Connect with us

Hi, what are you looking for?

News

မုံရွာ-မန္တလေးလမ်းမပိုင်းရှိ ပဲကတိုး​ရွာအနီး စစ်ကောင်စီတပ်ကားနှစ်စီး တိုက်ခိုက်ခံရ

အခင်းဖြစ်ရာ ပဲကတိုးရွာတွင် စစ်ကိုင်းတက္ကသိုလ်ရှိပြီး စစ်ကိုင်းမြို့နှင့်မနီးမဝေးနေရာတစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ပထမဆုံးအကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

(စစ်ကိုင်းတိုင်းတစ်နေရာတွင် တွေ့ရသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တစ်စီး)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မုံရွာ-မန္တလေးလမ်းမပိုင်းရှိ ပဲကတိုး​ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကားနှစ်စီး တိုက်ခိုက်ခံရပြီး ထိခိုက်မှုများရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဧပြီ ၂၅) မွန်းလွဲ ၁နာရီ​ကျော်က စစ်ကိုင်းမြို့နယ် ပဲကတိုးရွာအနီး၊ မန္တလေး-မုံရွာလမ်းပေါ်တွင် စစ်ကိုင်းမြို့ဘက်ဝင်လာသော စစ်ကောင်စီတပ်ကား နှစ်စီး ဖြတ်သန်းလာစဥ် မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုများရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီကား ၂စီးအား စစ်ကိုင်းခရိုင် တပ်ရင်း(၃) တပ်ခွဲတစ်ခွဲမှ ရှေ့ထွက်မိုင်းသုံး လုံးဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန် သည်။

Public Service Announcement

“ဒီကောင်တွေ ရွှေဘိုလမ်းဘက်ကထွက်လာတာ နောက်အစီးထိတာဗျ။ နောက်ပိုင်းပွင့်ထွက်သွားတယ်။ အမိုးတွေပါ စုတ်ပြတ်သွားတယ်။ အထိအခိုက်အသေ အပျောက်များနိုင်တယ်ဗျ”ဟု တာဝန်ရှိသူတစ်ဦးက စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးသို့ ဖြေကြားထား သည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်သားများသည် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အခင်းဖြစ်ရာ ပဲကတိုးရွာတွင် စစ်ကိုင်းတက္ကသိုလ်ရှိပြီး စစ်ကိုင်းမြို့နှင့်မနီးမဝေးနေရာတစ်ခုတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ပထမဆုံးအကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့မှာ မီးသတ်ကယ်ဆယ်ရေးယာဉ်ရဲ့ စက်သုံးဆီဝယ်ယူခွင့် QR ကို ပွားကာ စက်သုံးဆီ လိမ်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါတယ်။

Facebook