Connect with us

Hi, what are you looking for?

News

နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား ၁၃၀ ကို အင်းစိန်ထောင်ကနေ နယ်ထောင်တွေဆီပြောင်းရွှေ့လိုက်

အင်းစိန်ထောင်ကနေ ကျိုက်မရောထောင်ကို အမျိုးသား ၂၀ ဦး ၊အမျိုးသမီး ၁၀ ဦး နဲ့ ဒိုက်ဦးထောင်ကို အမျိုးသား ၁၀၀ ဦး ၊အမျိုးသမီး ၃၀ ဦးပြောင်းရွှေ့လိုက်တာပါ။

ကျောင်းသားသမဂ္ဂခေါင်းဆောင်လူငယ်တွေအပါအဝင် အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသူ ၊အကျဉ်းသား ၁၃၀ ကို နယ်ထောင်တွေဆီ ဒီနေ့ ဧပြီလ ၂၄ ရက် မှာ ပြောင်းရွှေ့လိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသားများအရေးလိုက်ပါဆောင်ရွက်ပေးကြတဲ့ရှေ့နေတွေဆီကသိရပါတယ်။

နယ်ထောင်တွေဆီကို ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသူ၊အကျဉ်းသား ဦးရေ ၁၃၀ မှာ အမျိုးသမီး ၃၀ ဦးပါ ဝင်ပါတယ်။

အင်းစိန်ထောင်ကနေ ကျိုက်မရောထောင်ကို အမျိုးသား ၂၀ ဦး ၊အမျိုးသမီး ၁၀ ဦး နဲ့ ဒိုက်ဦးထောင်ကို အမျိုးသား ၁၀၀ ဦး ၊အမျိုးသမီး ၃၀ ဦးပြောင်းရွှေ့လိုက်တာပါ။

ဒီလိုထောင်ပြောင်းခံရတဲ့အထဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် ကိုအောင်ဖုန်းမော် ၊ကိုလေပြေစိုးမိုး ၊ ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုဆစ်နိုင် တို့ပါဝင်တယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကလည်းထုတ်ပြန်အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပြောင်းရွှေ့တာဟာ စိတ်ဓာတ်ပျက်ပြားစေဖို့အတွက်နှိပ်စက်တာဖြစ်ပြီး ထောင်တွင်းနိုင်ငံရေးအရ စည်းရုံးတာကို ဟန့်တားတာဖြစ်နိုင်တယ်လို့ ဝေဖန်မှုတွေရှိနေကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကဆိုထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သတင်း

မန္တလေးမြို့၊အိုးဘိုထောင်ကယာယီဆောင်မှာ အလှူရှင်လှူထားတဲ့ရေသန့်စက်ပျက်တယ်ဆိုပြီး နိုင်ငံ​ရေးအကျဥ်းသား​တွေကိုရေပိုက်ကလာတဲ့ ရေကိုပဲသောက်ခိုင်းတာကြောင့် ဝမ်းပျက်၊ဝမ်း လျှောရောဂါတွေဖြစ်​နေကြပြီးဆေးကုသခွင့်လည်းမရဘူးလို့ ထောင်ဝန်ထမ်းနဲ့နီးစပ်သူ​တွေက​ပြောတယ်။

Facebook