Connect with us

Hi, what are you looking for?

News

နွားထိုးကြီး-​တောင်သာလမ်းတွင်ကားများကို NPDF စတင်စစ်​ဆေး

စစ်ကိုင်းတိုင်း၊ မ​ကွေးတိုင်းတွင် PDF များစိုးမိုး​သောနယ်​မြေများတွင် PDF များက ကားများကို စစ်တပ်ထုတ်ကုန်များ၊ သယ်​ဆောင်​ရောင်းချခြင်းမပြုရန်၊ မူးယစ်​ဆေးဝါးများ သယ်​ဆောင်ခြင်းမပြုရန် ​ရှောင်တခင်စစ်​ဆေးပညာ​ပေး​လေ့ရှိကာ ယခုအခါ မန္တ​လေးတိုင်းတွင်ပါ နွားထိုးကြီး PDF ကစတင်ပြုလုပ်လာခြင်းဖြစ်သည်။

(နွားထိုးကြီး PDF တပ်ဖွဲ့ဝင်များက ကားများကိုစစ်​ဆေးနေစဥ် ။ ဓါတ်ပုံ-NPDF)

နွားထိုးကြီးပြည်သူ့ကာကွယ်​ရေးတပ်(NPDF) တပ်ဖွဲ့ဝင်များက ယ​​​နေ့ ( ဧပြီ ၂၄ ရက်)စ၍ နွားထိုးကြီး-တောင်သာ လမ်းမပေါ်တွင်ကားများကို စစ်တပ်ထုတ်ကုန်များ၊မူးယစ်ဆေးဝါးများနှင့်တရားမ၀င်ပစ္စည်းများပါ၊မပါ စတင်စစ်​ဆေးခဲ့​ကြောင်း NPDF ကထုတ်ပြန်သည်။

(နွားထိုးကြီး PDF တပ်ဖွဲ့ဝင်များက ကားများကိုစစ်​ဆေးနေစဥ် ။ ဓါတ်ပုံ-NPDF)

နွားထိုးကြီး-တောင်သာ လမ်းမပေါ်တွင် ကားများအားစစ်တပ်ထုတ်ကုန်များ၊မူးယစ်ဆေးဝါးများနှင့်တရားမ၀င်ပစ္စည်းများ ကိုအထူးစစ်ဆေးအရေးယူရန် ယနေ့ စတင် စစ်ဆေးခဲ့ပြီး ခရီးသွားပြည်သူများ ဆောင်ရန် ရှောင်ရန်အချက်အလက်များကို ရှင်းပြခြင်း၊ ကားမှန်များချ၍ မောင်းနှင်ကြရန် အထူးသတိပေးခြင်းများကို NPDF အဖွဲ့သားများမှ ပြုလုပ်ခဲ့​ကြောင်း​ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း၊ မ​ကွေးတိုင်းတွင် PDF များစိုးမိုး​သောနယ်​မြေများတွင် PDF များက ကားများကို စစ်တပ်ထုတ်ကုန်များ၊ သယ်​ဆောင်​ရောင်းချခြင်းမပြုရန်၊ မူးယစ်​ဆေးဝါးများ သယ်​ဆောင်ခြင်းမပြုရန် ​ရှောင်တခင်စစ်​ဆေးပညာ​ပေး​လေ့ရှိကာ ယခုအခါ မန္တ​လေးတိုင်းတွင်ပါ နွားထိုးကြီး PDF ကစတင်ပြုလုပ်လာခြင်းဖြစ်သည်။

(နွားထိုးကြီး PDF တပ်ဖွဲ့ဝင်များက ကားများကိုစစ်​ဆေးနေစဥ် ။ ဓါတ်ပုံ-NPDF)

“ပြည်သူမှမွေးထုတ်ပေးသော ပြည်သူ့စစ်သားများဖြစ်သောကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်သွားပါမည်ဟု သစ္စာအဓိဌာန် ပြုအပ်ပါသည်” နွားထိုးကြီးPDF၏ ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook