Connect with us

Hi, what are you looking for?

News

စီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်ကို ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မနဲ့စစ်ကောင်စီဖမ်းဆီး၊ NLD အစိုးရဝန်ကြီး ၃ ဦးကိုလည်း ဦးချစ်ခိုင်နဲ့အမှုတွဲထားပြီး အဂတိပုဒ်မနဲ့ အမှုဖွင့်

စီးပွားရေးလုပ်ငန်းရှင်ဦးချစ်ခိုင် ၊သားဖြစ်သူ ဦးဝင်းမင်းခိုင်နဲ့အတူ အဂတိပုဒ်မနဲ့ စွပ်စွဲအမှုဖွင့်ခံရတဲ့ ဝန်ကြီး တွေဟာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ၊ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် ၊ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းတို့ပဲဖြစ်ပါတယ်။

ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဦးချစ်ခိုင်တို့ သားအဖအပါအဝင် NLD အစိုးရ လက်ထက် ဝန်ကြီး ၃ ဦးကို အဂတိပုဒ်မနဲ့ ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်လာပါတယ်။

စီးပွားရေးလုပ်ငန်းရှင်ဦးချစ်ခိုင် ၊သားဖြစ်သူ ဦးဝင်းမင်းခိုင်နဲ့အတူ အဂတိပုဒ်မနဲ့ စွပ်စွဲအမှုဖွင့်ခံရတဲ့ ဝန်ကြီး တွေဟာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ၊ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် ၊ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်းတို့ပဲဖြစ်ပါတယ်။

ဒီလိုဖမ်းဆီးတာဟာ တီကျစ်ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံအတွက် စာချုပ် ချုပ်ဆိုရာမှာ နိုင်ငံအတွက် နစ်နာတာရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။

ဦးချစ်ခိုင်ကို အဂတိပုဒ်မ ၅၅/၆၃ နဲ့စွဲဆိုထားပြီး ဒီပုဒ်မဟာ အဂတိလိုက်စားဖို့ လှုံဆော်တာ ၊ပူးပေါင်းကြံစည်တာ ၊အားပေးကူညီတာတွေမှာ စွဲဆိုတဲ့ ပုဒ်မဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ လပိုင်းကလည်း စစ်ကောင်စီဟာ စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ ဦးခင်ရွှေနဲ့သားဖြစ်သူဦးဇေသီဟကိုလည်းဖမ်းဆီးအရေးယူထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

နိုင်ငံတကာ

လူသိများခဲ့တဲ့ အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး တစ်ဦးကို တရုတ်က ထောင်ဒဏ်တစ်သက် ချမှတ်လိုက်သလို သူ့ကုမ္ပဏီကိုလည်း ဒဏ်ကြေး အမြောက်အမြား တပ်ရိုက်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။