Connect with us

Hi, what are you looking for?

News

အထူးမိုင်းစစ်ဆင်​ရေး​ကြောင့်စစ်​ကောင်စီတပ်မိုင်းရှင်းကားပျက်စီးမှုအချို့ဖြစ်ပြီး ၈ ဦးခန့်​သေနိုင်ဟုCDSOM ​ပြော

မိုင်းခွဲတိုက်ခိုက်မှု​ကြောင့် Jumper ကားမှာ ရှေ့ပိုင်းနှင့်ဘေးဘက်များ ပျက်စီးသွားပြီး အခင်းဖြစ်ပွားရာနေရာတွင် အကြမ်းဖက်စစ်သား ၈ ဦး သေဆုံးပြီး ကျန်စစ်သား ၁၅ ဦးခန့်မှာနတ်ရေကန်ကျေးရွာဆေးခန်းသို့ အရေးပေါ်ပြေးပို့လိုက်ရကြောင်း CDSOMက အသိပေးသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၏ မြောင်တော်လှန်ရေးနေ့​အထိမ်းအမှတ်အဖြစ် မန္တလေး-မုံရွာလမ်းမပေါ်၌ အထူးမိုင်းစစ်ဆင်ရေးပြုလုပ်ရာစစ်​ကောင်စီတပ်မှ မိုင်းရှင်းကားတစ်စီးပျက်စီးမှုအချို့ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၈ ဦးခန့်သေဆုံးနိုင်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် လုံခြုံရေးအဖွဲ့ CDSOMကသတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီလ ၂၂ ရက်) နံနက် ၁ဝ နာရီခန့်က မန္တလေး-မုံရွာလမ်းမပေါ်၊ မုံရွာမှ မြင်းမူဘက်သို့ စစ်​ကောင်စီတပ်ကအသွား ဂွေးပင်တောရွာ နှင့်ဘိုးမင်းကြီးကင်းအကြားတွင် Jumper ကားနှစ်စီးနှင့် ကားရှေ့မှလမ်းလျှောက်သွားသော အကြမ်းဖက်စစ်တပ်မှ စစ်သား ၂ဝ ခန့်အား မြောင်မြို့နယ်
ပြည်သူ့ကာကွယ်​ရေးအဖွဲ့ ​(မြောင်ပကဖ) အဖွဲ့ဝင်CDSOM မှ ဦးဆောင်၍ MZW မှ အထူးမိုင်းစစ်ဆင်ရေးအတွက် ထုတ်လုပ်ထားသော ၄ လုံးဆင့်ကျောက်တိုင် မိုင်း ၂ လုံးဖြင့် တိုက်ခိုက်သည်။

မိုင်းခွဲတိုက်ခိုက်မှု​ကြောင့် Jumper ကားမှာ ရှေ့ပိုင်းနှင့်ဘေးဘက်များ ပျက်စီးသွားပြီး အခင်းဖြစ်ပွားရာနေရာတွင် အကြမ်းဖက်စစ်သား ၈ ဦး သေဆုံးပြီး ကျန်စစ်သား ၁၅ ဦးခန့်မှာနတ်ရေကန်ကျေးရွာဆေးခန်းသို့ အရေးပေါ်ပြေးပို့လိုက်ရကြောင်း CDSOMက အသိပေးသည်။

အထူးမိုင်းကွဲပြီး ဆောက်တည်ရာမရဖြစ်နေသော အကြမ်းဖက်စစ်သားများသည် ဦးတည်ရာမရဖြစ်နေချိန် လက်ကျန်မိုင်း ၁၁ လုံးနှင့် တစ်ဖက်ပွင့်နှစ်လုံးဆင်ထားသော ကြိုးများအား ထပ်မံ၍ ခလုတ်တိုက်မိကုန်ရာ အကုန်ပေါက်ကွဲပြီးစစ်​ကောင်စီတပ်သား မည်မျှထပ်သေသည်ကို မသိရသော်လည်း သေဆုံးနှင့်ဒဏ်ရာရသူ များပြားနိုင်ကြောင်းလည်း CDSOMက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ယခုကဲ့သို့ မြောင်နယ်၏ ပထမဆုံး တော်လှန်ရေးစခန်းစတင်တည်ထောင်ပြီး အာဏာရှင်အား လက်နက်ကိုင်ဆန့်ကျင်သော နှစ်ပတ်လည်နေ့အား မြောင်နယ်၏ တော်လှန်ရေးနေ့အဖြစ် မဟာမိတ်များနှင့် နယ်မြေခံအဖွဲ့များအားလုံး ကျင်းပနေချိန်တွင် ယမန်နေ့ညက အကြမ်းဖက်စစ်ကောင်စီတပ်များမှ အင်အားထပ်မံဖြည့်တင်းလာခဲ့သည့်အတွက် ယခုစစ်ဆင်ရေးအား ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် လုံခြုံရေးအဖွဲ့ CDSOMက ပြောသည်။

“ဒီနေ့က မြောင်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲကို မြောင်နယ် အင်အားစုတွေ အတူ လုပ်ဆောင်နေကြပါတယ်။ တစ်ချိန်ထဲမှာ မိုင်းစစ်ဆင်ရေးလုပ်ဆောင်နိုင်ခဲ့တယ် ။ ခွေးတွေက မြောင်နယ် အင်အား တိုးချဲ့တယ်လို့ သိရတယ်။ အဲ့ဒီတော့ စစ်ဆေးရေးကိုမျက်ခြေမပျက် စောင့်ကြည့်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်တယ်။ မိုင်းရှင်းလာတဲ့ခွေးတွေ မိုင်းစာမိတယ်။ မိုင်းက ၄ လုံးဆင့် လမ်းမိုင်း -M2W ထုတ်လုပ်ရေးက ပံ့ပိုးပေးထားတာပါ ။ ခွေးသေစာရင်းထက် လုပ်ဆောင်ချက်တွေထိမိပြီး အမြဲတော်လှန်ရေးအင်အားစုတွေလှုပ်ရှားနေပါတယ် ။ မစ်ရှင်အောင်တော့ ကြည်နူးရတာပေါ့။”ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် လုံခြုံရေးအဖွဲ့ CDSOM တာဝန်ရှိသူက People’s Spring သို့ပြောသည်။

အဆိုပါ မိုင်းစစ်ဆင်ရေးကို မြောင်မြို့နယ် ပကဖအဖွဲ့ဝင် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် လုံခြုံရေးအဖွဲ့ CDSOM၊ Myaung Women Warriors M2W၊ တပ်ရင်း ၁၊ တပ်ရင်း ၂၊ တပ်ခွဲ ၃၊ Myaung Union Army၊ ကန္တာရသိန်းငှက်အဖွဲ့၊ Black Eagle Defence Force-MMU အဖွဲ့နှင့် Myinmu Civil Revolution Force-မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ပြည်သူ့ကာကွယ်ရေးတပ်များမှ တပ်ဖွဲ့ဝင်များသည် အထိအခိုက်မရှိ အန္တရာယ်ကင်းစွာ ဌာနေသို့ ပြန်လည်ရောက်ရှိကြောင်း ၎င်းတို့က အသိပေးသည်။

စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီအား ရရာလက်နက်ဖြင့်ခုခံတိုက်ခိုက်ခဲ့မှု ယနေ့ဧပြီလ ၂၂ ရက်နေ့တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး မြောင်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် နယ်မြေချင်းထိဆက်နေသော စစ်ကိုင်းတိုင်း၊ ချောင်းဦး၊ မုံရွာ၊ အရာတော်၊ မြင်းမူ၊ စစ်ကိုင်းနှင့် မကွေးတိုင်း ရေစကြို၊ မန္တလေးတိုင်း မြင်းခြံနယ်များရှိ PDF အဖွဲ့များနှင့်ပါ ချိတ်ဆက်ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီအား ​ခုခံတိုက်ခိုက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။