Connect with us

Hi, what are you looking for?

News

မြိုင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးစခန်းအား ဒေသတွင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးစခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး Myaing Villages Revolution Front(MVRF)က သတင်းထုတ်ပြန်သည်။

(မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦးမှ ရဲဘော်များအား တွေ့ရစဥ်)

ယမန်နေ့ (ဧပြီ ၂၆ ရက်) ည ၁၀နာရီ ၅၀မိနစ်ခန့်က မြိုင်မြို့နယ်၊ကန်နီကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများစခန်းချထားသောနေရာသို့ ပြည်သူ့ကာကွယ်ရေးတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်များ အားလုံး
ဘေးကင်းခဲ့ပြီး အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ သေဆုံးမှုမသိရသေးကြောင်း Myaing Villages Revolution Front (MVRF)က အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုတွင် MVRF ၊ PRR ၊ PPDG အဖွဲ့များက ပါဝင်တိုက်ခိုက်ခဲ့သည်ဟု ၎င်းအဖွဲ့များက ပြောသည်။

Public Service Announcement

အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ MVRFသို့ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြယးခြင်းမရှိသေးပါ။

ဧပြီ ၁၉ ရက်က မြိုင်မြို့နယ် တဲကြီးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲ-၁တို့ ထိတွေ့မှုဖြစ်ပွားရာ အကြမ်းဖက်စစ်တပ်ဘက်မှ တစ်ဦးသေဆုံးပြီး တပ်ခွဲ-၁ မှ ရဲဘော် ငါးဦး၊ ဒေသတွင်း PDF ရဲဘော် နှစ်ဦးကျဆုံးခဲ့သည်။ ထို့အပြင် စစ်ကောင်စီတပ်က ရွာအတွင်းသို့ ပစ်ခတ်ရာ အပြစ်မဲ့ပြည်သူ သုံးဦးသေဆုံးပြီး ခြောက်ဦးဒဏ်ရာ ရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။