Connect with us

Hi, what are you looking for?

LuduNwayOo

News

နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၁၃၀ ကို အင်းစိန်ထောင်ကနေ နယ်ထောင်တွေဆီပြောင်းရွှေ့လိုက်

အင်းစိန်ထောင်ကနေ ကျိုက်မရောထောင်ကို အမျိုးသား ၂၀ ဦး ၊အမျိုးသမီး ၁၀ ဦး နဲ့ ဒိုက်ဦးထောင်ကို အမျိုးသား ၁၀၀ ဦး ၊အမျိုးသမီး ၃၀ ဦးပြောင်းရွှေ့လိုက်တာပါ။

ကျောင်းသားသမဂ္ဂခေါင်းဆောင်လူငယ်တွေအပါအဝင် အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသူ ၊အကျဉ်းသား ၁၃၀ ကို နယ်ထောင်တွေဆီ ဒီနေ့ ဧပြီလ ၂၄ ရက် မှာ ပြောင်းရွှေ့လိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေးလိုက်ပါဆောင်ရွက်ပေးကြတဲ့ရှေ့နေတွေဆီကသိရပါတယ်။

နယ်ထောင်တွေဆီကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ၊အကျဉ်းသား ဦးရေ ၁၃၀ မှာ အမျိုးသမီး ၃၀ ဦးပါ ဝင်ပါတယ်။

အင်းစိန်ထောင်ကနေ ကျိုက်မရောထောင်ကို အမျိုးသား ၂၀ ဦး ၊အမျိုးသမီး ၁၀ ဦး နဲ့ ဒိုက်ဦးထောင်ကို အမျိုးသား ၁၀၀ ဦး ၊အမျိုးသမီး ၃၀ ဦးပြောင်းရွှေ့လိုက်တာပါ။

ဒီလိုထောင်ပြောင်းခံရတဲ့အထဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကိုအောင်ဖုန်းမော် ၊ကိုလေပြေစိုးမိုး ၊ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုဆစ်နိုင် တို့ပါဝင်တယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကလည်းထုတ်ပြန်အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တာဟာ စိတ်ဓာတ်ပျက်ပြားစေဖို့အတွက်နှိပ်စက်တာဖြစ်ပြီး ထောင်တွင်းနိုင်ငံရေးအရ စည်းရုံးတာကို ဟန့်တားတာဖြစ်နိုင်တယ်လို့ ဝေဖန်မှုတွေရှိနေကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထောင်ဝတ်စုံနှင့် သံခြေချင်းခတ်ထားသည့် အကျဥ်းသား ၁၁ ဦးခန့်အား သေနတ်ကိုင်ထားသည့် စစ်ကောင်စီတပ်သားများနှင့်ရဲများက အချုပ်ကားပေါ်တင်၍ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သတင်း

အဝေး က သဘောထား ကြေညာခဲ့ရာ ယင်းကြေညာမှု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA)၏ သဘောထား မပါဝင်ကြောင်း PNLO ဥက္ကဋ္ဌ ခွန်သူရိန်က ပြောကြားလိုက်သည်။

သတင်း

မနိုဘယ်လ်အေးသည် ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့‌သောကြောင့် ထောင်ဒဏ်(၄၂)နှစ် ကျခံရဖူးသူ နိုင်ငံရေးအကျဉ်းသူတစ်ဦးဖြစ်သည်။

သတင်း

▪︎"ဒီမှာရှိတဲ့ ခေါင်းဆောင်တွေ တပ်ဗိုလ်တပ်မှူးတွေ ယုံကြည်ချက် တူညီတဲ့ အစုအဖွဲ့တွေ စုဖွဲ့ပြီး စစ်အာဏာရှင်ကို တိုက်ဖျက်ချေမှုန်းဖို့ အတွက် ကျနော်တို့ အင်အားတစ်ခုအနေနဲ့ဆက်လက်တိုက်ပွဲဝင်မယ့်အကြောင်းပါ”