉ် စစ်ကောင်စီတပ်သားတွေကြား ဒေသခံတစ်ဦးမောင်းနှင်လာတဲ့ ဆိုင်ကယ်တစ်စီးလည်း ဖြတ်လာခဲ့ကာ တိမ်းမှောက်သွားခဲ့ပြီး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလပိုင်းက အဲ့ဒီလမ်းပိုင်း စစ်ကောင်စီတပ်ဟာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးတာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ နီးနီးကပ်ကပ် သွားလာတာတွေ မပြုလုပ်ကြဖို့ နယ်မြေခံ KNLA တပ်က ပြောကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။