Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းတွင်လှည့်လည်ဖျက်ဆီး​နေ​သောစစ်​ကောင်စီတပ်ကို ဂဠုန်တပ်​တော်ကတာ​ဝေးပစ်ဖြင့်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မဲအိုးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့( ဧပြီလ ၂၀ရက်နေ့)တွင်လည်း ညောင်လှရွာရှိ ပြည်သူနေအိမ်များကို ဆက်လက်မီးရှို့လျက်ရှိကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်က သတင်းထုတ်ပြန်သည်။

(ဒီပဲယင်းမြို့နယ်ညောင်လှကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှိ့ဖျက်ဆီးနေစဥ်။ ဓါတ်ပုံ-CJ)

ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများအား လှည့်လည်အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်များအား တာဝေးပစ်များဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး ထိခိုက်သေဆုံးနိုင်ကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း လှည့်လည်၍စစ်​ကြောင်းထိုးကာဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ယမန်နေ့ ဧပြီလ ၁၉ ရက် မွန်းလွဲ ၁၂း၂၀ အချိန်က မဲအိုးရွာ အနောက်မြောက်ဘက်တွင် ဂဠုန်တပ်တော် ရဲဘော်ရဲဘက်များမှ တာဝေးပစ် နှစ်ဆင့်ကွဲ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၄ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်က သတင်းထုတ်ပြန်သည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မဲအိုးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့( ဧပြီလ ၂၀ရက်နေ့)တွင်လည်း ညောင်လှရွာရှိ ပြည်သူနေအိမ်များကို ဆက်လက်မီးရှို့လျက်ရှိကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်က သတင်းထုတ်ပြန်သည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ဂဠုန်တပ်တော်သို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံခဲ့ရသည့် အကြမ်းဖက်စစ်တပ်၏ ဝင်ရောက်ဖျက်ဆီးမီးရှို့မှုကြောင့် မဲအိုးကျေးရွာရှိ နေအိမ် (၁၅)လုံးခန့် မီးလောင်ဆုံးရှုံးကာ စပါးတိုက်များ၊ လယ်ယာသုံးစက်ပစ္စည်းများလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် သုံးနာရီခန့်အချိန်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မူးခံတွင်းကျေးရွာသို့ သုံးနေရာမှ ဝင်ရောက်လာပြီး အသက် (၅၀) ကျော်နှင့် အသက်(၆၀)ကျော်ပြည်သူနှစ်ဦးကိုလည်း ပစ်သတ်သွားကာ ညောင်လှကျေးရွာကိုပါ ဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့နေအိမ်များစွာ ဆုံးရှုံးပျက်စီးနိုင်ကြောင်း ဒီပဲယင်းဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။