Connect with us

Hi, what are you looking for?

News

လှိုင်သာယာရှိ လျှပ်စစ်မီတာရုံး ဗုံးကွဲ

“ မီတာဖြတ်ပြီး တိုက်အောက်မှာ ကို ထိုင်စောင့်နေတယ်။ ပိုက်ဆံမပေးမခြင်းမပြန်ဘူး၊ ရုံးမှာ မီတာ လိုက်ဆောင်တာ‌တောင် သူတို့ကို လက်ဘက်ရည်ဖိုး ပေးဖြစ်အောင်ပေးပါ ဆိုပြီး တောင်းတယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။

▪️ပြည်သူ့မျက်နှာမကြည့်လျှင် မီတာရုံးဝန်ထမ်းများပါ ထပ်မံတိုက်ခိုက်ခံရမည်ဟု တော်လှန်ရေးအဖွဲ့ သတိပေး

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အရှေ့ပိုင်းစက်မှုဇုန်မှတ်တိုင်အနီးရှိ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးကို ယနေ့နက် ၉ နာရီခွဲက မြေအောက်တော်လှန်ရေး အဖွဲ့(From Zero to Hero)နှင့် Mco Ldf Army တို့ ပူးပေါင်း၍ အဆိုပါရုံးအား ပေါက်ကွဲအားပြင်း အဝေးထိန်းဗုံး နှစ်လုံးဖြင့် ဖောက်ခွဲသတိပေး ခဲ့သည်ဟု ယင်းအဖွဲ့က People’s Spring သို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း ရပ်ကွက်များတွင် အတင်းအကြပ်မီတာဆောင်ခိုင်းခြင်း၊ မီတာဗုံးဖြုတ်ခြင်းများ ပြုလုပ် နေသော မီတာရုံးဝန်ထမ်း ကို နောက်ဆုံးသတိပေးကြောင်းလည်း အဆိုပါပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။ လူထိခိုက်မှုမရှိသော်လည်း ရုံးအဆောက်အအုံပျက်စီးအောင် သတိပေးတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

“ ဒီကောင်တွေက မီတာပုံး ကြိုးဖြုတ်ပြီး ဖန်ငွေရှာတယ်၊ မရရင် လက်နက်ကိုင်စစ်သားတွေရှေ့က ခေါ် လာပြီး သူတို့ကမီးဖြတ်တယ်။ အခုရက်ပိုင်း လှိုင်သာယာမှာအများဆုံးဖြစ်နေတယ်၊ ဒီလောက်ကောင်တွေကြောင့်ပဲ “ ဟု From Zero to Hero အဖွဲ့ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ မီတာရုံးဝန်ထမ်းတွေ ပြည်သူဘက်က ရပ်တည်ပါ။ စားဝတ်နေရေးကြောင့် ဒီအလုပ်ဆက်လုပ်နေတယ်ဆိုတဲ့ ဆင်ခြေ က အဓိပ္ပာယ်မရှိဘူးဗျ။ ပြည်သူတွေလည်း ခက်ခဲတဲ့ကြားက အလုပ်လုပ်နေရတာပဲ၊ ဒါကိုသိလျက်နဲ့ ဆက်မိုက်နေမယ်ဆိုရင် ကျွန်တော်တို့ကလည်း အပြတ်ရှင်းတဲ့အထိဆောင်ရွက်ပါမယ်” ဟု ၎င်းတို့က ပြောသည်။

Public Service Announcement

Zero to Hero အဖွဲ့သည် ရန်ကုန်မြို့ရှိ မြေအောက်တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ယခု ဧပြီလအတွင်း စစ်ကောင်စီထောက်တိုင်များနှင့် တပ်သားများကို တိုက်ခိုက်နေသည်မှာ (၈) ကြိမ်ရှိပြီဖြစ်သည်။ မြို့နေပြည်သူများကို ဆက်လက်အကြပ်ကိုင်နေပါက မီတာရုံးများ တိုက်ခိုက်မှုများအပြင် တခြားသော မမျော်လင့်ထားသည့် တိုက်ခိုက်မှုများလည်း ဖြစ်လာနိုင်သည်ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယခုလတွင် ရန်ကုန်တိုင်း လျှပ်စစ်ဓါတ်အားပြတ်တောက်မှုမှာ ပိုမိုဆိုးဝါးလာသလို မီတာရုံးဝန်ထမ်းများ၏ အတင်းအကြပ်မီတာဖြတ်ပြီး ငွေတောင်းခံခြင်းကို မြို့နေလူထုက ကြုံတွေ့နေရသည်။ လျှပ်စစ်မီတာရုံးဝန်ထမ်းများသည် စစ်ကောင်စီတပ်သားများ ကိုပါခေါ်ဆောင်လာပြီး ရင့်သီးစွာပြောဆို ဆက်ဆံသည်ဟု ဧပြီ ၂၇ ရက်က မီတာဖြတ်ခြင်းကိုယ်တိုင်ခဲ့ရသော လမ်းမတော်မြို့နယ်က ပြည်သူတစ်ဉီးက People’s Springသို့ ပြောသည်။

“ မီတာဖြတ်ပြီး တိုက်အောက်မှာ ကို ထိုင်စောင့်နေတယ်။ ပိုက်ဆံမပေးမခြင်းမပြန်ဘူး၊ ရုံးမှာ မီတာ လိုက်ဆောင်တာ‌တောင် သူတို့ကို လက်ဘက်ရည်ဖိုး ပေးဖြစ်အောင်ပေးပါ ဆိုပြီး တောင်းတယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ချည်မျှင်နှင့်အထည်စက်ရုံ နှင့် လှိုင်သာယာမြို့မရဲစခန်းတို့ကို ဖောက်ခွဲတိုက်ခိုက်မှုလုပ်ခဲ့ကြောင်း Yangon Army(YA) မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

သတင်း

ရန်ကုန်မြို့ရှိ ခရိုင်အားလုံးတွင် အုပ်စု အေ ၊ ဘီ ခွဲ၍ နံနက် ၅ နာရီမှ နောက်တစ်ရက်နံနက် ၁နာရီအတွင်း လေးနာရီခြားတစ်ကြိမ် အလှည့်ကျ မီးပေးမည်ဖြစ်သည်။

သတင်း

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Monywa The Boys(အထူးကွန်မန်ဒိုတပ်ဖွဲ့)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

သတင်း

ပေါက်ကွဲမှုဖြစ်ပွားသည့် အပြင်ပဒံရပ်ကွက်ရှိ စစ်ကောင်စီနှင့်ဆက်နွယ်သည်ဆိုသော ဂတ်စ်အိုးအရောင်းဆိုင်နှင့် နေအိမ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။