Connect with us

Hi, what are you looking for?

News

နိုင်ငံရေးတွင် စစ်တပ်မပါဝင်ရေးမူ ဆက်လက်ကိုင်ဆွဲကာ အကြမ်းဖက်စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးမဆွေး နွေးရန် GSCB တိုက်တွန်း

သက်ဆိုင်ရာ အဖွဲ့အစည်းများသည် တော်လှန်ရေးအတွေ့အကြုံ ပြည့်ဝသူများ ဖြစ်သည့်အလျောက် သမိုင်းသင်ခန်းစာများနှင့် လက်ရှိအခြေအနေများကို ချိန်ထိုး၍ အကောင်းဆုံးရပ်တည် တုန့်ပြန်ကြလိမ့်မည်ဟု GSCBက ယုံကြည်မျှော်လင့်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက်စစ်တပ်က ပစ်ခတ်ဖြိုခွင်း​နေစဥ် ၊ ဓာတ်ပုံ - Ye Naung Seven Colour)

နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍမပါဝင်ရေးကို ဆက်လက်ကိုင်ဆွဲရန် တော်လှန်ရေး လက် နက်ကိုင်အင်အားစုအားလုံးကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု(GSCB)က ယနေ့ တိုက်တွန်းထုတ်ပြန်သည်။

သက်ဆိုင်ရာ အဖွဲ့အစည်းများသည် တော်လှန်ရေးအတွေ့အကြုံ ပြည့်ဝသူများ ဖြစ်သည့်အလျောက် သမိုင်းသင်ခန်းစာများနှင့် လက်ရှိအခြေအနေများကို ချိန်ထိုး၍ အကောင်းဆုံးရပ်တည် တုန့်ပြန်ကြလိမ့်မည်ဟု GSCBက ယုံကြည်မျှော်လင့်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပြီးခဲ့သည့် ဧပြီ ၂၂ ရက်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေး ဆွေးနွေးလိုပါကြောင်း ဝါဒဖြန့်ပြောကြားမှုအပေါ် GSCB က သဘောထားထုတ်ပြန်ခြင်းဖြစ်သည်။

မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်အုပ်စုသည် ပြည်သူလူထုအပေါ် ရက်စက်စွာ အကြမ်းဖက်နေပြီး နေအိမ်များချိတ်ပိတ်ခြင်း၊ စစ်ကြောရေးတွင် လူမဆန်စွာသတ်ဖြတ်ခြင်း၊ အမျိုး သမီးနှင့် ကလေးသူငယ်များကိုပင် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ကျေးရွာနှင့် ဘာသာရေးအဆောက်အဦ များကို မီးရှို့ခြင်း စသည်တို့ကို ကျယ်ပြန့်စွာကျူးလွန်နေကြောင်း GSCB က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယင်းသို့ စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်နေသော အကြမ်းဖက် စစ်အုပ်စုက ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်းသည် အာဏာရှင် အစဉ်အဆက်က ပြုလုပ်ပုံဖော်ခဲ့သည့် အယောင်ပြငြိမ်းချမ်းရေးသာဖြစ်မည်ဟု GSCB က မှတ်ယူသည်ဟု ဆိုသည်။

အဆိုပါ အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးမှုသည် ပြည်သူလူထု၏ ဆန္ဒသဘောထားများနှင့် မုချ ဆန့်ကျင်သွေဖည်မည်ဖြစ်ပြီး ပြည်သူလူထု တစ်ရပ်လုံး မျှော်လင့်သည့် ငြိမ်းချမ်းသာယာသည့် အနာဂတ်နိုင်ငံတော် ဖြစ်ပေါ်လာစေရန်အတွက် ပြည်သူလူထု၏ အကျိုးကို ဦးထိပ်ထားသည့် သတ်မှတ်ချက်များကို ကိုင်ဆွဲ၍ တော်လှန်ရေး သစ္စာအပြည့်ဖြင့် ဆက်လက် တော်လှန်တိုက်ပွဲဝင်သွားရန် GSCB က တိုက်တွန်းသည်။

ပြည်သူလူထု အကျိုးကို ဦးထိပ်ထားသည့် သတ်မှတ်ချက်များမှာ ‘နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍမပါဝင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်စေရေး၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ဖော်ဆောင်ရေး၊ ပါဝင်သင့် ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် နိုင်ငံတကာပါဝင်ပတ်သက်နိုင်ရေး’ စသည်တို့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

​စစ်မြေပြင်မှာ ထိခိုက်သေဆုံးမှုများပြားနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်မှုထမ်းအင်အား လိုအပ်ချက်ကြောင့် အရင်က နယ်မြေအခြေအနေအရ ပိတ်ထားခဲ့ရတဲ့ စစ်သင်တန်းကျောင်းအချို့ကိုပါ ပြန်လည်ဖွင့်လှစ်ပြီးထပ်တိုးလက်ခံလေ့ကျင့်ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့(Myanmar Defense & Security Institute-MDSI)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။