Connect with us

Hi, what are you looking for?

News

ဒီပဲယင်းတွင်လှည့်လည်ဖျက်ဆီး​နေ​သောစစ်​ကောင်စီတပ်ကို ဂဠုန်တပ်​တော်ကတာ​ဝေးပစ်ဖြင့်တိုက်ခိုက်

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မဲအိုးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့( ဧပြီလ ၂၀ရက်နေ့)တွင်လည်း ညောင်လှရွာရှိ ပြည်သူနေအိမ်များကို ဆက်လက်မီးရှို့လျက်ရှိကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်က သတင်းထုတ်ပြန်သည်။

(ဒီပဲယင်းမြို့နယ်ညောင်လှကျေးရွာအား အကြမ်းဖက်စစ်တပ်က မီးရှိ့ဖျက်ဆီးနေစဥ်။ ဓါတ်ပုံ-CJ)

ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများအား လှည့်လည်အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်များအား တာဝေးပစ်များဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး ထိခိုက်သေဆုံးနိုင်ကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်က သတင်းထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း လှည့်လည်၍စစ်​ကြောင်းထိုးကာဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ယမန်နေ့ ဧပြီလ ၁၉ ရက် မွန်းလွဲ ၁၂း၂၀ အချိန်က မဲအိုးရွာ အနောက်မြောက်ဘက်တွင် ဂဠုန်တပ်တော် ရဲဘော်ရဲဘက်များမှ တာဝေးပစ် နှစ်ဆင့်ကွဲ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား ၄ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်က သတင်းထုတ်ပြန်သည်။

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မဲအိုးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့( ဧပြီလ ၂၀ရက်နေ့)တွင်လည်း ညောင်လှရွာရှိ ပြည်သူနေအိမ်များကို ဆက်လက်မီးရှို့လျက်ရှိကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်က သတင်းထုတ်ပြန်သည်။

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ ဂဠုန်တပ်တော်သို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံခဲ့ရသည့် အကြမ်းဖက်စစ်တပ်၏ ဝင်ရောက်ဖျက်ဆီးမီးရှို့မှုကြောင့် မဲအိုးကျေးရွာရှိ နေအိမ် (၁၅)လုံးခန့် မီးလောင်ဆုံးရှုံးကာ စပါးတိုက်များ၊ လယ်ယာသုံးစက်ပစ္စည်းများလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် သုံးနာရီခန့်အချိန်ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မူးခံတွင်းကျေးရွာသို့ သုံးနေရာမှ ဝင်ရောက်လာပြီး အသက် (၅၀) ကျော်နှင့် အသက်(၆၀)ကျော်ပြည်သူနှစ်ဦးကိုလည်း ပစ်သတ်သွားကာ ညောင်လှကျေးရွာကိုပါ ဝင်ရောက် မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူ့နေအိမ်များစွာ ဆုံးရှုံးပျက်စီးနိုင်ကြောင်း ဒီပဲယင်းဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

သဖန်းဆိပ်ဆည်ဖောက်ချလို့ ​ရေ​ဘေးသင့်ခဲ့တဲ့စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်က ရေဘေးသင့်ပြည်သူတွေအတွက် မော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးရဲဘော်တွေနဲ့ဒေသခံတွေက အလှူငွေ ကျပ်သိန်း၅၀၀ နီးပါး ထောက်ပံ့ပေးခဲ့ပါတယ်။

Facebook