Connect with us

Hi, what are you looking for?

News

ရေးမြို့အနီး စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရ၊ နှစ်ဦးသေ နှစ်ဦးဒဏ်ရာရ

ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကာ နှစ်ပွင့်ဖြင့် အရာရှိတစ်ဦးအပါအဝင် တပ်သားတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ၎င်းက ဆက်ပြော သည်။

ရေးမြို့အနီးရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း(MSRO)က ယနေ့ (ဧပြီ ၂၃)ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီခန့်က ရေးမြို့နယ် ရွာသစ်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို အရှည်နှစ်လက်ဖြင့် အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ကျွန်​တော်တို့အဖွဲ့က အရှည်နှစ်လက်နဲ့ ကင်းဂိတ်အထိသွား​ပြီး အနီးကပ် ၀င်ရောက်ပစ်ခတ်တာ နှစ်ကောင်ပွဲချင်းပြီး နှစ်ပွင့်ကောင်ဆေးရုံရောက်သွားတယ်လို့ သိရပါတယ်”ဟု MSRO မှ တော် လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးကာ နှစ်ပွင့်ဖြင့် အရာရှိတစ်ဦးအပါအဝင် တပ်သားတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ၎င်းက ဆက်ပြော သည်။

Public Service Announcement

Public Service Announcement

အထက်ပါ စစ်ဆေးရေးဂိတ်ချထားသည့် တံတားမှာ မွန်ပြန်နယ်နှင့် တနသ်ာရီတိုင်းအား ဆက်သွယ်ထားသည့် တံတားတစ်စင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ အချိန့်ပြည့်နီးပါး လုံခြုံရေးချထားသည့်နေရာလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

Facebook