Connect with us

Hi, what are you looking for?

News

မတူပီသို့ အင်အားနှင့်ရိက္ခာသွားပို့သည့် စစ်ကောင်စီယာဉ်တန်း မင်းတပ်သို့ ပြန်ဆင်းလာ

စစ်ကောင်စီတပ်ယာဉ်တန်းသည် ထိုသို့ တိုက်ခိုက်ခံရခြင်းကြောင့် မိုင် ၁၀၀ ကျော်သာဝေးသည့် မင်းတပ် – မတူပီ ခရီးကို ၁၀ရက်ကျော်ကြာခရီးနှင်ခဲ့ရသည်။

▪️ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဟု မင်းတပ် CDF ပြော

ချင်းပြည်နယ် မတူပီမြို့သို့ စစ်လက်နက်နှင့်လူအင်အား၊ ရိက္ခာ သွားရောက်ပို့ဆောင်သည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် ယနေ့မွန်းလွဲပိုင်းတွင် မင်းတပ်ဘက်သို့ ပြန်လည် ထွက်ခွာလာကြောင်း မင်းတပ်ချင်းကာကွယ် ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

စစ်ကောင်စီတပ်သည် မတူပီ -မင်းတပ်လမ်းပိုင်းရှိ ချန်းပြန်း​ကျေးရွာသစ်မှ ယနေ့(ဧပြီ ၂၇ရက်)မွန်းလွဲပိုင်း၌ ထွက်ခွာလာပြီဟု သတင်းရရှိကြောင်း ၎င်းက ဆိုသည်။

“၃နာရီလောက်မှာ သတင်းပေးပို့လာတာကတော့ ချန်းပြန်းရွာသစ်ကနေ သူတို့ထွက်လာပြီလို့ ပြောတယ်။ ဒါနဲ့ဆို သုံးကြိမ်မြောက်ပေါ့(မတူပီသို့ စစ်ယာဉ်တန်းသွားရောက်မှု) ။ သုံးကြိမ်မြောက်မှာ ဘယ်တော့မှ သက်သက် သာ သာနဲ့သွား သက်သက်သာသာနဲ့ပြန်ဆင်းတဲ့ အခြေအနေမျိုးတော့ မရှိဘူး။ ကျွန်တော်တို့ဘက်က အမြဲတမ်း အပြင်းအထန် တိုက်ခိုက်ပြီးမှ သွားရတာဆိုတော့ ဒီတစ်ခေါက်မှာလည်း ကျွန်တော်တို့ဘက်က စနစ်တကျ ပြင်ဆင်ထားပါတယ်”ဟု ဆလိုင်း ဟာအွမ်က ပြော သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ တင့်ကားအပါအဝင် ယာဉ်စီးရေ ၈၀ ခန့်ရှိ ယာဉ်တန်းသည် မကွေးတိုင်း ကျောက်ထုမှ မတ်လ နောက်ဆုံးပတ်တွင် ထွက်ခွာလာခြင်းဖြစ်သည်။ ထို့နောက် မတ်လ ၂၆ရက်တွင် မင်းတပ်မြို့မှ မတူပီသို့ ထွက်ခွာလာရာ ထိုနေ့မှစ၍ မင်းတပ် CDFက စစ်ကောင်စီယာဉ်တန်းနှင့် ရှေ့ပြေးလုံခြုံရေးစစ်ကြောင်းတို့ကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်။

အလားတူ မတူပီ CDF အနေဖြင့်လည်း မတ်လ ၃၀ရက်မှစ၍ စစ်ယာဉ်တန်းကို သွားကြို့သည်မတူပီမှ စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ ဧပြီ ၇ရက်နေ့အထိ တိုက်ပွဲများဖြစ်ခဲ့ပြီး အရာရှိ အပါအဝင် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများ ရှိခဲ့ပြီး မတူပီ CDF ရဲဘော်အချို့ ထိခိုက်ကျဆုံးခဲ့သည်။ ယခု မတူပီ မှ မင်းတပ်သို့ ထွက်လာသည့် စစ်ယာဉ်တန်းအခြေ အနေနှင့်ပတ်သက်ပြီး မေးမြန်းရန် မတူပီ CDFသို့ ဆက်သွယ်ရာ အဆက်အသွယ် မရသေးပေ။

စစ်ကောင်စီတပ်ယာဉ်တန်းသည် ထိုသို့ တိုက်ခိုက်ခံရခြင်းကြောင့် မိုင် ၁၀၀ ကျော်သာဝေးသည့် မင်းတပ် – မတူပီ ခရီးကို ၁၀ရက်ကျော်ကြာခရီးနှင်ခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး အသက် ၆၀ ခန့်အရွယ် လင်မယား ၂ဦး အသက်သေဆုံးခဲ့ရကြောင်း မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အရှေ့ခြမ်းတနေရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီးက ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဩဂုတ် ၃၀ရက်ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲခဲ့ရာ မူလတန်းကလေးငယ်အပါအဝင် ပြည်သူ ၈ဦးသေဆုံးကာ ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့အရပ်သား ပြည်သူ ထိခိုက်သေဆုံးမှုများခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Facebook