Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူများကို စစ်​ကောင်စီရဲများခြိမ်း​ခြောက်​စစ်​ဆေးငွေ​တောင်း​နေစဥ် RFF ကမိုင်းနှစ်လုံးခွဲတိုက်ခိုက်

ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ ရှေ့တွင် ရဲသား၂၀ခန့်ဖြင့် ခရီးသွားပြည်သူများအား တားဆီး၍ အကြမ်းဖက်စစ်ဆေးလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ အမှတ် ၂၈ ရဲတပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များက ပြည်သူများအား ခြိမ်းခြောက်၊စစ်​ဆေး၊ငွေတောင်းနေချိန် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Regional Friend Fighter(RFF) အဖွဲ့က သတင်းထုတ်ပြန်သည်။

အမှတ် ၂၈ ရဲတပ်ရင်းမှထွက်၍ လမ်းသွားလမ်းလာပြည်သူများကိုတားဆီး၍ စစ်ဆေးခြင်း၊ ငွေတောင်းခံခြင်းများ ပြုလုပ်နေစဥ် အကြမ်းဖက်အဖွဲ့ဝင် ရဲများအား Regional Friend Fighter(RFF)၊ မိုးသောက်ကြယ်အဖွဲ့နှင့် Chindwin Peacock အဖွဲ့တို့ပူးပေါင်း၍ ရဲတပ်ရင်း၏ အရှေ့မြောက်ဘက် တပ်ရင်းအုတ်တံတိုင်းဘေးတွင် လေးလက်မ ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲခဲ့သည်။​ဖောက်ခွဲတိုက်ခိုက်မှု​ကြောင့် အကြမ်းဖက်ရဲများ သေဆုံးထိ့ခိုက်မှုရှိနိုင်​သော်လည်းလုံခြုံရေးအခြေအနေအရ အတည်မပြုနိုင်ကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း၊နောင်တွင်လည်း ပြည်သူများအား စစ်ဆေးခြင်း၊ ငွေတောင်းခံခြင်းများရှိပါက ဆက်လက်ဆုံးမသွားမည်ဟု Regional Friend Fighter(RFF) အဖွဲ့က သတိပေးသည်။

“ပုသိမ်-မုံရွာ လမ်းပိုင်း တပ်ရင်း၂၈၊ အုတ်တံတိုင်းဘေး ‌တိုက်ခိုက်မှုလုပ်ထားပါတယ်။ အခြေအနေအသေးစိတ်ကို ထပ်ပြောပေးပါမယ်။”ဟု Regional Friend Fighter(RFF) အဖွဲ့က တာဝန်ရှိသူက People’s Spring သို့ပြောသည်။

ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ ရှေ့တွင် ရဲသား၂၀ခန့်ဖြင့် ခရီးသွားပြည်သူများအား တားဆီး၍ အကြမ်းဖက်စစ်ဆေးလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုရဲတပ်ရင်း ၂၈ သည် ဇန်နဝါရီလမှ မတ်လအထိ မကြာခဏတိုက်ခိုက်ခံခဲ့ရပြီး အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။