Connect with us

Hi, what are you looking for?

News

ဓနုလူငယ်များကို စစ်ကောင်စီပေါ်တာစွဲနေ

ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် ပြည်သူ့ခုခံစစ် အရှိန်မြင့်လာပြီးနောက် ဒေသတွင်း ဒီချုပ်ပါတီနှင့် ဆက်စပ်သူများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများကို ဖမ်းဆီးဖိနှိပ်ရန် စစ်ကောင်စီကလုပ်ကိုင်နေသည်ဟုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေး ထားသည်။

စစ်​ကောင်စီကပြည်သူ့စစ်ကဲ့သို့ ဓနုတပ်ဆို​သောအဖွဲ့ ဖွဲ့ပြီး ဓနုလူမျိုးချင်းပြန်တိုက်ခိုင်းရန်လုပ်​နေဟုဒေသခံများပြော

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)များကို တိုက်ခိုက်ခိုင်းရန်အတွက် ရွာငံမြို့ ကျေးရွာအချို့မှ လူငယ်များကိုစစ်ကောင်စီက ပေါ်တာဆွဲနေပြီး လူမစုပေးပါက ရွာလုံးကျွတ်မီးရှို့မည်ဟုလည်း ခြိမ်းခြောက်နေသည်ဟုပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေး ထားသည်။

ရွာငံမြို့ နွားဘန်းကြီးကျေးရွာ၊ ပဲရင်းတောင်ရွာအပါအဝင် ကျေးရွာအချို့မှ တစ်ရွာလျှင် လူငယ်၁၄ဦး စု​ဆောင်းပေးရန် ရွာခံများကို စစ်ကောင်စီက ဖိအားပေးနေခြင်းဖြစ်သည်။

“တစ်ရွာလျင် လူငယ်(၁၄)ဦး ပေးရမည်ဟုပြောဆိုပြီး အသာတကြည်မပေးပါက ရွာကိုမီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ကြောင်း သိရသည်” ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေးလူမှုကွန်ရက်စာမျက်နှာ KalawTownship Media က ယနေ့(ဧပြီ ၂၅ရက်)နံနက်တွင် သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

အင်တောနှင့် လယ်ကိုင်းရွာတို့မှ အရပ်သား(၁၄)ဦးကိုလည်း စစ်ကောင်စီက ဧပြီ ၂၄ရက်တွင် ဖမ်းဆီးသွားသည်ဟု သိရသည်။ ပဲရင်းတောင်ရွာမှ ရွာခံ ၆ဦးကို PDF ဟု စွပ်စွဲကာ သတ်ဖြတ်လိုက်၍ ယခုဖမ်းဆီးခံရသူ ၁၄ဦးအတွက် ​ဒေသခံများက စိုးရိမ်နေကြသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်စစ်​ကောင်စီက ဓနုတပ်အမည်ဖြင့် ပြည်သူ့စစ်ကဲ့သို့ စစ်ကောင်စီဒေါက်တိုင်လက်နက်ကိုင်အဖွဲ့ဖွဲ့ရန် လုပ်ကိုင်နေပြီး ယင်းတပ်သည် ဓနုလူမျိုးများကို ကိုယ်စားမပြုကြောင်း ဒေသခံများကပြောကြားသည်။ဒေသစုံတွင် အထိနာပြီး အင်အားနည်းနေသည့် စစ်ကောင်စီက ဓနုတပ်ကိုဖွဲ့စည်းကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို ပြန်လည်တိုက်ခိုက်ခိုင်းမည်ဟု သတင်းများထွက်ပေါ်နေသည်။

Public Service Announcement

” ဓနု ဓနုချင်းသွေး ချောင်းစီးအောင် စစ်ကောင်စီက စလုပ်နေပြီ”ဟု ရွာငံဒေသခံတစ်ဦးကပြောသည်။

Danu National Force အမည်​ဖြင့် လူမှုကွန်ရက်စာမျက်နှာတစ်ခုလည်း ယနေ့နံနက်ပေါ်ထွက်လာပြီး ရွာငံနှင့်ပင်းတယဒေသမှ PDFများနှင့် ထောက်ပံ့နေသူများကို ရှင်းလင်းသွားမည်ဟု ခြိမ်းခြောက်ထားသည်ကို တွေ့ရသည်။

ထို​ဖေစ်ဘွခ်စာမျက်နှာတွင်​ရေးသားထားချက်များကို​လေ့လာကြည့်ပါက ထို​​ဖေစ်ဘွခ်စာမျက်နှာကို စစ်​အုပ်စုကပင်ဖန်တီးထားခြင်းဖြစ်၍ ပြည်သူများ Report ထု​ပေးကြရန်လည်း ​ဒေသခံလူငယ်တစ်ဦးက ​မေတ္တာရပ်ခံသည်။

ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွင် ပြည်သူ့ခုခံစစ် အရှိန်မြင့်လာပြီးနောက် ဒေသတွင်း ဒီချုပ်ပါတီနှင့် ဆက်စပ်သူများ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူများကို ဖမ်းဆီးဖိနှိပ်ရန် စစ်ကောင်စီကလုပ်ကိုင်နေသည်ဟုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေး ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။