Connect with us

Hi, what are you looking for?

News

မိုးဗြဲမြို့တွင် KNDFက ပြောက်ကျားနည်းဖြင့် တိုက်ခိုက် ၍ စစ်ကောင်စီတပ် သုံးဦးခန့်ဒဏ်ရာရ

တိုက်ပွဲမှာ မိနစ်၂၀ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က အနည်းဆုံးသုံးဦးခန့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNDF တပ်ရင်း(၃)မှ ရဲဘော်များမှာ အထိအခိုက်မရှိဟု ဆိုသည်။

ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အထွက်တစ်နေရာတွင် စစ်ကောင်စီတပ်ကို ယမန်နေ့ညပိုင်းက ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း(၃)က သတင်းထုတ်ပြန်သည်။

ဧပြီ ၂၃ရက် သန်းခေါင်ယံအချိန်တွင် ပင်လောင်းဖက်မှ ဒီမောဆိုမြို့ဘက်သို့ ဆင်းလာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ပင်လောင်းမှလာသည့် စစ်ကောင်စီတပ်၏ စစ်ကားအစီး၃၀ခန့်သည် မိုးဗြဲရှိ ခမရ-၄၂၂ တပ်သို့ ယမန်နေ့ည ၈နာရီခွဲကျော်တွင် ဝင်ရောက်လာပြီး ထိုမှတစ်ဆင့် မိုးဗြဲ-ဝါရီဆူးပလိုင်-ဒီး မော့ဆို လမ်းကြောဖက်သို့ ခြေလျင်ထွက်လာစဉ် KNDFက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

တိုက်ပွဲမှာ မိနစ်၂၀ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်က အနည်းဆုံးသုံးဦးခန့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNDF တပ်ရင်း(၃)မှ ရဲဘော်များမှာ အထိအခိုက်မရှိဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၄၂၂မှ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊လက်နက်အင်အားမမျှ၍ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။