Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီမီးရှို့ဖျက်ဆီး၍ ကရင်နီဒေသရှိ ပြည်သူလူထုနေအိမ် ၁ထောင် နီး ပါးပျက်စီးခဲ့ဟု PKPF ထုတ်ပြန်

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်း စစ်ရေးအရ သော်လည်းကောင်း၊ စစ်ကောင်စီမှ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် မြို့နယ် အသီးသီးရှိ နေအိမ်အရေအတွက်ကို PKPFက ဧပြီ ၂၀ရက်တွင် ဖော်ပြခဲ့သည်။

ဒီး​မော့ဆိုမြို့နယ်၊ ​​အ​နောက်ဖက်ခြမ်းတွင် ​ ငွေ​တောင်​အခြေစိုက်ခလရ(၁၀၂) တပ်မှ ဧပြီ၁၉ ရက်​​တွင် ပစ်ခတ်လိုက်သည့်လက်နက်ကြီး​ကြောင့် ​လေးမိုင်ယပ်ခူ​ကျေးရွာရှိ ဗုဒ္ဓဘုန်းကြီး​ကျောင်းတစ်လုံးကို ပျက်စီးသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ - DMO-Local PDF

အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ခြင်း၊ ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် ကရင်နီ(ကယား) ပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ ပြည်သူလူထုနေအိမ် ၉၆၇လုံး ပျက်စီးခဲ့ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု(PKPF)က သတင်းထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်း စစ်ရေးအရ သော်လည်းကောင်း၊ စစ်ကောင်စီမှ အကြောင်းမဲ့ မီးရှို့ဖျက်ဆီးမှုနှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် မြို့နယ် အသီးသီးရှိ နေအိမ်အရေအတွက်ကို PKPFက ဧပြီ ၂၀ရက်တွင် ဖော်ပြခဲ့သည်။

ဒီး​မော့ဆိုမြို့နယ်၊ ​​အ​နောက်ဖက်ခြမ်းတွင် ​ ငွေ​တောင်​အခြေစိုက်ခလရ(၁၀၂) တပ်မှ ဧပြီ၁၉ ရက်​​တွင် ပစ်ခတ်လိုက်သည့်လက်နက်ကြီး​ကြောင့် ​လေးမိုင်ယပ်ခူ​ကျေးရွာရှိ ဗုဒ္ဓဘုန်းကြီး​ကျောင်းတစ်လုံးကို ပျက်စီးသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – DMO-Local PDF

ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူလူထုနေအိမ်များမှာ လွိုင်ကော်မြို့နယ်မှ (၁၀၈)လုံး၊ ဒီးမောဆိုမြို့နယ် (၅၆၄ )လုံး၊ ဖရူဆိုမြို့နယ်( ၃၉ )လုံးနှင့် ဖယ်ခုံမြို့နယ် (၂၅၆ )လုံး ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အရေအတွက်မှာ PKPF မှ လက်လှမ်းမီသလောက် ပြုစုမှတ်တမ်းတင် ထားခြင်းဖြစ်၍ ဖော်ပြပါ စာရင်းများထက်ပိုမိုနိုင်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဒီး​မော့ဆိုမြို့နယ်၊ ​​အ​နောက်ဖက်ခြမ်းတွင် ​ ငွေ​တောင်​အခြေစိုက်ခလရ(၁၀၂) တပ်မှ ဧပြီ၁၉ ရက်​​တွင် ပစ်ခတ်လိုက်သည့်လက်နက်ကြီး​ကြောင့် ​လေးမိုင်ယပ်ခူ​ကျေးရွာရှိ ဗုဒ္ဓဘုန်းကြီး​ကျောင်းတစ်လုံးကို ပျက်စီးသည်ကို တွေ့ရစဥ်၊ ဓာတ်ပုံ – DMO-Local PDF

စစ်ကောင်စီတပ်သည် ကရင်နီဒေသအပြင် စစ်ကိုင်း၊ မကွေး၊ ချင်း နှင့် အခြားဒေသအသီးသီးရှိ ပြည်သူလူထု နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ် တိုက်ခိုက် ခြင်းများ လုပ်ဆောင်ခဲ့သည်။

Data for Myanmar က ပြုစုထားသည့် စာရင်းများအရ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ယခုနှစ် ဧပြီ ၁၃ရက်နေအထိ နိုင်ငံတစ်ဝန်းရှိ နေရာပေါင်း ၂၅၀ကျော်မှ အိမ်ခြေ ၉,၀၀၀ ကျော်ကို စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။