Connect with us

Hi, what are you looking for?

News

မိုးဗြဲမြို့တွင် KNDFက ပြောက်ကျားနည်းဖြင့် တိုက်ခိုက် ၍ စစ်ကောင်စီတပ် သုံးဦးခန့်ဒဏ်ရာရ

တိုက်ပွဲမှာ မိနစ်၂၀ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က အနည်းဆုံးသုံးဦးခန့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNDF တပ်ရင်း(၃)မှ ရဲဘော်များမှာ အထိအခိုက်မရှိဟု ဆိုသည်။

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အထွက်တစ်နေရာတွင် စစ်ကောင်စီတပ်ကို ယမန်နေ့ညပိုင်းက ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၃)က သတင်းထုတ်ပြန်သည်။

ဧပြီ ၂၃ရက် သန်းခေါင်ယံအချိန်တွင် ပင်လောင်းဖက်မှ ဒီမောဆိုမြို့ဘက်သို့ ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ပင်လောင်းမှလာသည့် စစ်ကောင်စီတပ်၏ စစ်ကားအစီး၃၀ခန့်သည် မိုးဗြဲရှိ ခမရ-၄၂၂ တပ်သို့ ယမန်နေ့ည ၈နာရီခွဲကျော်တွင် ဝင်ရောက်လာပြီး ထိုမှတစ်ဆင့် မိုးဗြဲ-ဝါရီဆူးပလိုင်-ဒီး မော့ဆို လမ်းကြောဖက်သို့ ခြေလျင်ထွက်လာစဉ် KNDFက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

တိုက်ပွဲမှာ မိနစ်၂၀ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က အနည်းဆုံးသုံးဦးခန့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNDF တပ်ရင်း(၃)မှ ရဲဘော်များမှာ အထိအခိုက်မရှိဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၄၂၂မှ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊လက်နက်အင်အားမမျှ၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

Facebook