Connect with us

Hi, what are you looking for?

News

မုံရွာမြို့တွင် စစ်ကောင်စီအား ဖောက်ခွဲတိုက်ခိုက်စဥ် ပြည်သူနှစ်ဦးအနည်းငယ်ထိခိုက်သွား၍ မြို့ပြပြောက်ကျား(၇)ဖွဲ့ တောင်းပန်

ထိခိုက်ဒဏ်ရာ ရရှိသူ နှစ်ဦးမှာ ကြီးကြီးမားမား ဒဏ်ရာမဟုတ်ဘဲ ပွန်းရုံ၊ပဲ့ရုံသာဖြစ်သည်ဟုသိရှိရကြောင်း၊ ပြ​ည်သူများအနေဖြင့် ပြင်ပသို့ ထွက်ကြည့်ခြင်းများမပြုလုပ်ကြပါရန် မဟာမိတ်(၇)ဖွဲ့က မေတ္တာရပ်ခံသည်။

မြို့ပေါ်စစ်ဆင်ရေး ၁၀ခုအား ဖျက်သိမ်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီအား ခုခံတိုက်ခိုက်ရန် ဖောက်ခွဲစဥ် ပြည်သူနှစ်ဦးအနည်းငယ်ထိခိုက်သွား၍ မြို့ပြပြောက်ကျား(၇)ဖွဲ့က တောင်းပန်ခဲ့ပြီး မြို့ပေါ်စစ်ဆင်ရေး ၁၀ခုအား ဖျက်သိမ်းခဲ့ကြောင်း ဒဿမုံရွာ PDF ပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ယနေ့(ဧပြီ ၂၇ ရက်)နံနက် ၈ နာရီခန့်က မုံရွာမြို့ သာစည်လမ်းပေါ်ရှိ သူနာပြုသင်တန်းကျောင်းရှေ့၌ ဖောက်ခွဲမှုပြုလုပ်ရာတွင် အပြင်သို့ထွက်ကြည့်ကြသော ပြည်သူ နှစ်ဦးအနည်းငယ် ထိခိုက်ခဲ့ပါသဖြင့် မဟာမိတ်(၇)ဖွဲ့မှ အထူးပင်တောင်းပန်အပ်ပါကြောင်း ဒဿမုံရွာPDF ပြောက်ကျား တပ်ဖွဲ့က ယနေ့ညပိုင်းတွင် ထုတ်ပြန်သည်။

Public Service Announcement

ထိခိုက်ဒဏ်ရာ ရရှိသူ နှစ်ဦးမှာ ကြီးကြီးမားမား ဒဏ်ရာမဟုတ်ဘဲ ပွန်းရုံ၊ပဲ့ရုံသာဖြစ်သည်ဟုသိရှိရကြောင်း၊ ပြ​ည်သူများအနေဖြင့် ပြင်ပသို့ ထွက်ကြည့်ခြင်းများမပြုလုပ်ကြပါရန် မဟာမိတ်(၇)ဖွဲ့က မေတ္တာရပ်ခံသည်။

Public Service Announcement

Public Service Announcement

“မုံရွေးကြေးမုံမှာ စစ်ကောင်စီတပ်တွေ အစစ်အဆေးကြမ်းနေတယ်ဆိုလို့ ကျွန်တော်တို့ မဟာမိတ်တွေအနေနဲ့ မြို့ပေါ် လှုပ်ရန်အတွက် စစ်ဆင်ရေးများ ရေးဆွဲပြီးတဲ့အချိန် မနက်၈ နာရီခန့်မှာ သာစည်လမ်းပေါ် သူနာပြုကျောင်းရှေ့ နာနတ်သီးတစ်လုံးနဲ့ ဧည့်ခံတဲ့အခါ လူထိတယ်လို့ကြားလို့ မြို့ပေါ်ဆယ်နေရာစစ်ဆင်ရေးဖျက်ခဲ့ပါတယ်။ ကြီးမားတဲ့မစ်ရှင်တွေကို ဖျက်လိုက်ရတဲ့အတွက် ဝမ်းနည်းပါတယ်”ဟု ဗိုလ်ဒဿက ပြောသည်။

ယနေ့နံနက်ပိုင်းက မုံရွာမြို့ ဘိုးဘွားရိပ်သာအဝိုင်းပတ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ မြို့တွင်းစစ်ဆေးရေးဂိတ်တစ်ခုအား မဟာမိတ်ညီနောင်များ ပူးပေါင်းပြီး လက်နက်ငယ်များအသုံးပြုကာ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား သုံးဦး၊ ရဲတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး သုံးဦး အပြင်းအထန်ဒဏ်ရာရရှိသွားသည်ဟု Monywa People Defence Force-MPDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။