Connect with us

Hi, what are you looking for?

သတင်း

မီးတွေပျက်ပေမယ့် မီတာခတွေခုန်တက်သွားတဲ့အပေါ် ပြည်သူတွေ ဝေဖန်

ရန်ကုန်မှာ ဧပြီလအတွင်း မီးပျက်ချိန်များခဲ့ပေမယ့် မီတာခတွေ တော့ အရင်လတွေထက် သိသိသာသာတိုးသွားတာကြောင့် စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနကို ပြည်သူတွေက ဝေဖန်နေကြပါတယ်။

ဓာတ်ပုံ - AFP

မေ-၁၉၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မှာ ဧပြီလအတွင်း မီးပျက်ချိန်များခဲ့ပေမယ့် မီတာခတွေ တော့ အရင်လတွေထက် သိသိသာသာတိုးသွားတာကြောင့် စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနကို ပြည်သူတွေက ဝေဖန်နေကြပါတယ်။

“ပျက်လိုက်တဲ့မီးဆိုတာလည်း တစ်လလုံးဂက်စ်နဲ့ချက် လိုက်ဝယ်စားလိုက်။ ကျနော်က အိမ်မှာမီးပူမတိုက် အဝတ်မလျှော် တီဗီလည်းမကြည့်တဲ့လူ၊ မီတာခ တခါမှခြောက်သောင်းမကျော်ဖူးတဲ့အိမ်က အခုလ ၁၀၄၀၀၀တဲ့၊နင်ဘာတွေလုပ်နေလို့ ဒီလောက်ကျတာလဲတဲ့ အမေပါ ဆူနေပြီ” လို့ ရန်ကုန်မြို့ခံတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဒီအိမ်၊ ဒီမီးပမာဏပဲ သုံးနေရာကနေ အရင်လတွေထက် မီတာခက နှစ်ဆလောက်ကို တက်သွားတာကြောင့် မီတာမဖတ်ဘဲ ထင်သလိုကောက်နေကြသလားထောင်ထင်ရတယ်လို့ ဗဟန်းမြို့နယ်မှာ နေထိုင်တဲ့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရန်ကုန်မှာ ဧပြီလအတွင်း လေးနာရီခြားတစ်ကြိမ် မီးပေးခဲ့တာဖြစ်ပြီး သင်္ကြန်ရက်မှာတော့ တချို့မြို့နယ်တွေမှာ မီးပေးချိန်များတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အရင် စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကာလက အချိန်ပြည့်နီးပါးမီး‌ရချိန်မှာတောင် မီတာခ ဧပြီလလောက် မကျဘူးလို့ တောင်ဥက္ကလာပမှာနေထိုင်သူတစ်ဦးကပြောပါတယ်။

“မီတာခ အရမ်းကျနေတာ ဘယ်လို တိုက်စစ်ရမလဲ ခင်ဗျ၊ ပြီးတော့ မှားနေရင် ဘယ်ကိုတိုင်ရမလဲ၊ မီတာရုံးသွားပြောပြီးပါပြီ၊ သုံးသလောက်ကျတာ ပြောပါတယ်။ အဲဒီတော့ မီတာရုံးသွားတိုင်လို့ မရဘူးခင်ဗျ၊ မီတာရုံးရဲ့ အထက်ကို တိုင်ရမှာ ဘယ်ကိုတိုင်ရမလဲ သိချင်လို့ပါ ခင်ဗျာ။ မီတာခက တော်တော့် တော်တော် ကိုများနေတာ မီးလာ လားဆိုတော့လလည်း မလာဘဲ မီတာခ ကျနေတာ” လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးကလည်း ရင်ဖွင့်ထားပါတယ်။

မီတာဖတ်တဲ့ ဝန်ထမ်းတွေက မီတာတွေ တကယ်လာမဖတ်ဘဲ ခန့်မှန်းခြေ တွက်ချက်တာတွေလည်းရှိတာကြောင့် ကိုယ့်အိမ်က မီတာက ယူနစ်နဲ့ မီတာခ စလစ်မှာပါတဲ့ ယူနစ်ကို တိုက်စစ်ဖို့ အချို့ကလည်း အကြံပြုထားပါတယ်။

“သူတို့ကလာလည်းမဖတ်ဘူး။ စက်သစ်တွေက ဖတ်စရာမလိုဘူးတဲ့။ သုံးတာနဲ့ မတန်တဆလည်းကောက်နေတယ်။ complaint တင်တော့လဲ လာမကြည့်ပါ” လို့ ရန်ကုန်မြို့ခံတစ်ဦးက သူ့အတွေ့အကြုံကိုပြောပါတယ်။

မီတာခတိုးတဲ့ကိစ္စက ရန်ကုန်တစ်မြို့တည်းတင်မဟုတ်ဘဲ အခြားတိုင်း နဲ့ ပြည်နယ်တွေမှာလည်း မီတာခတွေ အဆမတန်ပေးနေရကြောင်း ရင်ဖွင့်ထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရှိ ခရိုင်အားလုံးတွင် အုပ်စု အေ ၊ ဘီ ခွဲ၍ နံနက် ၅ နာရီမှ နောက်တစ်ရက်နံနက် ၁နာရီအတွင်း လေးနာရီခြားတစ်ကြိမ် အလှည့်ကျ မီးပေးမည်ဖြစ်သည်။

သတင်း

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ Monywa The Boys(အထူးကွန်မန်ဒိုတပ်ဖွဲ့)ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

သတင်း

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဖော်ပြချက်အရ ဓာတ်အားဖြတ်တောက်ခြင်းနှင့် ဖြုတ်ယူသိမ်းဆည်းခဲ့သည့် မီတာများသည် လေးလဆက် တိုက်ငွေမသွင်းခဲ့ခြင်းဟု ဆိုသည်။

ဆောင်းပါး

ပုံမှန်ဆိုရင် ည ၉ နာရီကနေ မနက် ၅ နာရီက မီးလုံးဝမဖြတ်တဲ့ အချိန်ဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ ညည့်နက်ရင် တိုက်ခန်းတွေကိုမီးဖြတ်ပစ်လေ့ရှိတယ်လို့ လှိုင်မြို့နယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။