Connect with us

Hi, what are you looking for?

News

မြိုင်မြို့နယ်ရှိစစ်ကောင်စီတပ်စခန်းကို မဟာမိတ်အဖွဲ့များပူးပေါင်းတိုက်ခိုက်စစ်ကောင်စီတပ်သား ၅၀ဦးထက်မနည်း​သေ ၊ PDF ၂ ဦးကျဆုံး

တိုက်ပွဲတွင် စစ်​ကောင်စီတပ်သား ၅၀ ခန့်​သေဆုံးပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် ၂ ဦး ပြည်သူများနှင့် နိုင်ငံ​တော်အတွက်အသက်​ပေးလှူခဲ့ရသည်။ နှစ်ဖက် ထိ့ခိုက်​သေဆုံးမှုနှင့်ပတ်သပ်၍ People’s Spring က သီးခြားအတည်မပြုနိုင်ပါ ။

(ကျားသစ်နက်​ပြောက်ကျားတပ်ဖွဲ့ဝင်များ)

မ​ကွေးတိုင်း မြိုင်မြို့နယ် သရက်ကန်ကျေးရွာတွင် တပ်စွဲထားသည့် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့(၁၀)ဖွဲ့ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ် ၅၀ဦးထက်မနည်းကို သုတ်သင်နိုင်ခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီအင်အား ၁၀၀ကျော် တပ်စွဲထားသည့် စခန်းအား ယနေ့(ဧပြီ ၂၉ရက်)နံနက် ၅နာရီကစတင်ကာ ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့​ခြင်းသည်။

“တိုက်ပွဲက မနက် ၅ နာရီက စပြီးတိုက်တယ်။ အစပိုင်းမှာတော့လက်နက်ကြီးတွေနဲ့တရပ်စပ်ပစ်တယ်။ နာရီဝက်လောက်ကြာအောင်လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ဖရိုဖရဲဖြစ်တဲ့အချိန်မှာအသင့်စောင့်နေတဲ့တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာပါခင်ဗျ”ဟု ကျားသစ်နစ် ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

တိုက်ပွဲတွင် စစ်​ကောင်စီတပ်သား ၅၀ ခန့်​သေဆုံးပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် ၂ ဦး ပြည်သူများနှင့် နိုင်ငံ​တော်အတွက်အသက်​ပေးလှူခဲ့ရသည်။ နှစ်ဖက် ထိ့ခိုက်​သေဆုံးမှုနှင့်ပတ်သပ်၍ People’s Spring က သီးခြားအတည်မပြုနိုင်ပါ ။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊တွေ့ရာသင်္ချိုင်းဓါးမဆိုင်းတပ်ဖွဲ့၊Fucture Generation ပြောက်ကျားတပ်ဖွဲ့၊Myaing warriors၊Myain Garuda၊ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊West Plain‌ေပြာက်ကျားတပ်ဖွဲ့၊Myaing People defence force ၊PRA တပ် ခွဲ (၁၂)နှင့်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

စခန်းကိုသိမ်းပိုက်ရန် တိုက်ခိုက်နေစဉ် ပေါက်၊ကမ္မ၊မြိုင်ဖက်မှ စစ်ကောင်စီတပ်ဖွဲ့များရောက်လာပြီး သုံးနေရာမှ ညှပ်၍လက်နက်ကြီးများနှင့်ပစ်ခတ်မှုကြောင့် ပြည်သူ့ ရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

မြိုင်သည် စစ်အာဏာရှင်အား လက်နက်ကိုင်တော်လှန် ရေးတွင် အလွန်အားကောင်းသည့်ဒေသ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ