Connect with us

Hi, what are you looking for?

News

ဒီပဲယင်းနယ်တွင် စစ်ကောင်စီက အရပ်သားများအား ကားဖြင့်လိုက်လံပစ်ခတ်ရာ အသက်၅၀အရွယ်အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

အကြမ်းဖက်စစ်တပ်သည် ယင်းတွေကျေးရွာ၊ လက်တီးကျေးရွာများကိုလည်း ဝင်ရောက်ဖျက်ဆီးမီးရှိူ့သွားကြောင်း၊ ရွာသူရွာသားများလ​ည်း ထွက်ပြေးတိမ်း​ရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက်စစ်တပ် ဝင်ရောက်ဖျက်ဆီးနေ၍ ထွက်ပြေးနေရသည့်​ ဒေသခံများ၊ ဓတ်ပုံ-ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က အရပ်သားပြည်သူများအား ကားဖြင့် လိုက်လံပစ်ခတ်ရာ အသက်၅၀အရွယ် အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန်သေဆုံးပြီး လေးဦးဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (ဧပြီ ၂၉ ရက်)က ဒီပဲယင်းနယ်၊ ရွာသစ်နှင့်မဲသည်ကျေးရွာ အနီးတဝိုက်ရှိ ပြည်သူများအား အကြမ်းဖက်စစ်အုပ်စုက ကားဖြင့်လိုက်လံ ပစ်ခတ်သတ်ဖြတ်ခဲ့၍ အသက် ၅၀အရွယ် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ဦးခေါင်း ကျည်ထိမှန်သေဆုံးခဲ့ရပြီး အခြားလေးဦး ကျည်ထိမှန် ဒဏ်ရာရထားကြောင်း ​ဒေသခံများက ပြောသည်။

(အကြမ်းဖက်စစ်တပ် ဝင်ရောက်ဖျက်ဆီးနေ၍ ထွက်ပြေးနေရသည့်​ ဒေသခံများ၊ ဓတ်ပုံ-ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

အကြမ်းဖက်စစ်တပ်သည် ဒီပဲယင်းမြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို ယမန်နေ့ နံနက်ပိုင်းက ဒီပဲယင်းမြို့ပေါ်မှ အင်အား ၃ဝကျော်ဖြင့် ကားနှင့်ထွက်လာပြီး လမ်းဘေးရှိပြည်သူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ပစ်ခတ်မှုကြောင့် မဲသည်ကျေးရွာသူ အသက်၅၀အရွယ် ​ဒေါ်နှင်းမှာ ဦးခေါင်းနှင့် နံဘေး ကျည်နှစ်ချက် ထိမှန်သေဆုံးခဲ့ရကာ (အသက် ၄၀)အရွယ် မမာဝေဆိုသူမှာ ကျောကုန်းထိမှန်ပြီး စိုးရိမ်ကြောင်း၊ အသက် ၂၀အရွယ် မမိထော်သည် လည်ပင်းအနီး ထိမှန်ခဲ့ပြီး မစိုးရိမ်ရကြောင်း၊ အသက်(၃၀)ဝန်းကျင် အမျိုးသားတစ်ဦး ပေါင်ထိမှန်ပြီး ကျည်ခွဲထုတ်ခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက်စစ်တပ် ဝင်ရောက်ဖျက်ဆီးနေ၍ ထွက်ပြေးနေရသည့်​ ဒေသခံများ၊ ဓတ်ပုံ-ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့)

အကြမ်းဖက်စစ်တပ်သည် ယင်းတွေကျေးရွာ၊ လက်တီးကျေးရွာများကိုလည်း ဝင်ရောက်ဖျက်ဆီးမီးရှိူ့သွားကြောင်း၊ ရွာသူရွာသားများလ​ည်း ထွက်ပြေးတိမ်း​ရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

သင်္ကြန်အပြီးကာလတွင် အကြမ်းဖက်စစ်တပ်က ရေဦးနှင့် ဒီပဲယင်းနယ်စပ်ကျေးရွာများအား ငါးရက်ဆက်တိုက် စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာများအား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook