Connect with us

Hi, what are you looking for?

News

မုံရွာတွင် စစ်​ကောင်စီတပ်ယာဥ် တိုက်ခိုက်ခံရပြီး ထိခိုက်​သေဆုံးမှုများဟုဆို

မုံရွာမြို့နယ်သည် နယ်ဘက်တင်မက မြို့ပေါ်တွင်ပါ အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီကလည်း မြို့နေလူထုအား အကြမ်းဖက်ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီယာဥ်တစ်စီးတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သားများသေဆုံးမှုရှိကာ အဆိုပါစစ်ကားနှင့်ကပ်လျက်လိုက်ပါလာသည့် ပြည်သူနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့ (ဧပြီလ ၂၂ ရက်) နံနက်၇နာရီမိနစ်၂၀ ခန့်က မုံရွာမြို့၊ မုံရွာ-သာစည်ကျေးရွာသွားလမ်း ကျောက်စစ်ပုံရွာလမ်းထိပ်တွင် အကြမ်းဖက်စစ်သားများ အပြည့်လိုက်ပါလာသော ကားတစ်စီးအား မိုင်းခွဲတိုက်ခိုက်ရာ ကားပေါ်လိုက်ပါလာသူများအနက် အကြမ်းဖက်စစ်သား ၁၀ဦးကျော်သေဆုံးကြောင်း၊ အဆိုပါကားနှင့် ကပ်လိုက်လာသော ပြည်သူနှစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိသွားပါကြောင်းမုံရွာခရိုင်တပ်ရင်းများက သတင်းထုတ်ပြန် သည်။

မုံရွာခရိုင် တပ်ရင်း- ၂ (Chindwin Attack Force)၏ Fight For People-FFP ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် တပ်ခွဲ (၄)၏ မဟာမိတ် Yan Gyi Aungတို့ပူးပေါင်းကာ ပြည်သူများအားတပ်ရင်းတပ်ခွဲ တပ်စိတ်အပြင် တော်လှန်ရေးအင်အားစုများက သတိပေးစာများ အကြိမ်ကြိမ်ထုတ်ပြန်ထားသည့်ကြားက အကြမ်းဖက်စစ်ကားနှင့် ကပ်လိုက်ပါ၍ ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည့်အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ နောက်နောင်မိဘပြည်သူများအနေဖြင့် စစ်သားရဲသားများနှင့် အဝေးဆုံးနေပြီး ကပ်မလိုက်ပါရန် ထပ်မံမေတ္တာရပ်ခံကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးသည်။

တိုက်ခိုက်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

မုံရွာမြို့နယ်သည် နယ်ဘက်တင်မက မြို့ပေါ်တွင်ပါ အကြမ်းဖက်စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီကလည်း မြို့နေလူထုအား အကြမ်းဖက်ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။