Connect with us

Hi, what are you looking for?

LuduNwayOo

News

ထယ်​​ဘွေ့စခန်းအင်အားဖြည့်ပြီးအပြန်စစ်​ကောင်စီတပ်ကို CDF(မတူပီ)တိုက်ခိုက်စစ်သား ၆ဦး​သေ၊ ၇ ဦးဒဏ်ရာရဟုတာဝန်ရှိသူ​ပြော

မတူပီနယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြည့်တင်းနေသောကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည်ဟုလည်းသိရသည်။

(CDF(မတူပီ)တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ- CDF-မတူပီ)

မတူပီ-ပလက်ဝ လမ်းပေါ်ရှိ ထယ်ဘွေးစစ်​ကောင်စီတပ်စခန်းကို အင်အားလာဖြည့်ပြီး ပြန်လာ​သောစစ်ကောင်စီတပ်ကို ခြုံခိုတိုက်ခိုက်ရာစစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့သည်ဟု CDF( မတူပီ) ကသတင်းထုတ်ပြန်သည်။

အဆိုပါစစ်ကြောင်းသည် အင်အား ၁၅၀ခန့်ပါဝင်ပြီး မတူပီမြို့ နှင့် ၁၆ မိုင်အကွာ ဝလန်ပီးရွာအနီးတွင်CDF မတူပီက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ၊ ခြုံခိုတိုက်ခိုက်ခဲ့ရ စစ်ကောင်စီတပ်မှ ၆ဦး ​သေဆုံးကာ ဒဏ်ရာရရှိသူ အနည်းဆုံး ၇ဦးခန့်လည်းရှိ​ကြောင်းCDF(မတူပီ) တာဝန်ရှိသူတစ်ဦးကပြောသည်။

ယ​နေ့(ဧပြီ ၂၂ရက် )နံနက် ၈နာရီခွဲခန့်တွင် ဖြစ်ပွား​သောတိုက်ပွဲတွင် မတူပီ CDF တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုမရှိကြောင်းလည်းထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

“စခန်း(စစ်​ကောင်စီစခန်း)တည်နေရာက မတူပီ-ပလက်ဝနယ်စပ်မှာတည်ရှိတာ။ ပြီးခဲနှစ် ကုန်ပိုင်းလောက်ဒီနှစ်စပိုင်းမှာစခန်းကို(CDF တပ်များက) ဝိုင်းတယ်၊ သိမ်းတယ်။ ဒါပေ့မယ် လက်နက်ခဲ့ယမ်းနဲ့ လူအင်အားမလုံလောက်လို့ မသိမ်းဘူး။ ဒါပေ့မယ် ကျတော်တို့က သူတို့ကို တတ်နိုင်သလောက် ခြုံခိုတိုက်ခိုက်တယ်။အင်အားတော့လျော့သွားတယ်(စစ်​ကောင်စီတပ်) ။ အခုအဲ့တပ်စခန်းကို အင်အားဖြည့်ပြီး ပြည်လည်ဆုတ်ခွာလာတဲ့ တပ်ကိုတိုက်တာ။ ဟိုမှာ ဘယ်လောက်အင်အားဖြည့်လာလည်းတော့မသိဘူး၊ အဲ့လိုအင်အားဖြည့်ပြီးပြန်လာတဲ့ တပ်ကို ခြုံခိုတိုက်ခိုက်တာပါ။” ဟု အထက်ပါတာဝန်ရှိသူက​ပြောသည်။

Public Service Announcement

Public Service Announcement

မတူပီနယ်မြေအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြည့်တင်းနေသောကြောင့် တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သည်ဟုလည်းသိရသည်။

ထိုအပြင် မကြာခင်မိုးရာသီရောက်ရှိလာတော့မည်ဖြစ်၍ မိုးရာသီတွင် ချင်းတောင်တွင် သွားရေးလာရေးခက်ခဲသဖြင့် ဒေသခံကာကွယ်ရေးတပ်များကို ပြည်သူလူထုအနေဖြင့်
ပိုမိုကူညီကြရန်လည်း CDF(မတူပီ) တာဝန်ရှိသူတစ်ဦးက​မေတ္တာရပ်ခံသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။