Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒူးပလာယာခရိုင်ထဲက ကျေးရွာသုံးရွာကို စစ်ကောင်စီလေယာဥ်နဲ့ ဗုံးကြဲ

တစ်ဆက်တည်းမှာပဲ ထီးသဘလူခီးကျေးရွာမှာလည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးသုံးလုံး ထပ်မံကြဲချခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရကြောင်း ဒူးပလာယာခရိုင်က ဆိုထားပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် နို့တကောမြို့နယ်အတွင်းမှာရှိတဲ့ ကွီးလယ်တဲရွာနဲ့ ကွီးလယ်ရွာသစ်ကျေးရွာတို့ကို စစ်ကောင်စီတပ်က ဒီကနေ့ညနေပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ဒီကနေ့ညနေ ငါးနာရီအချိန်ခန့်က တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကွီးလယ်တဲနဲ့ ကွီးလယ်ရွာသစ် ကျေးရွာထဲကို စစ်ကောင်စီတပ်က လေယာဉ်နှစ်စီးနဲ့ ဗုံးငါးလုံးကြဲချခဲ့တယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

တစ်ဆက်တည်းမှာပဲ ထီးသဘလူခီးကျေးရွာမှာလည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးသုံးလုံး ထပ်မံကြဲချခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်အရ သိရကြောင်း ဒူးပလာယာခရိုင်က ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ကွီးလယ်တဲ စစ်ဆင်ရေးခြေကုပ်စခန်းကို ကေအဲန်ယူက ရေဖြတ်တောက်ထားတဲ့အတွက် ကျေးရွာတွေအပေါ် စစ်ကောင်စီက ဖျက်ဆီးအောင်လုပ်ဆောင်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားပြီး အခုလို ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဒီကနေ့ညပိုင်းမှာလည်း တပ်မဟာ ၆ နယ်မြေ လေးကေကော်ဒေသအနီးက ဖလူး သေ့ဘောဘိုးကျေးရွာဘက်မှာ KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။