Connect with us

Hi, what are you looking for?

News

ပြည်သူများကို စစ်​ကောင်စီရဲများခြိမ်း​ခြောက်​စစ်​ဆေးငွေ​တောင်း​နေစဥ် RFF ကမိုင်းနှစ်လုံးခွဲတိုက်ခိုက်

ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ ရှေ့တွင် ရဲသား၂၀ခန့်ဖြင့် ခရီးသွားပြည်သူများအား တားဆီး၍ အကြမ်းဖက်စစ်ဆေးလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ အမှတ် ၂၈ ရဲတပ်ရင်းမှ အကြမ်းဖက်စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များက ပြည်သူများအား ခြိမ်းခြောက်၊စစ်​ဆေး၊ငွေတောင်းနေချိန် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Regional Friend Fighter(RFF) အဖွဲ့က သတင်းထုတ်ပြန်သည်။

အမှတ် ၂၈ ရဲတပ်ရင်းမှထွက်၍ လမ်းသွားလမ်းလာပြည်သူများကိုတားဆီး၍ စစ်ဆေးခြင်း၊ ငွေတောင်းခံခြင်းများ ပြုလုပ်နေစဥ် အကြမ်းဖက်အဖွဲ့ဝင် ရဲများအား Regional Friend Fighter(RFF)၊ မိုးသောက်ကြယ်အဖွဲ့နှင့် Chindwin Peacock အဖွဲ့တို့ပူးပေါင်း၍ ရဲတပ်ရင်း၏ အရှေ့မြောက်ဘက် တပ်ရင်းအုတ်တံတိုင်းဘေးတွင် လေးလက်မ ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲခဲ့သည်။​ဖောက်ခွဲတိုက်ခိုက်မှု​ကြောင့် အကြမ်းဖက်ရဲများ သေဆုံးထိ့ခိုက်မှုရှိနိုင်​သော်လည်းလုံခြုံရေးအခြေအနေအရ အတည်မပြုနိုင်ကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း၊နောင်တွင်လည်း ပြည်သူများအား စစ်ဆေးခြင်း၊ ငွေတောင်းခံခြင်းများရှိပါက ဆက်လက်ဆုံးမသွားမည်ဟု Regional Friend Fighter(RFF) အဖွဲ့က သတိပေးသည်။

“ပုသိမ်-မုံရွာ လမ်းပိုင်း တပ်ရင်း၂၈၊ အုတ်တံတိုင်းဘေး ‌တိုက်ခိုက်မှုလုပ်ထားပါတယ်။ အခြေအနေအသေးစိတ်ကို ထပ်ပြောပေးပါမယ်။”ဟု Regional Friend Fighter(RFF) အဖွဲ့က တာဝန်ရှိသူက People’s Spring သို့ပြောသည်။

ယင်းမာပင်မြို့နယ် ရဲတပ်ရင်း ၂၈ ရှေ့တွင် ရဲသား၂၀ခန့်ဖြင့် ခရီးသွားပြည်သူများအား တားဆီး၍ အကြမ်းဖက်စစ်ဆေးလေ့ရှိကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုရဲတပ်ရင်း ၂၈ သည် ဇန်နဝါရီလမှ မတ်လအထိ မကြာခဏတိုက်ခိုက်ခံခဲ့ရပြီး အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ သေဆုံးမှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။