Connect with us

Hi, what are you looking for?

News

သင်္ကြန်ကာလအတွင်း မန္တလေးမှာ လူငယ် ၁၃ ဦး ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖမ်းဆီးထား

ဒီလူငယ်တွေဟာ ရှမ်းပြည်နယ် ၊ကျောက်မဲမြို့နယ် အတွင်း TNLA အဖွဲ့ထံမှာ ဖောက်ခွဲရေးသင်တန်းတက်ပြီး မန္တလေးမှာ ဖောက်ခွဲရေး လာလုပ်တာလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်း မန္တလေးမှာ မြို့ပြပျောက်ကြားတပ်ဖွဲ့ဝင်တွေဆိုပြီး လူငယ် ၁၃ ဦးကို စစ်ကောင်စီက စွပ်စွဲဖမ်းဆီးထားပါတယ်။

ဒီလူငယ်တွေကို ဧပြီလ ၈ ရက်ကနေ ဧပြီလ ၂၀ ရက်အတွင်းဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းထားသူ ၁၃ ဦးမှာ အမျိုးသမီးငယ် ၂ဦးပါဝင်တယ်လို့သိရပါတယ်။

စစ်ကောင်စီကတော့ ဒီလူငယ်တွေကို လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းမိတာလို့ သတင်းလွှင့်ထားပါတယ်။

ဖမ်းဆီးဖို့ကျန်နေသေးတဲ့သူတွေရှိနေသေးတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလူငယ်တွေဟာ ရှမ်းပြည်နယ် ၊ကျောက်မဲမြို့နယ် အတွင်း TNLA အဖွဲ့ထံမှာ ဖောက်ခွဲရေးသင်တန်းတက်ပြီး မန္တလေးမှာ ဖောက်ခွဲရေး လာလုပ်တာလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။

ဖမ်းမိထားတဲ့သူတွေဟာ ဇွဲထက်ရွှေဆိုင်ဖောက်ခွဲ ခဲ့သူတွေဖြစ်တဲ့အပြင် ကျုံးမြို့ရိုးဘေး ရတနာပုံ အပန်းဖြေစခန်း ဖွင့်ပွဲမှာ ဖောက်ခွဲတိုက်ခိုက်ဖို့ ကြိုးစားခဲ့သူတွေလို့ စစ်အုပ်စုက စွပ်စွဲသတင်းဖြန့်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။