Connect with us

Hi, what are you looking for?

News

မုံရွာမြို့တွင်​ပေါက်ကွဲသံနှင့်ပစ်ခတ်သံများကြားရ

“စီးပွားရေးဘဏ်ရှေ့မှစခ ၊ရခများဗုံးသံကြားပြီး​နောက်ကြောက်လန့်ကာ သေနတ်များပစ်ဖောက်ခဲ့ကြောင်းသိရ” ဟု မုံရွာ မြို့မှ ထူးခြားဖြစ်စဥ်များကို ​​ဖော်ပြ​ပေး​နေ​သော MRI-Monywa Road Information ​ဖေစ်ဘွခ်စာမျက်နှာကလည်း​ဖော်ပြထားသည်။

(မုံရွာမြို့လယ်တစ်နေရာ။(ပုံအ​ဟောင်းဖြစ်ပါသည်)ဓါတ်ပုံ-MSL)

မုံရွာမြို့တွင် ယ​နေ့(ဧပြီ ၂၈)ည ၁၁ နာရီ​ကျော်တွင် ပြင်းထန်​သော​ပေါက်ကွဲသံထွက်​ပေါ်ပြီး​နောက် ပစ်ခတ်သံများကြားရ​ကြောင်း​ဒေသခံများက​ပြောသည်။

ကျယ်​လောင်​သော​ပေါက်ကွဲသံ​ကို မြို့ ၏​နေရာအများစုမှ ကြားလိုက်ရပြီး ပြည်သူများထိတ်လန့်သွားကာ ထို​နောက်ပစ်ခတ်သံများကို ကြားရ​ကြောင်း မြို့ခံအချို့က​ပြောသည်။သို့​သော် ​ပေါက်ကွဲမှု၊ပစ်ခတ်မှုများနှင့်ပတ်သပ်၍
အ​သေးစိပ်ကိုမူမသိ့ရ​သေးပါ။

“စီးပွားရေးဘဏ်ရှေ့မှစခ ၊ရခများဗုံးသံကြားပြီး​နောက်ကြောက်လန့်ကာ သေနတ်များပစ်ဖောက်ခဲ့ကြောင်းသိရ” ဟု မုံရွာ မြို့မှ ထူးခြားဖြစ်စဥ်များကို ​​ဖော်ပြ​ပေး​နေ​သော MRI-Monywa Road Information ​ဖေစ်ဘွခ်စာမျက်နှာကလည်း​ဖော်ပြထားသည်။

မုံရွာမြို့သည် ​နွေဦး​တော်လှန်​ရေးတွင် အကြမ်းဖက်စစ်​ကောင်စီကို ဆန္ဒပြရာတွင်​ရော ၊ လူငယ်များက မြို့ပြ​​ပြောက် ကျား၊ PDFများဖွဲ့၍ ခုခံတိုက်ခိုက်ရာတွင်ပါ​ရှေ့တန်းမှ ပါဝင်​နေ​သောမြို့ဖြစ်သည်။ ဧပြီ ၂၇ ရက်​နေ့တွင် မုံရွာမြို့လယ်ရှိ စစ်​ကောင်စီ စစ်​ဆေး​ရေးဂိတ်တစ်ခုကို မြို့ပြ​​ပြောက်ကျားအဖွဲ့များက လျှပ်တစ်ပြတ်တိုက်ခိုက်ရာစစ်​ကောင်စီတပ်သား၊ရဲ နှင့် ယာဥ်ထိန်းရဲများ ​သေဆုံး၊ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook