Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒေါ်လာမူဝါဒကို ကင်းလွတ်ခွင့်အချို့ ပေးပြီး စစ်ကောင်စီဖြေလျော့

ကနဦးက ပြည်ပကနေ ဒေါ်လာဝင်ငွေ ဝင်လာရင် တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ တစ်ရက်အတွင်းရောင်းချရမယ်လို့ စစ်ကောင်စီက ဧပြီလ ၃ ရက်က အမိန့်ထုတ်တာပါ။

ဒေါ်လာနဲ့ဝင်ငွေရရင် သတ်မှတ်ဈေးနှုန်းနဲ့တစ်ရက်အတွင်းရောင်းချရမယ်ဆိုတဲ့ အမိန့်ထုတ်ခဲ့တဲ့ စစ်ကောင်စီဟာ တစ်လအတွင်းမှာတင် အဲဒီအမိန့်ကို ပြန်ဖြေလျော့ပေးလိုက်ရပါတယ်။

ကနဦးက ပြည်ပကနေ ဒေါ်လာဝင်ငွေ ဝင်လာရင် တစ်ဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ တစ်ရက်အတွင်းရောင်းချရမယ်လို့ စစ်ကောင်စီက ဧပြီလ ၃ ရက်က အမိန့်ထုတ်တာပါ။

ဒါပေမယ့် အမိန့်ထုတ်ပြီး ၁၇ ရက်အကြာမှာတင် အဲဒီအမိန့်ကနေ ကင်းလွတ်ခွင့်ပေးရမယ့် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို စစ်ကောင်စီဗဟိုဘဏ်က အသိပေးကြေညာပါတယ်။

စစ်ကောင်စီ ကင်းလွတ်ခွင့်ပေးလိုက်တာတွေကတော့ ပြည်တွင်းမှာလာရောက်လုပ်ကိုင်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ၊ သံတမန်အသိုင်းအဝိုင်း ၊ကုလသမဂ္ဂအပါအဝင် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေကြသူတွေ ၊လေကြောင်းလိုင်းတွေ ပါဝင်တာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ကင်းလွတ်ခွင့်ပေးရမယ့်သူတွေကို စာရွက်စာတမ်းအထောက်အထားတွေရယူပြီး စိစစ်ဖို့ကိုလည်း စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ညွှန်ကြားပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။