Connect with us

Hi, what are you looking for?

News

ထယ်​​ဘွေ့စခန်းအင်အားဖြည့်ပြီးအပြန်စစ်​ကောင်စီတပ်ကို CDF(မတူပီ)တိုက်ခိုက်စစ်သား ၆ဦး​သေ၊ ၇ ဦးဒဏ်ရာရဟုတာဝန်ရှိသူ​ပြော

မတူပီနယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြည့်တင်းနေသောကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည်ဟုလည်းသိရသည်။

(CDF(မတူပီ)တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ- CDF-မတူပီ)

မတူပီ-ပလက်ဝ လမ်းပေါ်ရှိ ထယ်ဘွေးစစ်​ကောင်စီတပ်စခန်းကို အင်အားလာဖြည့်ပြီး ပြန်လာ​သောစစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့သည်ဟု CDF( မတူပီ) ကသတင်းထုတ်ပြန်သည်။

အဆိုပါစစ်ကြောင်းသည် အင်အား ၁၅၀ခန့်ပါဝင်ပြီး မတူပီမြို့ နှင့် ၁၆ မိုင်အကွာ ဝလန်ပီးရွာအနီးတွင်CDF မတူပီက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၊ ခြုံခိုတိုက်ခိုက်ခဲ့ရ စစ်ကောင်စီတပ်မှ ၆ဦး ​သေဆုံးကာ ဒဏ်ရာရရှိသူ အနည်းဆုံး ၇ဦးခန့်လည်းရှိ​ကြောင်းCDF(မတူပီ) တာဝန်ရှိသူတစ်ဦးကပြောသည်။

ယ​နေ့(ဧပြီ ၂၂ရက် )နံနက် ၈နာရီခွဲခန့်တွင် ဖြစ်ပွား​သောတိုက်ပွဲတွင် မတူပီ CDF တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိကြောင်းလည်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

“စခန်း(စစ်​ကောင်စီစခန်း)တည်နေရာက မတူပီ-ပလက်ဝနယ်စပ်မှာတည်ရှိတာ။ ပြီးခဲနှစ် ကုန်ပိုင်းလောက်ဒီနှစ်စပိုင်းမှာစခန်းကို(CDF တပ်များက) ဝိုင်းတယ်၊ သိမ်းတယ်။ ဒါပေ့မယ် လက်နက်ခဲ့ယမ်းနဲ့ လူအင်အားမလုံလောက်လို့ မသိမ်းဘူး။ ဒါပေ့မယ် ကျတော်တို့က သူတို့ကို တတ်နိုင်သလောက် ခြုံခိုတိုက်ခိုက်တယ်။အင်အားတော့လျော့သွားတယ်(စစ်​ကောင်စီတပ်) ။ အခုအဲ့တပ်စခန်းကို အင်အားဖြည့်ပြီး ပြည်လည်ဆုတ်ခွာလာတဲ့ တပ်ကိုတိုက်တာ။ ဟိုမှာ ဘယ်လောက်အင်အားဖြည့်လာလည်းတော့မသိဘူး၊ အဲ့လိုအင်အားဖြည့်ပြီးပြန်လာတဲ့ တပ်ကို ခြုံခိုတိုက်ခိုက်တာပါ။” ဟု အထက်ပါတာဝန်ရှိသူက​ပြောသည်။

Public Service Announcement

Public Service Announcement

မတူပီနယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြည့်တင်းနေသောကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည်ဟုလည်းသိရသည်။

ထိုအပြင် မကြာခင်မိုးရာသီရောက်ရှိလာတော့မည်ဖြစ်၍ မိုးရာသီတွင် ချင်းတောင်တွင် သွားရေးလာရေးခက်ခဲသဖြင့် ဒေသခံကာကွယ်ရေးတပ်များကို ပြည်သူလူထုအနေဖြင့်
ပိုမိုကူညီကြရန်လည်း CDF(မတူပီ) တာဝန်ရှိသူတစ်ဦးက​မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။