Connect with us

Hi, what are you looking for?

LuduNwayOo

News

နိုင်ငံရေးတွင် စစ်တပ်မပါဝင်ရေးမူ ဆက်လက်ကိုင်ဆွဲကာ အကြမ်းဖက်စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးမဆွေး နွေးရန် GSCB တိုက်တွန်း

သက်ဆိုင်ရာ အဖွဲ့အစည်းများသည် တော်လှန်ရေးအတွေ့အကြုံ ပြည့်ဝသူများ ဖြစ်သည့်အလျောက် သမိုင်းသင်ခန်းစာများနှင့် လက်ရှိအခြေအနေများကို ချိန်ထိုး၍ အကောင်းဆုံးရပ်တည် တုန့်ပြန်ကြလိမ့်မည်ဟု GSCBက ယုံကြည်မျှော်လင့်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက်စစ်တပ်က ပစ်ခတ်ဖြိုခွင်း​နေစဥ် ၊ ဓာတ်ပုံ - Ye Naung Seven Colour)

နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍမပါဝင်ရေးကို ဆက်လက်ကိုင်ဆွဲရန် တော်လှန်ရေး လက် နက်ကိုင်အင်အားစုအားလုံးကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု(GSCB)က ယနေ့ တိုက်တွန်းထုတ်ပြန်သည်။

သက်ဆိုင်ရာ အဖွဲ့အစည်းများသည် တော်လှန်ရေးအတွေ့အကြုံ ပြည့်ဝသူများ ဖြစ်သည့်အလျောက် သမိုင်းသင်ခန်းစာများနှင့် လက်ရှိအခြေအနေများကို ချိန်ထိုး၍ အကောင်းဆုံးရပ်တည် တုန့်ပြန်ကြလိမ့်မည်ဟု GSCBက ယုံကြည်မျှော်လင့်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပြီးခဲ့သည့် ဧပြီ ၂၂ ရက်တွင် အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ငြိမ်းချမ်းရေး ဆွေးနွေးလိုပါကြောင်း ဝါဒဖြန့်ပြောကြားမှုအပေါ် GSCB က သဘောထားထုတ်ပြန်ခြင်းဖြစ်သည်။

မင်းအောင်လှိုင်ခေါင်းဆောင်သော စစ်အုပ်စုသည် ပြည်သူလူထုအပေါ် ရက်စက်စွာ အကြမ်းဖက်နေပြီး နေအိမ်များချိတ်ပိတ်ခြင်း၊ စစ်ကြောရေးတွင် လူမဆန်စွာသတ်ဖြတ်ခြင်း၊ အမျိုး သမီးနှင့် ကလေးသူငယ်များကိုပင် အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ ကျေးရွာနှင့် ဘာသာရေးအဆောက်အဦ များကို မီးရှို့ခြင်း စသည်တို့ကို ကျယ်ပြန့်စွာကျူးလွန်နေကြောင်း GSCB က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယင်းသို့ စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်နေသော အကြမ်းဖက် စစ်အုပ်စုက ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်းသည် အာဏာရှင် အစဉ်အဆက်က ပြုလုပ်ပုံဖော်ခဲ့သည့် အယောင်ပြငြိမ်းချမ်းရေးသာဖြစ်မည်ဟု GSCB က မှတ်ယူသည်ဟု ဆိုသည်။

အဆိုပါ အယောင်ပြ ငြိမ်းချမ်းရေးဆွေးနွေးမှုသည် ပြည်သူလူထု၏ ဆန္ဒသဘောထားများနှင့် မုချ ဆန့်ကျင်သွေဖည်မည်ဖြစ်ပြီး ပြည်သူလူထု တစ်ရပ်လုံး မျှော်လင့်သည့် ငြိမ်းချမ်းသာယာသည့် အနာဂတ်နိုင်ငံတော် ဖြစ်ပေါ်လာစေရန်အတွက် ပြည်သူလူထု၏ အကျိုးကို ဦးထိပ်ထားသည့် သတ်မှတ်ချက်များကို ကိုင်ဆွဲ၍ တော်လှန်ရေး သစ္စာအပြည့်ဖြင့် ဆက်လက် တော်လှန်တိုက်ပွဲဝင်သွားရန် GSCB က တိုက်တွန်းသည်။

ပြည်သူလူထု အကျိုးကို ဦးထိပ်ထားသည့် သတ်မှတ်ချက်များမှာ ‘နိုင်ငံရေးတွင် စစ်တပ်၏ အခန်းကဏ္ဍမပါဝင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ပေါ်စေရေး၊ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု ဖော်ဆောင်ရေး၊ ပါဝင်သင့် ပါဝင်ထိုက်သည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် နိုင်ငံတကာပါဝင်ပတ်သက်နိုင်ရေး’ စသည်တို့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

▪︎"ဒီမှာရှိတဲ့ ခေါင်းဆောင်တွေ တပ်ဗိုလ်တပ်မှူးတွေ ယုံကြည်ချက် တူညီတဲ့ အစုအဖွဲ့တွေ စုဖွဲ့ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းဖို့ အတွက် ကျနော်တို့ အင်အားတစ်ခုအနေနဲ့ဆက်လက်တိုက်ပွဲဝင်မယ့်အကြောင်းပါ”