Connect with us

Hi, what are you looking for?

News

ပခုက္ကူ-မြိုင်လမ်းမတွင် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် ငါးဦးထက်မနည်းသေဟု ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့ပြော

စစ်ကောင်စီ ဖက်ဆစ်တပ်သားများအား ပခုက္ကူမြို့နယ် နယ်နိမိတ်အတွင်းတွင် မည်သည့်အကြောင်းနှင့်မှ လှုပ်ရှားသွားလာခြင်းမပြုလုပ်ရန်နှင့် ပြည်သူသို့မျက်နှာမူ၍ တပ်စွန့်ခွါ(CDM ပြုလုပ်)ကြရန် ပြင်းထန်စွာ သတိပေးလိုက်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က အသိပေးကြေညာသည်။

မကွေးတိုင်း၊ ပခုက္ကူ-မြိုင်လမ်းမတွင် ဖြတ်သန်းသွားသော စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦးအပါအဝင် အကြမ်းဖက်စစ်သား ငါးဦးထက်မနည်းသေဆုံးကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(PUGF)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဧပြီ ၂၇ ရက်) ည ၇နာရီ ၁၀မိနစ်ခန့်က ပခုက္ကူ- မြိုင်ကားလမ်းမကြီးပေါ်ဖြတ်သန်းသွားလာသော စစ်ကောင်စီယာဥ်တန်းအား ၁၀လုံးတွဲ ပဒေသာမိုင်းဖြင့် ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ကားတစ်စီးလေပေါ်မြောက်တက်၍ ငါးဦးထက်မနည်း သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(PUGF)က ယနေ့ နံနက်တွင် ထုတ်ပြန်သည်။

ဖြစ်စဥ်အပြီးတွင် တပ်ဖွဲ့၀င်ရဲဘော်များအထိအခိုက် အကျအဆုံးမရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိသွားသည့် ဖက်ဆစ်တပ်သားများကိုမူ ယနေ့နံနက်၅နာရီအထိ လူနာတင်ယာဥ်များဖြင့် အခေါက်ခေါက်အခါခါ ခိုးဝှက်သယ်ဆောင်နေရကြောင်း၊ ထိခိုက်မှုတွင်ဖက်ဆစ်အရာရှိတစ်ဦးပါ ပါ၀င်ထိခိုက်မိကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(PUGF)က ပြောသည်။

Public Service Announcement

သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(PUGF)ထံ ဆက်သွယ်မေးမြန်းထားပြီး လက်တလောပြန်လည်ဖြေကြားနိုင်ခြင်းမရှိသေးပါ။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးအားပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(PUGF)နှင့် ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်) ရဲဘော်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ ဖက်ဆစ်တပ်သားများအား ပခုက္ကူမြို့နယ် နယ်နိမိတ်အတွင်းတွင် မည်သည့်အကြောင်းနှင့်မှ လှုပ်ရှားသွားလာခြင်းမပြုလုပ်ရန်နှင့် ပြည်သူသို့မျက်နှာမူ၍ တပ်စွန့်ခွါ(CDM ပြုလုပ်)ကြရန် ပြင်းထန်စွာ သတိပေးလိုက်ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က အသိပေးကြေညာသည်။

ဧပြီ ၂၆ ရက်ကလည်း ပခုက္ကူစက်မှုဇုန်တွင် ကင်းလှည့်လာသော စစ်ကောင်စီတပ်ဖွဲ့ကို Southern YSO PDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ခုနစ်ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်ထဲက အိုင်ကြီးရွာနဲ့ ပေါက်တော ရွာက်ို အာဏာသိမ်း စစ်တပ်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ စက်တပ်လေထီးနဲ့ဗုံးကြဲတာကြောင့်အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းစစ်ရေးသတင်းအရင်းအမြစ်အချို့ဆီက သိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။